NEWS

New Talent အထည်ချုပ်စက်ရုံက အချိန်ပိုခိုင်းစေမှုအား အလုပ်မပြီးစီးလို့ဆိုပြီး လက်မှတ်ထိုးခိုင်း

CoverLogo
898 Views

တနင်္ဂနွေ အချိန်ပိုလုပ်ကိုင်မဲ့ အလုပ်သမားတွေရဲ့ မှတ်တမ်းမှာ အလုပ် မပြီးစီးလို့ဆိုပြီး လက်မှတ်ထိုးလုပ်ကိုင် ခိုင်းနေတယ်လို့  ပြောပါတယ်။ ဒါ့အပြင် အဲဒီ အချိန်ပိုမှတ်တမ်းကိုလည်း အတင်းအကျပ် ခြိမ်းခြောက် လက်မှတ် ထိုးခိုင်းနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။

“အချိန်ပိုဆင်းတယ်ဆိုပြီး လက်မှတ်ထိုးရတဲ့ စာမှာ “မိမိတို့ အလုပ်မပြီးစီးပါသဖြင့်လို့” ဆိုပြီးရေးထားတယ်။ ဒါကို လက်မှတ်ထိုးခိုင်းတာ။ အလုပ်သမားတွေက အလုပ်မပြီးတာ မဟုတ်ဘူး။ စက်ရုံဘက်က အချိန်ပိုဆင်းခိုင်းလို့ ဆင်းနေရတာ ။ ပြီးတော့ အချိန်ပိုကို အတင်းအကျပ်ကို လက်မှတ်ထိုး ဆင်းခိုင်းတာ၊ မဆင်းရင်လည်း ပြောဆိုတယ် ။ အချိန်ပိုဆင်းဖို့ ခြိမ်းခြောက်နေသလိုပဲ  ” လို့ အလုပ်သမားတွေက ပြောပါတယ်။

တနင်္ဂနွေနေ့တွေမှာ တပတ်ခြား ဆင်းရတာကြောင့် တလမှာ ၂ ရက်တည်း နားခွင့်ရနေတယ်လို့လည်း သိရ ပါတယ်။ အလုပ်သမားတွေမှာ အချိန်ပိုလုပ်ကိုင်ရပြီး နားချိန်နည်းပါးလို့ လူမှုရေး ၊ ကျန်းမာရေး ပြဿနာတွေ ရင်ဆိုင်နေရတဲ့ အပြင် မိုးရာသီဖြစ်လို့ သွားလာရတာ အဆင်မပြေ ဖြစ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

“နေ့တိုင်းလည်း အချိန်ပိုဆင်းခိုင်း၊ တနင်္ဂနွေနေ့လည်း ဆင်းရတော့ ပင်ပန်းနေပြီး၊ နားချင်တာပေါ့။ စက်ရုံဘက် ကတော့ မဆင်းရင် ၅၀၀၀ ဖြတ်မယ်လိုလည်း အသံထွက်တယ်။ သာရေး နာရေး ရှိရင်တောင် နာရေး သွား ၊ သာရေး ဆိုရင် ထားခဲ့ပြီး အလုပ်ဆင်းခိုင်းနေတာပါ” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 

စက်ရုံရဲ့ အလုပ်ချိန်က အချိန်ပို ၃ နာရီအပါ မနက် ၈ နာရီကနေ ညနေ ၇ နာရီခွဲအထိ လုပ်ကိုင်ရပြီး ဒီလို လုပ်ကိုင် နေတာ ၂ လ ကြာမြင့်နေပြီလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ 

“ နေ့လယ် ၁၂ ခွဲကနေ ည ၇ ခွဲအထိလုံးဝ အနားမပေးဘူး။ အစာလည်း ပေးမစားဘူး။ အစားစားတဲ့သူကို ဝမ်တိန် ထိုးခိုင်းတယ်။ အလုပ်သမားတွေကို ဝမ်တိန်တိုးခိုင်းတဲ့သူတွေကတော့ ရုံးခန်းထဲမှာ အဲကွန်းနဲ့ အစာ စားနေကြ တယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။

မိုးရွာတဲ့နေတွေမှာ စက်ရုံအတွင်း ထမင်းစားဆောင်အတွင်း မိုးယိုတာတွေက စားသောက်လို့မရအောင် ဖြစ်နေပြီး သောက်ရေ မသန့်ရှင်းမှုတွေက ဆက်ရှိနေတယ်လို့လည်း အလုပ်သမားတွေက ပြောကြားပါတယ်။  

New Talent Garment (Myanmar) Co,Ltd. အထည်ချုပ် စက်ရုံရဲ့ အဆောက်အဦ နှစ်ခုမှာ အလုပ်သမား စုစုပေါင်း ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေပြီး စက်ရုံကို တရုတ်နိုင်ငံသားတွေ ပိုင်ဆိုင်တယ်လို့ အလုပ်သမား  တွေက ပြောပါတယ်။ စက်ရုံကတော့ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အုန်းနှဲကုန်း ကျေးရွာမှာရှိပြီး၊ လက်ရှိမှာတော့ ခြေအိတ်နဲ့ ဂျာကင် အမျိုးအစားနှစ်မျိုးကို ချုပ်လုပ်နေတယ်လို့ အလုပ်သမားတွေ ဆီက သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026