NEWS

NUG အလုပ်သမားဝန်ကြီးဌာနမှ အလုပ်သမားရေးရာ နစ်နာမှု အချက်အလက် ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရား အကောင်အထည်ဖော်မည်

CoverLogo
1.4K Views

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အလုပ်သမားဝန်ကြီးဌာနက  စစ်အာဏာသိမ်းယူထားတဲ့ ကြားကာလအတွင်း အလုပ်သမားရေးရာ နစ်နာမှု အချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြားမှုယန္တရား (Complaint Mechanism) ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမယ်လို့  ဒီကနေ့ မတ်လ ၁၉ ရက်မှာ ထုတ်ပြန် ပါတယ် ။


စစ်အာဏာရှင်လက်အောက်မှာ ထိခိုက်နစ်နာဆုံးရှုံးနေတဲ့  အလုပ်ရှင်၊ အလုပ်သမားတွေရဲ ဥပဒေပါ ရခွင့်နဲ့ အကျိုးခံစားခွင့်တွေ ရရှိစေဖို့ ၊ အလုပ်သမားရေး ပြဿနာတွေ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနဲ့ ကျန်းမာရေးဆိုင်ရာကိစ္စရပ်တွေကို ညှိနှိုင်းဆောင်ရွက် ပေးနိုင်ရေးအတွက် ခိုင်မာအား ကောင်းတဲ့ အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေးတည်ဆောက်ဖို့ ၊ လုပ်ငန်းတွေ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်စေဖို့ ရည်ရွယ်ပြီး အလုပ်သမားရေးရာ နစ်နာမှုအချက်အလက်ကောက်ယူရေးနဲ့ တိုင်ကြား မှုယန္တရားကို အကောင်အထည်ဖော်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ 


ဒါ့အပြင့် အလုပ်သမားရေးရာနစ်နာမှု အချက်အလက်ကောက်ယူဖို့နဲ့  တိုင်ကြားမှုယန္တရားမှာ ပူးပေါင်းပါဝင်ဖို့ အလုပ်ရှင်တွေ၊ အလုပ်ရှင် အဖွဲ့အစည်းတွေ၊ အလုပ်သမားအဖွဲ့အစည်းတွေနဲ့  အလုပ်သမားရေးရာဆောင်ရွက်နေသူတွေကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ပူးပေါင်းပါဝင်ဆောင်ရွက်တဲ့ အဖွဲ့အစည်းတွေနဲ့  လူပုဂ္ဂိုလ်တို့ကို ဝန်ကြီးဌာနက မှတ်တမ်းတင်ထားရှိမှာဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့  နိုင်ငံတော်တာဝန်ရယူ ချိန်မှာ  ထိုက်တန်တဲ့ ဂုဏ်ပြုဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။


စစ်အာဏာသိမ်းပြီးနောက် အလုပ်သမားသမားသမဂ္ဂတွေ၊ အလုပ်သမားရေးဖြေရှင်းနေတဲ့ အဖွဲ့အစည်းတွေနဲ့ အလုပ်သမားရေးဆောင်ရွက်နေသူတွေကို စစ်ကောင်စီက ဖိနှိပ်တာ၊ ဖမ်းဆီးတာ နှစ်ရှည်ထောင်ချတာတွေ ပြုလုပ်နေတာကြောင့် အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့ ဥပဒေအရနစ်နာမှုတွေ အများအပြား ကြုံတွေ့နေရ ပေမယ့်  ဖြေရှင်းဆောင်ရွက်နိုင်တာ မရှိဘူးလို့လည်း ဝန်ဆောင်မှုလုပ်ငန်းနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေက အလုပ်သမားတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အစားအသောက်ပို့ဆောင်နေတဲ့ ဝန်ဆောင်မှုကုမ္ပဏီ နှစ်ခုက ပိုဆောင်ရေး လုပ်သားတွေရဲ့ နစ်နာမှုတွေကို အကြမ်းဖက် အာဏာသိမ်းအစိုးရက ဖြေရှင်းနိုင်တာမရှိပါဘူး။ 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026