NEWS

New Plus အထည်ချုပ် စက်ရုံကို တိုင်ကြားချင်ပါတယ် ရှင့်။

CoverLogo
813 Views
 
ညီမတို့ကို စက်ရုံက နှစ်ကြေးပေးတာ၊ ဖြတ်တာ မတရားတာတွေကို တိုင်ကြားပါတယ်။ နှစ်ကြေးက တစ်နှစ်ပြည့်ကြည့်တဲ့ အလုပ်သမားကို လတိုင်း နှစ်ထောင်ပေးပါတယ်။ ငါးနှစ်ပြည့်တဲ့ဝန်ထမ်းဆို တစ်သောင်းပေးပါတယ်။လတိုင်း လစာအိတ်ထဲ ထည့်ပေးပါတယ်။
 
ဒါပေမဲ့ ငါးနှစ်ကျော်တဲ့ အလုပ်သမားတွေကို‌တော့ တစ်သောင်းထက် ပိုမပေးတော့ဘူး။ တချို့ဆို လုပ်သက် ၁၀နှစ်ကျော်တွေလည်း တစ်သောင်းပဲ ပေးနေတာပါ။ တခြားစက်ရုံတိုင်းလိုလို ခြောက်လ၊ တနှစ်ပြည့်တာနဲ့ ၅၀၀၀ ပေးတာပါ။ လုပ်သက် နှစ်ကြီးသလောက် တွက်ပေးတာ။
 
New Plus မှာက နှစ်တွေအကြာကြီး အဆင်ပြေပြေလုပ်လည်း တစ်သောင်းနဲ့ ပေးနေတာ ။ နောက်တခုက လုပ်သက်ခွင့်ယူထားရင် လကုန်တာနဲ့ လစာထုတ်လို့ အဲ့ဒီခွင့်အတွက် ဒေးကြေး (ထောက်ပံ့ကြေးအပါ) အပြည့်ပေးတယ် ။ လုပ်သက်ခွင့်နှစ်ရက်ယူလည်း နှစ်ရက်စာအပြည့်ပြန်ထည့်ပေးတာ။
 
ဒါပေမဲ့ အလုပ်သက်ခွင့်တရက်မှမယူထားပဲ နှစ်ပြည့်မှ လုပ်သက်ခွင့် အတွက် ငွေပြန်အမ်းပေးရင် ဒေးကြေး (ထောက်ပံ့ကြေးမပါ) တိုင်း ရှင်းမပေးတော့ဘူး။ တကယ်ဆို (ထောက်ပံ့ကြေးအပါ) ဒေးကြေး တသောင်းဆိုရင် လုပ်သက် ခွင့်ကျန်တွေကို တသောင်းအတိုင်း ရှင်းပေးမှ တရားမှာလေ။ အခုတော့ ခွင့်ယူတဲ့သူက ဒေးကြေးအပြည့် ရပြီး၊ လုပ်သက်ခွင့်မယူထားပဲ ပိုက်ဆံ ပြန်အမ်းတဲ့အခါ ၇၄၀၀ ပဲ ရပါတယ်ရှင့်။
 
ဒီလိုရှင်း‌ ပေးတာက လုပ်သက်ခွင့်တွေ အကုန်ယူပြီး ညီမတို့ နားရမလို ဖြစ်နေပါတယ်။
ဒီကိစ္စကို ညီမတို့က စက်ရုံအကြံပြုစာပုံးထဲကို စာထည့်ပါတယ်။ စာထည့်တယ်ဆိုတာလည်း လူသိအောင်တော့မထည့်ရဲပါဘူး။ ဒါပေမဲ့ အဲ့စာတွေကိုဖြေရှင်းပေးတာလဲမတွေ့ဘူး။ တချို့စာတွေကိုဘယ်လိုတောင်ဖျောက်လိုက်လဲမသိဘူး ၊ စာထည့်တာလည်း ကြာပြီ။
 
အဲ့ကိစ္စကို ညှိနှိုင်းပြီး စဥ်းစားပေးတာပါ ဆိုတာမျိုးထည့်ထားတာလဲ၊ ဘာသံမှမကြား ဘူး။ အကြံပြုစာပုံးထဲကစာတွေကို  စက်ရုံက အရေးတယူမရှိကြဘူး။
 
လစာထုတ်ရက်တိုင်း ဖယ်ရီကားတွေ လာကြိုတာ လတိုင်း နောက်ကျတယ်။ ဖယ်ရီကားနောက်ကျမှလာမယ်ဆိုရင် လစာအိတ်တွေ ပေးတာနောက်ကျမှ ပေးတယ်။ တကယ်ဆိုရင် ပုံမှန် ၄နာရီဆို ၄နာရီမှာ လစာတွေ ချပေးရင် စာရေးမတွေ ၊ စူပါတွေ က စစ်ဆေးပြီး‌ ပေးမယ်ချိန် ရပါတယ်။ အခုတော့ အဲ့လို မဟုတ်ဘဲ ဖယ်ရီကားတွေနောက်ကျမယ်ဆိုပြီး လစာအိတ်ထုတ်တွေကို ၄နာရီ၂၀လောက် ချပေးတော့ အလုပ်သမားတွေမှာ အဆင်မပြေဘူး။
 
တကယ်တန်း အချိန်မလောက်လို့ လစာအိတ်မှားတယ်၊ ပျောက်တယ်ဆိုရင် ဘယ်သူခိုးတာ၊ ဘယ်လိုလွဲတယ်ဆိုတာ ပြန်ကြည့်၊ ပြန်စစ်ဖို့ဆိုတာကလည်း cctv တွေကလဲ အလုံးတိုင်းကောင်းပြီး၊ နေရာတိုင်းရှိနေတာ မဟုတ်ဘူး။
 
ဖယ်ရီကားနောက်ကျတာလဲ New Plus မှာပဲ ဖြစ်နေတာ။ ဘေးရုံ Sunrise စက်ရုံမှာ တခါမှနောက်မကျဘူး။ ညီမတို့ New Plus က တခါတလေ Sunriseကဝန်ထမ်းတွေပို့ပြီး ပြန်လာကြိုတဲ့ကားကို စောင့်ရတဲ့လတွေတောင်ရှိတယ်။
 
အဓိက က အကြုံပြုစာပုံးထဲက အကြံပြုစာတွေကို တလေးတစား ဖွင့်ဖတ်ပြီး အဆင်ပြေသလောက် ညှိနှိုင်းလုပ်ပေးစေ
ချင်တယ် ။ စာတွေနဲ့ပတ်သက်ပြီး WCC အဖွဲ့ဝင်နဲ့ ဖြစ်ဖြစ်ခေါ်‌ တွေ့ပြီး ဘယ်လိုအကောင်းဆုံးဖြစ်အောင် ပြုပြင်ကြမလဲ ဆိုတာမျိုးဖြစ်စေချင်တာပါ။
 
WCC အဖွဲ့ဝင်တွေနဲ့ စာတွေဖွင့်မဖတ်ရင် စာတွေ ဘယ်ရောက်မှန်းမသိဖြစ်မယ်။ စာအတူဖောက်စစ်ကြရင် ဘယ်စာဘယ်လို အကြံပြုရေးတာတွေတွေ့တယ် ဆိုပြီး လိုင်းထဲတွေသတင်းပြန့်ရင် စာတွေကိုတာဝန်ရှိသူတွေ ဖျောက်ပစ်လား၊ မဖျောက်ပစ်လားသိရတာပေါ့။
 
လစာထုတ်ကို အရင်ကအတိုင်း ၄နာရီလောက် အထုတ်တွေချပေးပြီး ၊ အလုပ်သမားတွေ လက်ထဲ သေချာထည့်ပေးချိန်ရဖို့နဲ့ အပြန်ဖယ်ရီကား လစာထုတ်ရက်တိုင်း နောက်မကျဖို့ ပါပဲ။
Myanmar Labour News ကို ကျေးဇူးတင်ပါတယ်ရှင့်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026