New Plus အထည်ချုပ် စက်ရုံကပါရှင့် ။ အကူအညီ တောင်းတာပါ ရှင့် ။
စက်ရုံက သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း နွားခြံမှတ်တိုင်အနီး မှာပါ။ တရုတ်နိုင်ငံသားပိုင် စက်ရုံပါ ။ အလုပ်သမား ၁၀၀၀ ဝန်းကျင်ရှိပါတယ်။
စက်ရုံက အချိန်ပိုတွေ တနင်္ဂနွေနေ့တိုင်းခေါ်တယ်။ တချို့အလုပ်သမားတွေကြ တနင်္ဂနွေနေ့ နားချင်ကြပါတယ်ရှင့်။ နားလိုက်ရင်လည်း တခြား အချိန်ပို ဆင်းထားတဲ့လူတွေကို အမှီလိုက်လုပ်ဖို့ မလွယ်တော့၊ မဆင်းချင်လည်း ဆင်းကြရတယ် ။ ဒီလို ဖြစ်အောင်လည်း စက်ရုံဘက်က သေချာ စီစဉ်ထားတာပါရှင့်။
ခုလဲ တနင်္ဂနွေနေ့ လာဆင်းတဲ့သူပဲ ဆန်နဲ့ ဆီပေးမယ်လို့ ပြောပါတယ်ရှင့် ။ လာမဆင်းတဲ့သူကို မပေးဘူးဆိုပြီး ပြောပါတယ်။ ဒါက ခွဲခြားဆက်ဆံတာပါ။
တနင်္ဂနွေနေ့တိုင်း အချိန်ပို ခေါ်တာပါ။
အခုကာလက ကျပ်တည်းကြတယ်၊ ဆန်နဲ့ဆီပေးမယ် ဆိုတော့ ဝမ်းသာကြပါတယ်။ တနင်္ဂနွေနေ့ လာဆင်းမှ ဆန်ပေး ဆီပေးမယ်ဆိုတာကတော့ ယုတ်မာတာပါရှင့် ။ တကယ်ပေးချင်တဲ့ ဆန္ဒရှိရင် စက်ရုံက စာရင်းရှိ ဝန်ထမ်းတိုင်း ပေးရမယ်လို့ မြင်ပါတယ်။
ဒါကို စက်ရုံဘက်က အချိန်ပို မဆင်း၊ ဆင်းအောင် လုပ်နေတာပါ။
တနင်္ဂနွေနေ့ အချိန်ပို ခိုင်းတာ ၅လပိုင်း ကတည်းကပါ။ ကြားမှာ နားရက်တွေ ပြန်မပေးပါဘူး။
စနေနေ့ဆို ညနေ ၆နာရီခွဲထိ တရုံလုံး အချိန်ပိုခေါ်တယ်။ ညနေ ၄နာရီခွဲ ပြန်တဲ့သူတွေကို ဖယ်ရီ မပေးပါဘူး ။
ညဘက်ဆိုလဲ ပုံမှန် ည၇နာရီထိပဲ ဆင်းရမှာကို ညတိုင်း ၈ နာရီ အထိ နေ့တိုင်းခေါ်တယ်။
ည ၈ နာရီအထိ အချိန်ပိုခေါ်တာ ပြီးခဲ့တဲ့ တပတ်ကျော်ကတည်းကပါ။ ရှေ့လျောက် ည ၈ နာရီ အထိ ခေါ်သွား မယ် ပြောနေလို့ပါတယ်ရှင့် ။
နေ့လယ် ထမင်းစားချိန် နာရီဝက်ပြီးကတည်းက ည ၈ နာရီအထိ မနားတန်းလုပ်ရပါတယ်။ နားချိန် နာရီဝတ်ကို အချိန်ပိုခ ပေးထားပြီး ခိုင်းတာပါ။ အလုပ်သမားတွေရဲ့ သဘောတူညီမှုနဲ့ ဆိုပြီး လုပ်ခိုင်းတာပါ။ စက်ရုံ ဘက် ကျွေးမွေးတာမရှိပါဘူး။ အထည်မပေးနိုင်မှာဆိုးလို့ စက်ချုပ်သမားတွေ အပြင်ထွက် မုန့်မစားကြပါဘူး ။
စံချိန်တွေကတော့ တောင်းပါတယ်ရှင့်။ စူပါနဲ့ တရုတ်တွေအပြောလွတ်အောင် အလုပ်သမားတွေ လုပ်ကြရတာပဲ။
စနေ ညနေ ၄ခွဲ ပြန်တဲ့သူကို ဖယ်ရီမပေးပါဘူး။ အချိန်ပို ၆ နာရီခွဲ ဆင်းမှ ဖယ်ရီနဲ့ ပြန်ရပါတယ်ရှင့်။
စက်ချုပ်ရတဲ့သူတွေက ပိုသနား ဖို့ ကောင်းတယ် ဖင်နဲ့ခုံ မခွာအားပါဘူး။ စက်ရုံမှာ WCC အဖွဲ့ရှိပါတယ် ရှင့်။
သေသေချာချာ စစ်ဆေးပေးပါ၊ တောင်းဆိုပါတယ် ရှင့်။
NEWS
New Plus အထည်ချုပ် စက်ရုံ တနင်္ဂနွေ နားရက်မှာ လုပ်ကိုင်ခိုင်း၊ နားချိန်ကို ငွေကြေးနှင့် ဝယ်ယူ ခိုင်းစေနေ

752 Views
Related posts

Hope One Co.,Ltd အထည်ချုပ်စက်ရုံ ခွင့်ပြုအချိန်ပိုထက် ပိုမိုလုပ်ကိုင်ခိုင်း
Mar 09, 2026

Eurostyle အထည်ချုပ် ၂၄ နာရီ အတင်းအဓမ္မ အလုပ်ဆင်းခိုင်းပြီး၊ နောက်နေ့တွင် ညဆိုင်း ဝင်ခိုင်း
Mar 05, 2026

Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်
Mar 02, 2026

G & F Myanmar ခွင့်ယူလို့ လိုင်းစူပါက ဆူပူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်
Feb 27, 2026

Max Technology စက်ရုံမှာ မိလ္လာကန် ပြည့်လျှံလို့ အလုပ်သမား ၁၀၀၀ ကျော် ဒုက္ခရောက်နေ
Feb 25, 2026

Myanmar Belle International အထည်ချုပ် တောင်းဆိုချက်များ စာချုပ်ပြီး ဖေါက်ဖျက်
Feb 23, 2026

XING YUAN ( Myanmar) အထည်ချုပ် လိုင်းစူပါ ဆဲဆို ခိုင်းစေ
Feb 18, 2026

Juntai (Fu Yuan) Garment Co.,Ltd စက်ရုံတွင် ဆဲဆို ဖိအားပေး အထည်စံချိန်တောင်းနေ
Feb 17, 2026
