NEWS

OC အထည်ချုပ် စက်ရုံ တောင်းဆိုမှု မပြေလည်ဘဲ မရေမရာ အခြေအနေ ဖြစ်လာနေ

CoverLogo
165 Views
 
JOC အထည်ချုပ် ပြောင်းလည်ပတ်နေတဲ့မှာ လုပ်ခလစာ မူလလစာတိုင်း ပြန်လည် သတ်မှတ်ပေးဖို့ တောင်းဆို နေတာ ၇ ရက်ကြာခဲ့ပေမဲ့ ပြေလည်မှုမရတဲ့ အပြင် စက်ရုံပြန်လည်လည်ပတ်ဖို့က မရေမရာ အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညှိနှိုင်းတယ်ဆိုပေမဲ့ အခု စက်ရုံဘက်က လုပ်ငန်း သိမ်း၊ စက်ရုံပိတ်မဲ့ အခြေအနေမျိုး ဖြစ်နေတယ်။” လို့ စက်ရုံ အမျိုးသမီးလုပ်သား တဦးက Myanmar Labour News ကို ပြောပါတယ်။
 
စက်ရုံဘက်က ကုန်ကြမ်းပစ္စည်း အားလုံး သိမ်းဆည်းထားပြီး အထည်ချုပ်စက်နဲ့ လုပ်ငန်းသုံး အသုံးဆောင်တွေပဲ စက်ရုံထဲမှာ ရှိတော့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အဝတ်စတွေ၊ ကုန်ကြမ်း ပစ္စည်းတွေ အားလုံး စက်ရုံက သယ်ထုတ်ထားတယ်။ စက်ရုံထဲမှာ စက်လိုင်းပဲ ကျန်တော့တယ်လို့ ပြောနိုင်ပါတယ်။ ဘာမှ မရှိတော့တာပါ။ ညှိနှိုင်းမှုတွေက ဘာမှ ဆက်မရှိတဲ့ အနေအထားမို့ မရေမရာ ဖြစ်နေတယ်။” လို့ ပြောပါတယ်။
 
မြို့နယ်အလုပ်သမားဦးစီးဌာနကတော့ စက်ရုံပိုင်ရှင်တွေနဲ့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပေမဲ့ အလုပ်သမားတွေကို တိတိကျကျ ပြောဆိုတာ မရှိလို့ အလုပ်သမားတွေမှာ စိုးရိမ်မှုတွေ ရှိနေတယ်လို့ ပြောပါတယ်။
 
“စက်ရုံပိုင်ရှင် ပြောင်းတယ်လဲ ပြောတယ်၊ အလုပ်သမားရုံးက ခေါ်တွေ့တယ်လည်း ပြောတယ်။ HR ကလည်း ဘာမပြောဘူး။ ဘာမှ ရေရေရာရာ ရှိမနေဘူး။ လစာရမလား၊ မရဘူးလားလည်း မသိဘူး။ လစာ ဖြတ်တယ်လည်း ပြောတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
ပြီးခဲ့တဲ့ လပိုင်းမှာ COSTEC အထည်ချုပ်စက်ရုံအမည်ကနေ JOC လို့ ပြောင်းလဲခဲ့ပြီး LC Wakiki ၊ X Shelter ၊ ZERO STAGE နဲ့ Colopuca စတဲ့ အမှတ် တံဆိပ်တွေ ချုပ်လုပ်ခဲ့တာလို အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံအမည်ပြောင်းလဲပြီးနောက် အလုပ်သမားတွေရရှိတဲ့ မူလ လုပ်ခလစာကလည်း တစ်သိန်းခွဲကျော် လျော့နည်း ခဲ့တယ်လို အလုပ်သမားတွေက တောင်းဆိုမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
 
တောင်းဆိုမှုအတွင်း အလုပ်သမားရုံးက တာဝန်ရှိသူတွေ ဦးဆောင်းပြီး ညှိနှိုင်းမှုတွေကို ၇ ရက်အတွင်း ၄ ကြိမ် ပြုလုပ်ခဲ့ပေမဲ့ အခုလို မရေမရာ အခြေအနေတွေ ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။
 
JOC အထည်ချုပ်စက်ရုံက ရန်ကုန်မြို၊ ရွှေပြည်သာစက်မှူဇုန်(၃)၊ မြတောင်ဝန်ကြီးဦးမှိုလမ်း ဖွင့်လှစ်ထားပြီးအလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
စစ်မှုထမ်းရန် အဓမ္မခိုင်းစေခြင်း ( သို့) ပေါ်တာဆွဲခံရပါက တိုင်ကြားနိုင်
May 31, 2026
Cover
Dongxin Garment Co, Ltd လုပ်ခတိုးပေးရန်တောင်းဆိုမှု အလုပ်ရှင်အလုပ်သမား ဒုတိယအကြိမ် စာချုပ်ချုပ်ဆို
May 30, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အထည်စံချိန်မပြည့်ပါက အလုပ်ထုတ်မည်ဟု နို့တစ်ကပ်
May 30, 2026
Cover
FM (1) အထည်ချုပ်စက်ရုံ သတ်မှတ်လစာ လျှော့ပေး
May 30, 2026
Cover
YST Co.,Ltd အထည်ချုပ် မန်နေဂျာမှ အထည်မရလို့ ကိုယ်ထိလက်ရောက် ကျူးလွန် ခိုင်းစေ
May 29, 2026
Cover
New Zhong Hui အထည်ချုပ် အချိန်ပို မဆင်းလို့ အလုပ်ထုတ်နေ
May 29, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို စစ်ဆေးမှုကို တိမ်းရှောင်ခိုင်း
May 29, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026