NEWS

Nisho အထည်ချုပ်စက်ရုံ မီးလောင်

CoverLogo
941 Views
 
Nisho (Myanmar Yangon Richang Apparel Co,Ltd. (NISHO)) အထည်ချုပ်စက်ရုံဟာ ဧပြီလ ၂၉ ရက် ည ၉နာရီလောက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ်၊ ရွှေလင်ဗန်း စက်မှုဇုန်၊ ဖန်ချက်ဝန်ဦးမြူးလမ်း၊ အမှတ် ၂၃၀ မှာ ဖြစ်ပြီး အလုပ်သမား ၈၀၀ ကျော် လုပ်ကိုင်နေတဲ့ စက်ရုံလို့ သိရပါတယ်။
“Nisho အထည်ချုပ်စက်ရုံပါ။ အထည်ချုပ်စက်ရုံဆိုတော့ ပိတ်လိပ်တွေ တော်တော် မီးလောင်သွားပါတယ်။ အလုပ်သမားတွေ ဘာမှမဖြစ်ဘူး။ မီးပလပ်ပေါက်ကနေ Loose ဖြစ်တယ်လို့ သိရတယ်” ဆိုပြီး မီးငြှိမ်းသတ်သမား တစ်ဦးက ပြောပါတယ်။
စက်ရုံတစ်ထပ်အဆောက်အအုံ လုံခြုံရေးမီး ပလပ်ပေါက်ထိုး အသုံးပြုရာကနေ ပိတ်စ အလိတ်ပေါ် မီးကူး လောင်ကျွမ်းခဲ့လို့ တစ်နာရီကြာ မီးငြိမ်းသတ်ခဲ့ရတယ်လို သိရပါတယ်။
မီးငြိမ်းနိုင်ဖို့ မီးသတ်ယာဉ် ၁၁ စီး၊ ရေသယ်ယာဉ် ၁၅ စီး၊ အထောက်အကူပြုယာဉ်တစ်စီး၊ ကွပ်ကဲမှုယာဉ်တစ်စီး၊ မီးသတ်တပ်ဖွဲဝင် ၁၃၀ ကျော် အသုံးပြုခဲ့ရတယ်လို့ မြန်မာနိုင်ငံမီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မီးလောင်မှု ဖြစ်ပွားခဲ့တဲ့ စက်ရုံဟာ အထည်ချုပ်စက်ရုံဖြစ်ပြီး အလုပ်သမား ၈၀၀ ကျော်က ဥရောပနဲ့ ဂျပန်အထည်တွေ ချုပ်လုပ်တင်ပို့နေတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ပိတ်လိပ် ၁၀၀ ခန့်မီးလောင်ဆုံးရှုးခဲ့ပြီး စက်ရုံမန်နေဂျာကို အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026