NEWS

New Plus အထည်ချုပ် စက်ရုံ အောနိုက် ရက်ရှည် လုပ်ကိုင်ခိုင်းနေ

CoverLogo
668 Views
New Plus အထည်ချုပ် စက်ရုံက အလုပ်သမားတွေပါ။
 
လအစ(စက်တင်ဘာ) ကတည်းက အောနိုက်တွေ ဆက်တိုက်ဆင်းနေရပါတယ်။
 
ညဆင်းပြီးရင်လည်း အလုပ်ထဲမှာ ဖြစ်သလိုအိပ်ပြီး၊ မိုးလင်းမှ အိမ်ပြန်ပြီး ရေ မိုးချိုးရပါတယ်၊ ဒါပြီး မနားရပါဘူး အလုပ်ချိန် အမီ တခါပြန်သွားရတယ်။ လအစကတည်းက နေ့တိုင်းအောနိုက်ပါ ရှိတယ် ။ လစာထုတ်တဲ့ရက် ၅ ရက်နေ့ကတော့မဆင်းရပါဘူး ရှင့်။
 
ညအောနိုက် ဆင်းတာ ထမင်းကျွေးပါတယ်။ အိုတီခရတယ် ဆိုပေမယ့် မနက်အစောကြီး ပြန်ပြီး အိမ်ပြန် ချက်ပြုတ် ရတယ်။ စက်ရုံတွေထဲသာ ညဘက် ဧည့်စာရင်းဝင်စစ်လို့ မိရင် အလုပ်သမားပဲ အရင်ခံရမှာပါ။ အဲဒါလည်း စိုးရိမ်ရပါတယ်။
 
ပြီးခဲ့တဲ့ (စက်တင်ဘာ) ၇ ရက်နေ့ကဆို စနေနေ့ကဆို အောလင်း လုပ်ရပါတယ်။ အောနိုက်က ၁၂နာရီထိ အောလင်းက မနက် ၄ နာရီအထိ လုပ်ရတာပါ။
 
Packing ဌာန၊ Button Hole ဌာန၊ Iron ဌာန၊ Pocket ဌာန၊ Line QCနဲ့ F QCတွေ ဆင်းနေရတာပါ။
 
ညဘက် အိုတီတွေခေါ်တာ မဆင်းချင်ပေမယ့်လည်း ကိုယ့်ဌာနကလူတွေ ဆင်းရတော့ ကိုယ်လည်း ဆင်း ရပါတယ်။ မဆင်းရင် ဆဲဆိုမှာ ငြိုငြင်မှာလည်း ကြောက်ရပါတယ်။ ကိုယ်သဘောနဲ့ ကိုယ်ဆုံးဖြတ်လို့မရပါဘူး ။ ဒီလိုဖြစ်အောင် စက်ရုံဘက်က သေချာ ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားတာပါ။
 
Packing super ကလည်း အရမ်းဆဲပါတယ်။ သူ့ sectionထဲက အမျိုးသမီး အလုပ်သမားတွေဆို ခဏခဏ အလုပ်က ထွက်ကြပါတယ်။ လုပ်ငန်းခွင်ထဲ အရမ်းဆဲတော့ ဌာနထဲမှာ အမျိုးသမီးရော အမျိုးသားရော ရှိနေတာ။ ဖေနဲ့ မောင်နဲ့ ကိုင်ဆဲတာတွေဆိုတော့ မိန်းကလေးတွေဆိုတော့ အရှက် ရတာပါ။ ဒါပေမဲ့လည်း အဲ့ ဌာနက အချိန်ပို Ot အမြဲဆင်းရတယ်။
 
ဩဂုတ် ၂၃ ရက်ကလည်း စက်ရုံကို စစ်ဆေးရေးလာပါတယ်။ မြို့နယ် အလုပ်သမားအရာရှိတွေလို့ ပြောပါ တယ်။ အမျိုးသား ငါးယောက် လာစစ်ပါတယ်။ စက်ရုံကို လာစစ်တဲ့ ညကတောင် ည ၉ နာရီအထိ လုပ်ပေးရ ပါတယ်။ စက်ရုံက အလုပ်သမားအရာရှိတွေကို တော်တော် ပိုင်ပုံ ရပါတယ် ရှင့်။ အခုည (စက်တင်ဘာ ၁၀) လည်း အောနိုက် လုပ်ရပါတယ်ရှင့်။
 
ဥပဒေအတိုင်း ဆောင်ရွက် ပေးဖို့ ကူညီပေးပါ ရှင့်။
 
#အချက်အလက်- (New Plus Co.,Ltd စက်ရုံကတော့ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး ရွှေပြည်သာမြို့နယ်၊ သာဓုကန် စက်မှုဇုန်က ကျောက်စိမ်းလမ်းမှာ ရှိပါတယ်။ အလုပ်သမား ၁၀၀၀ ဝန်းကျင်နဲ့ Feel Sky ၊ WOOLLYTEC၊ စတဲ့ အထည်တွေ၊ တခြား ကုတ်အင်္ကျီတွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 
Myanmar Labour New က နောက်ဆုံး ရရှိထားတဲ့ အချက်အလက်တွေအရ LKM ၊ Global Work ၊ HEAR လို တံဆိပ် အထည်တွေလည်း ချုပ်လုပ်နေပါတယ်။
 
ဇွန်လ ၂၀ ရက်မှာ ရွှေပြည်သာမြို့နယ် အလုပ်သမားရုံး တာဝန်ရှိသူ အမျိုးသား ငါးဦးက စက်ရုံကို ဝင်ရောက် စစ်ဆေးပေခဲ့ပါတယ်။ ဒါပေမဲ့ အရေးယူဆောင်ရွက်တာ မရှိခဲ့လို့၊ စက်ရုံဘက် အချိန်ပို အလွန်အကျွံ ခေါ်ယူ တာနဲ့ လုပ်ငန်းခွင်အတွင်း အနိုင်ကျင့် ဆဲဆိုမှုတွေ ဆက်ရှိနေတာလို့ အလုပ်သမားတွေက ပြောကြားထား ပါတယ်။
 
ဩဂုတ် ၂၃ ရက်ကလည်း စက်ရုံကို မြို့နယ် အလုပ်သမားအရာရှိ အမျိုးသား ငါးယောက် လာစစ်ပေမဲ့ ည ၉ နာရီအထိ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။)
 

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
He MeT (2)Co.,Ltd စက်ရုံ အချိန်ပို လုပ်ခမပေးဘဲ ကိုယ့်စရိတ်နှင့်ကိုယ် လုပ်ကိုင်ပေးနေရ
May 29, 2026
Cover
Eslite Garment အထည်ချုပ်စက်ရုံ အလုပ်နောက်ကျလို့ ရက်မှန်ကြေးဖြတ်
May 25, 2026
Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026