NEWS

New Plus စက်ရုံမှာ ဘာတွေ ဖြစ်နေလဲ

CoverLogo
668 Views
New Plus စက်ရုံက ဝန်ထမ်းတချို့ အကြောင်းပြောပြချင်လို့ပါ။
 
စက်ရုံမှာ စက်ပြင်ဆရာက ရောက်လာတာ သိပ်မကြာသေးဘူး။ တရုတ်ဆရာပေါ့နော်။ သူက စက်ပြင်လို့ဆိုလို့ရှိရင် မြန်မာ စက်ဆရာတွေနဲ့ အရင်ဆုံးပြင်လို့ ပြောတယ်။ ပြင်လို့မရမှ သူ့ကို လာခေါ်လို့ ပြောတယ်။ ပြီးတော့ သူပြင်လို့ ရှိရင်လည်း အဆင်မပြေဘူး။ စက်တွေကလည်း ခဏခဏပျက်တယ်။ သူပြင်လို့ အဆင်မပြေတော့ဘူးဆို စက်ကို စောင့်ချတာတို့ ဝုန်းတိုင်းကျဲတာတို့ လုပ်တယ်။
 
စက်ပြင်နေတဲ့အချိန်မှာ စက်သမားက ဘေးနားကနေပြီးတော့ မတ်တပ်ရပ် နေရတယ်ဆို မဟုတ်လား။ ဒါကို လိုင်းရဲ့အကြီးအကဲတွေက နင်ဘာလို့ မတ်တပ်ရပ်နေတာလဲ ဆိုပြီးမေးတယ် ။ နင့်အလုပ် နင်လုပ်လေလို့ ပြောတယ်။ ချုပ်ဖို့ စက်မရှိတာကို ညီမတို့က ဘာနဲ့ ချုပ်ရမလဲ။ ချုပ်စက်ပြင်တာကို မတွေ့တာလည်း မဟုတ်နဲ့။
 
ညီမတို့က အထည်ကြေးနဲ့ဆိုတော့ စက်မြန်မြန် ပြင်ပြီးတာနဲ့ မြန်မြန်ချုပ်ချင်တာပါ။ ဒါကို ခေါင်းဆောင် တွေက ဩဇာပြတာလား၊ ဖိနှိပ်တာလား မသိဘူး။ အဲ့လိုတွေ ပြောတယ်။ ညီမတို့ အတွက် ဂုဏ်သိက္ခာ လည်း ရှိတယ်။ အရှက်လည်း ရှိပါတယ်။ ဒီလိုတွေ ဆက်ဆံခံရတာက အဆင်မပြေပါဘူး။ အရမ်း ဖိနှိပ်တယ်လို့ ခံစားရတယ်။
 
ပြီးတော့ စက်ရုံက အထည်ကြေးစနစ်ချုပ်ရတာပါ။ အထည်ကြေးနဲ့ ဆိုတော့ အထည်များများ ပြီးရင် လစာများပါတယ်။ ဒါကို ရုံးပေါ်က နင်တို့ အဲ့လောက်ထိအများကြီးချုပ်နေလို့ရှိရင် ငါတို့က အထည်ကြေး ၅၀၀၀၀၊ တသိန်း ပေးရလိမ့်မယ်တဲ့။ အဲ့ဒါကြောင့်မို့လို့ သတ်မှတ်ထားတဲ့ အထည်စံချိန်ထက် နည်းနည်းပဲ ပိုချုပ်လို့ပြောတယ်။
လိုင်းစူပါနဲ့ ဌာန စူပါကိုခေါ်ပြီး အဲလို ပြောခဲ့တာ။
 
အဲလို အများကြီးချုပ်နိုင်လို့ အထည်စောစောပြီးရင်၊ နောက်ရက်တွေမှာ အလုပ်မရှိရင် စက်ရုံက အလုပ်သမားတွေကို အလကားပိုက်ဆံပေးနေရမှာကို စိုးရိမ်တယ် ထင်ပါတယ်။ ဒါကြောင့် အဲ့လောက်ထိ မချုပ်နဲ့။ သတ်မှတ်ထားတဲ့ဟာထက် အများကြီးပို မချုပ်နဲ့ ပြောတယ်။
 
စံချိန်တိုင်းချုပ်လို့ ပြောချင်ရင်လည်း ဘာလို့ အထည်ကြေးပေးထားလဲ၊ လစာနဲ့ ချုပ်ခိုင်းလည်း ရတာပဲ။ ညီမတို့က အလုပ်လုပ်မှ ရတာမို့ အထည်ရအောင် ချုပ်ရတာပါ။
 
စက်ရုံမှာ သန့်ရှင်းရေး ၃ မျိုးရှိတယ်။ စက်လိုင်းသန့်ရှင်းရေး၊ သန့်စင်ခန်းတို့ ဘာတို့ကို ရှင်းတဲ့ သန့်ရှင်းရေးနဲ့ ရုံးခန်း သန့်ရှင်းဆိုပြီး ရှိတယ်။
 
အဲ့ သန့်ရှင်းရေးတွေထဲ ရုံးခန်း သန့်ရှင်းရေးက ဘာတွေ ဖြစ်နေလဲ မသိဘူး။ လုံခြုံရေး ဝန်ထမ်းတွေ လုပ်ရမဲ့ အလုပ်တွေလည်း သူတို့ ဝင်လုပ်တယ်။ တခါတလ နင်တို့ ဘယ်လို စစ်နေတာလဲဆိုပြီး လုံခြုံရေးတွေကို သူတို့က ပြောတယ်။ သူတို့အနေနဲ့က လုံခြုံရေးတစ်ယောက်ကိုလည်း နင်အဲ့လို စစ်ဆိုပြီးတော့ ပြောဖို့ လိုအပ်လား။
 
အဲဒီ သန့်ရှင်းရေးက မျက်နှာကလည်း မာန်ထန်ပြီးတော့ ညီမတို့ အလုပ်သမားတွေကလည်း စစ်ဆေး တယ်။
ဒီရုံမှာပဲ လုံခြုံရေးကို မကြောက်ရဘဲ သန့်ရှင်းရေးကို လန့်ပြီးတော့ ကြောက်နေရသလို ဖြစ်နေတယ်။ သန့်ရှင်းရေးကို အရေးတကြီး ကြည့်နေရသလို ဖြစ်နေတာ။ ညီမတို့ ဘယ်လိုမှမခံစားနိုင်ဘူး။ တကယ်ဆို တယောက် အလုပ်ကို တယောက်က လေးစားဖို့ ပါ။
 
ဒါကိုညီမတို့ကို ဖိနှိပ်ပြီးတော့ လုပ်တယ်လို့ ခံစားရတယ်။ ကိုယ့်နေရာ ကိုယ်မသိဘူးလို့ ခံစားရတယ်။
ညီမတို့က သန့်ရှင်းရေးဆိုလည်း သန့်ရှင်းရေးအလျောက်၊ လုံခြုံရေးဆိုလည်း လုံခြုံရေးအလျောက် ဟို မခွဲခြားတတ်ဘူး။ ကိုယ့်အလုပ်၊ သူ့အလုပ် လေးစားမှုလည်းရှိတယ်။
 
WCC ကိုလည်း မသွားပြောတော့ဘူး ။ မထင်ရောက်ဘူးဆိုတာသိတယ်။ တိုင်ကြား စာပုံးထဲမှာ စာထည့်တာတောင် မထိရောက်တော့၊ လေကုန်ခံပြီးတော့ မပြောနေတော့ဘူး။ ဘာမှလည်း ထူးမှာ မဟုတ်ဘူး။
 
WCC ဆိုတာလည်း စက်ရုံ သဘောကျ ခေါင်းငြိမ့်ပြီးတော့ပြန်လာမယ်ဆိုတော့ WCC ဆိုတာ နာမည်ပဲ ရှိတော့တယ်လေ။
ဒါစာကို သက်ဆိုင်သူတွေ သိစေချင်တာပါ။ ကျေးဇူးတင်ပါတယ် Myanmar Labour News ရှင့်။
Photo- 2020 (ကိုဗစ်ကာလ)

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026