NEWS

New Plus စက်ရုံ အစားထိုး ပိတ်ရက် တဖက်သတ် ဆုံးဖြတ်

CoverLogo
603 Views
 
အလုပ်သမားတွေရဲ့ သဘောတူညီမှု မပါဘဲ မတ်လ ၁၅ ရက်ကို ပိတ်ရက်အစားထိုးရက် အဖြစ် တဖက်သတ် သတ်မှတ် ဆုံးဖြတ်ပြီး အလုပ်ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို သတ်မှတ်မှုကို စက်ရုံမှာ ဖွဲ့စည်းထားတဲ့ WCC အဖွဲ့ဝင်တွေကို တင်ပြခဲ့ပေမဲ့ ညှိနှိုင်းဆောင်ရွက်ပေးတာ မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံမန်နေဂျာက အလုပ်သမားတွေရဲ့ ဆန္ဒကို မမေးဘူး။ အလုပ်ဖွင့်ရက် ၁၅ရက်နေ့ကို အစားထိုး ပိတ်ရက် သတ်မှတ်တယ်။ တကယ် အလုပ်သမားတွေရဲ့ ဆန္ဒကို မေးရမှာ ၊ ဒါကို WCC ကိုသွားပြောတယ် ။ ငါတို့က ဘာတတ်နိုင်မှာလဲ သူတို့ ပိတ်တယ်ဆို ပိတ်တယ်ပေါ့လို့ ပြန်ပြောတယ်။ ဘာမှ ညှိနှိုင်းမပေးဘူး။ ခေါင်းဆောင် တွေလည်း အတူပဲ။ စက်ရုံကပြောတာ ခေါင်းငြိမ့်ခဲ့ပြီး ၊ အလုပ်သမားတွေ သဘောမတူတာကိုကြ ပြောမပေးဘူး ။ သူတို အပြောခံရမှာ ကြောက်တယ်၊ မျက်နှာ မရမှာ ကြောက်တယ်။ အလုပ်သမားတွေ အဆင်ပြေ မပြေ ပြန် မကြည့်ဘူး။” ဆိုပြီး စက်ရုံ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံ အလုပ်နားချိန်မှာ မီးစက်ပိတ်မပေးတာကြောင့် နားချိန်မရဘဲ ဆက်လက်လုပ်ကိုင်နေရပြီး ဒီကိစ္စကို အလုပ်သမားအရာရှိတွေ လာရောက် စစ်ဆေးခဲ့ပေမဲ့ အပြောင်းအလဲ မရှိဘဲ အလုပ်သမားတွေမှာ နားချိန်မရဘဲ ဆက်လက်လုပ်ကိုင်နေရတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်သမား ဦးစီးမှူးတွေ လာစစ်တဲ့ အချိန်က နားတဲ့အချိန်မဟုတ်ဘူး။ စက်ရုံက နားချိန် အပြည့်အဝ ပေးထားတယ်၊ မနားဘဲ အလုပ်မလုပ်ရဘူးဆိုပြီးပဲ ဦးစီးမှုတွေ ကြားခဲ့ရမှာ။ တကယ်ဆို နားတဲ့အချိန်ကို လာပြီး ဝင်စစ် စေချင်တယ်။ အဲ့ဒါမှ အမှန်ကို မြင်ရမှာ။ ထမင်းစားချိန်ဆို မီးပိတ်လို့ရတယ်။ နားတဲ့လိုင်းတွေကို မပိတ်ပေးဘူး။ မပိတ်ပေးတော့ ဆက်လုပ်ရတယ်။ နားချင်တောင် မနားရဘူး။ နားနေရင်တောင် နင်တို့က အထည်ပြည့် လိုလားနဲ့။ ညနေ နားချိန်ဆိုလည်း တရုံလုံး မီးပိတ်ပေးလိုရတယ် မပိတ်ပေးဘူး။ အဲတော့ မနားတော့ဘဲ ဆက်လုပ် တဲ့ သူက လုပ်ရတယ်။ မုန့်စား နားတယ်ဆိုတာက တခြားဌာနက ဝန်ထမ်းတွေ။ စက်လိုင်း အလုပ်သမားတွေ နားရတာ မဟုတ်ဘူး ။ နားစေချင်တယ်ဆိုရင် မီးစက်ပိတ်ပါလား။ မပိတ်တော့ ခေါင်းဆောင်တွေက ခိုင်းတယ်။ ခိုင်းရတော့ ခိုင်းတယ်။ နားလဲ အပြောအဆိုခံနေတယ်” လို့ ပြောပါတယ်။
 
New Plus အထည်ချုပ်စက်ရုံက သာဓုကန်စက်မှုဇုန်၊ ကျောက်စိမ်းလမ်း (နွားခြံမှတ်တိုင်အနီး)က တရုတ် နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ လက်ရှိ အလုပ်သမား ၁၀၀၀ ဝန်းကျင်လုပ်ကိုင်နေပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026