NEWS

North Shore အထည်ချုပ်စက်ရုံ အောစူပါမှ အလုပ်သမားကို ကိုယ်ထိလက်ရောက်ကျူးလွန်

CoverLogo
900 Views

အထည်ချုပ်လုပ်ငန်းခွင်ထဲမှာအိုတီ (အချိန်ပို) တစ်ရက်ပျက်ရင် နောက်ရက်တွေ အိုတီပိတ်တာမျိုးတွေ ပြုလုပ်တာ အပြင် All Super မှ အလုပ်သမားများအပေါ် ကိုယ်ထိလက်ရောက်ကျုးလွန်နေ တယ်လို့ အလုပ်သမားတွေကပြောပါတယ်။

 

ဧရာဝတီတိုင်း ၊ပုသိမ်မြို့ရှိ NorthShore Myanmar အထည်ချုပ်စက်ရုံမှာ All Super ဒေါ်မေဦးခင်မှ အလုပ်သမားတွေအပေါ် ကိုယ်ထိလက်ရောက်ကျုးလွန်နေတာဖြစ်ပြီး ကျူးလွန်ခံရတဲ့ အလုပ်သမားတွေက အလုပ်မှနှုတ်ထွက် သွားရတယ်လို့ သိရပါတယ်။ 

 

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ ၆၀၀ ဝန်းကျင်နဲ့ VAUDE, Schoffel တံဆိပ်ကိုချုပ်လုပ်နေတာဖြစ်ပါတယ်။ 

 

" All Super ဒေါ်မေဦးခင်က အလုပ်သမားတွေအပေါ်ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုတယ် အထည်တွေနဲ့ပြစ်ပေါက်တာတွေ တွေ့ကရာနဲ့ကောက်ပေါက်တာတွေလုပ်တယ် လက်ပါတယ် အလုပ်သမားတွေဆိုလဲ ခွဲခြားဆက်ဆံတယ်  စက်ချုပ်တဲ့သူတွေကိုလည်း တစ်နာရီတစ်ခါ သန့်ရှင်းရေးထလုပ်ခိုင်းတယ် အထည်မရရင်ဆဲခံရတယ် အမျိုးသမီးဝန်ထမ်းတွေကို စက်ခုံတွေ ရွှေ့ခိုင်းတယ် OT ကိုမဆင်းချင်လဲ အတင်းဆင်းခိုင်းတယ်နေမကောင်းတာတောင်ပြန်မလွှတ်ဘူး  ot တစ်ရက်မဆင်းတာနဲ့ နောက်ရက်တွေ otပေးမဆင်းဘူး

" လို့အဆိုပါစက်ရုံမှ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

 

ယနေ့ အောက်တိုဘာ ၁၉ ရက်မှာလည်း လုပ်ငန်းခွင်ထဲက အလုပ်သမား အမျိုးသမီးငယ် ကို ကိုယ်ထိလက်ရောက်ရိုက်နှက် ကျူးလွန်ခဲ့ပြီး အလုပ်သမား က အရှက်ရကာ အလုပ်မှထွက်သွားတဲ့ ဖြစ်စဥ် ဖြစ်ပွားခဲ့တယ် လို့ ဆိုပါတယ်။

 

 "ပွိုင့်အသစ်ချုပ်ဖို့ သင်နေရင်း ပြန်ခံပြောရမလားဆိုပြီးရိုက်လိုက်တာ ခေါင်းကနေရိုက်လိုက်တာ ရင်ဘက်အထိ ထိသွားတယ် လက်နဲ့ရိုက်တာ အလုပ်သမားတွေဆန္ဒကတော့ ဒီလို လက်ပါပြီးဆဲဆိုနေတာတွေကို အရေးယူခံရစေချင်တယ်" လို့ပြောဆိုပါတယ်။

 

အဆိုပါလုပ်ငန်းခွင်ထဲမှာ ခွင့်ရက်လိုခံစားခွင့်တွေရရှိပေမဲ့ အောစူပါအမျိုးသမီးရဲ့ ဆဲဆိုတာ​ ပစ္စည်းတွေနဲ့ပစ်ပေါက်တာ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေ ခံစားနေရတာကြောင့် အရှက်ရခဲ့တဲ့အလုပ်သမားတွေအလုပ်မှနုတ်ထွက်သွားကြရတယ်လို့ဆိုပါတယ်။

 

ယခုလိုလုပ်ငန်းခွင်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့အပေါ် ဖြေရှင်းပေးတာမရှိဘဲ ဆက်လက်ကျူးလွန်နေတာကို အရေးယူပေးဖို့တောင်းဆိုလိုတယ်လို့အလုပ်သမားတွေကပြောဆိုပါတယ်။

#MyanmarLabourNews 

 


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026