NEWS

Newplus စက်ရုံ ည ၉နာရီအထိ အချိန်ပိုခေါ် ၊ စနေနေ့ပါ ဆင်းခိုင်း မဆင်းပါက ဆဲဆို

CoverLogo
296 Views
 
ညီမတို့က New Plus အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ။ နေတိုင်း ည ၉ နာရီအထိ အချိန်ပိုဆင်းနေရပါတယ်။ တနင်္ဂနွေပါ မနားရပါဘူး။ ဒီလို ဆင်းနေတာက တလ မက ကြာနေပါပြီ။
 
စူပါတွေ၊ အောစူပါတွေရတဲ့ ဆုကြေး လစာက ညီမတို့နဲ့ များစွာ ကွာခြားပါတယ်။ အချိန်ပိုဆင်းပြီး အထည်တွေ တအားချုပ်ခိုင်းပြီး အထည်အရည်အတွက်များများရတာက ခေါင်းဆောင်တွေအတွက် ဆုကြေးငွေတွေပါပဲ။
 
ညီမတို့ကတော့ ညဘက် မလုံမခြုံနဲ့ ပြန်ရပါတယ်။ ရှင်းရှင်းပြောရရင် ည ၇ နာရီ အိုတီဆင်းလို့ ပြန်ရင်တောင် အိမ်အပြန်လမ်းက မလုံခြုံပါဘူး။ တခုခုဖြစ်လည်း စက်ရုံဘက်က တာဝန်ယူတာမျိုး မရှိခဲ့ပါဘူး။
 
အိုတီ မဆင်းပြန်ရင်လည်း တချို့ခေါင်းဆောင်တွေက မိုးမွန်နေအောင် ဆဲပါတယ်။ စက်ရုံကတာ့ တာဝန်ကျေ မိုက်နဲ့ မဆဲဖို့ ပြောပါတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ အချိန်ပိုကို ဖိအားပေးဆင်းခိုင်းပြီးတော့ မဆင်းတဲ့ အလုပ်သမားကို ဆဲဆိုနေတာက လက်တွေ့ပါ။
 
ပြီးခဲ့တဲ့ ၁၆ ရက် စနေနေ့က ဆို ည ၆ ခွဲအထိ လုပ်ခဲ့ရတယ်။ အလုပ်သမားရုံးကပြောတဲ့ တစ်ပတ် အိုတီ နာရီ ၂၀ ပဲ လုပ်ခွင့်ပေးတယ်ဆိုတာ New Plus အထည်ချုပ် စက်ရုံမှူးက ပြုံးပြရုံပါ။
 
မကြာခဏ လာစစ်တယ်။ စစ်လည်း စစ်တာပဲ ရှိတာ။ ဘာမှကို မပြောင်းလဲတာပါ။ အချိန်ပို ခွင့်ပြူထားထက် ပိုခေါ်ရင် အရေးယူမယ်ဆိုပြီး စာထွက်လည်း ထွက်တဲ့နေ့လည်း မရပ်ဘူး။ နောက်လည်း အချိန်ပိုက ဆက်ခေါ်နေဦးမဲ့ အရိပ်အရောင်တွေ တွေ့နေရတယ်။
 
တိုင်စာထည့်ဖို့ ပုံးဆိုတာ အလှထားတာ။ စာထည့်လို့ရတယ်။ ဖောက်ဖတ်တယ်။ ဘာမှ စစ်ဆေး အရေးယူတာ မရှိဘူး။
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှု ဖြစ်လို့ တိုင်လည်း စက်ရုံမှူးက မသိသလို နေတယ်။ စက်ရုံကို စနေနေ့မှာ လာစစ်တယ်။ ဘယ်လိုမှ အရေးယူတာမရှိဘူး။
 
ဒိတိုင်းပဲ အလုပ်သမားရုံးကလူတွေကို ပိုက်ဆံပေးရင် ပြန်သွားတာပဲ ဆိုပြီး နေလိုက်ကြတယ်။ အလုပ်သမားတွေက အများကြီး နစ်နာရပါတယ်။
 
အခုလည်း အချိန်ပိုတွေ ခေါ်နေတယ်။ ဥပဒေနဲ့ မငြှိဘူးလား မသိဘူး။ လုပ်နေရတာက ကြာနေပြီ။ ကျန််းမာရေးလည်း ထိခိုက်ရတယ်။ လုံခြုံမှုလည်း မရှိနဲ့။ ဘယ်လိုမှ အဆင်မပြေဘူး။
 
အချိန်ပိုမှာ ဆင်းချင်တဲ့ ဌာနရှိသလို၊ ဆင်းဖို့အဆင်မပြေတဲ့ ဌာနတွေ ရှိပါတယ်။ လုပ်နိုင်သလောက် လုပ်ပေးပါတယ်။
အလုပ်သမားတွေကလည်း လူသားမို့ လူလိုတော့ ဆက်ဆံပေးဖို့ပါပဲ။
 
အလုပ်သမားတွေရဲ့ ဆန္ဒကိုလေးစားပေးဖို့ ပါ။ ညီမလို့အတွက် လိုအပ်တာက စက်ရုံကို ကြပ်မတ်ပေးဖို့ပဲ။ အလုပ်သမားတွေအပေါ် ဥပဒေ အတိုင်းဆက်ဆံပေးဖို့ပါ။

Myanmar Labour News ကိုလည်း ကျေးဇူးတင်ပါတယ် ရှင့်.
New Plus အထည်ချုပ် လုပ်သားများ

Related posts

Cover
Dishang Fashion (Myanmar) အထည်ချုပ် အချိန်ပိုကြိုပို့ အဆင်မပြေ၊ ကုန်ကျစာရိတ် များပြား
Feb 25, 2026
Cover
Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026
Cover
Titan Tree Myanmar (Tha Shu) အထည်ချုပ် လစာတိုးမြှင့်ပေးရေး ဆောင်းဆိုမှု ခြိမ်းခြောက်ခံနေရ
Feb 25, 2026
Cover
Golden Propitious (Myanmar) အထည်ချုပ် အလုပ်သမားများ ဆန္ဒမပါဘဲ အချိန်ပို လုပ်ကိုင်နေရ
Feb 24, 2026
Cover
Hanfex Garment အချိန်ပို အတင်းအကျပ် လုပ်ကိုင်ခိုင်း၊ မဆင်းလို့ အလုပ်ထုတ်
Feb 23, 2026
Cover
Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026