NEWS

New Fubon အထည်ချုပ်စက်ရုံမှာ အချိန်ပိုအလွန်အကျွံခေါ်ယူပြီး နားရက်မရှိလုပ်ကိုင်နေရ

CoverLogo
485 Views

တရုတ်နိုင်ငံသားပိုင် New Fubon အထည်ချုပ်စက်ရုံမှာ တစ်ပတ်တာလုံး ပိတ်ရက်မပေးဘဲ အချိန်ပိုတွေ ခေါ်ယူနေပေမယ့် လုပ်ခလစာ တွက်ချက်ရာမှာ အပြည့်အဝမရရှိဘဲ  အချိန်ပိုနာရီကွာဟတာတွေရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ဒီစက်ရုံကိုတော့ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပြင်စည်မင်းသားကြီးလမ်းမှာ ဖွင့်လှစ်ထားတာဖြစ်ပြီး အလုပ်သမား (၃၅၀) ကျော်နဲ့ လုပ်ငန်းလည်ပတ်နေတာ ဖြစ်ပါတယ်။ 

လုပ်ငန်းခွင်ထဲမှာ သမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။ Boutique Plus  စတဲ့ အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာဖြစ်ပြီး တပတ်လုံး ပိတ်ရက်မရှိအချိန်ပိုဆင်းနေရသလို ညစဉ် ၁၁ နာရီထိ ဆင်းနေရတယ်လို့ ပြောပါတယ်။
       
“တနင်္ဂလာနေ့ကနေ တနင်္ဂနွေနေ့အထိ ပိတ်ရက်မရှိ အချိန်ပိုအိုတီတွေကို တစ်ပတ်လုံးလုံး မနားမနေ ဆင်းရပါ တယ်။ တနင်္ဂလာကနေ စနေအထိ ည (၁၁) နာရီထိ အမြဲ ဆင်းရပါတယ်။ တစ်ပတ်လုံး ည (၁၁)လောက်ထိ အချိန်ပိုဆင်းရပေမယ့် အချိန်ပိုတွေတွက်ရင် နာရီတွေက အလုပ်သမားတော်တော်များများမှာ ကွာနေပါတယ်။ အချိန်တွေကွာနေလို့ သွားပြောရင်လည်း ဖြေရှင်းပေးတာ မရှိပါဘူး။ အလုပ်ချိန်က မနက် (၈) နာရီကနေ အလုပ် ချိန်စပါတယ်။ နေ့လည် (၁၂) နာရီမှာ ထမင်းစားချိန်နားပြီး (၁၂) ခွဲကနေ ည (၇) နာရီခွဲ (၉) နာရီခွဲအထိ မုန့်စား အနားမပေးဘဲ အချိန်ပိုအိုတီတွေ တစ်ဆက်တည်း လုပ်ရပါတယ်။ည (၇)ခွဲကနေ ည (၁၁) နာရီအထိ အချိန်ပို ဆင်းရသူတွေကိုလည်း အချိန်ပိုကြေးကို လက်ငင်းမရှင်းပေးပါဘူး။ လစာထဲ ပေါင်းရှင်းပါတယ်။ ညအချိန်ပိုအိုတီ ဆင်းပြီးမနက်ပြန်ချိန်တွေကိုလည်းဖယ်ရီကားမစီစဉ်ပေးပါဘူး။ဖယ်ရီမစီစဉ်ပေးတဲ့အတွက်ကိုယ့်အစီအစဉ်နဲ့ပြန်ရပါတယ်။ပိုက်ဆံမရှိတဲ့သူတွေကအလုပ်ပြန်ဝင်ဖို့အိမ်ကိုလမ်းလျှောက်ပြန်ရပါတယ်။ဖယ်ရီမစီစဉ်ပေးတာကအလုပ် သမားတွေအတွက်အခက်အခဲတွေရှိပါတယ်။စက်လိုင်းထဲမှာအောလင်း၊ အောနိုက်တွေခေါ်ပေမယ့်အိပ်ငိုက်တာမျိုးမဖြစ်အောင်အချိုအချဉ်၊ကော်ဖီဗူးဘာတစ်ခုမှယူခွင့်မပေးဘဲတင်းကြပ်ထားပါတယ်”လို့အလုပ်သမားတစ်ဦးကပြောပါတယ်။

ဒါ့အပြင်လူ(၃၀)ရှိတဲ့စက်လိုင်းတစ်လိုင်းကိုတစ်နာရီမှာအင်္ကျီအထည်(၉၀)တောင်းနေတာကြောင့်ရေမသောက်၊ အိမ်သာမသွားရဘဲအသည်းအသန်ချူပ်နေရသလိုအထည်စံချိန်ပြည့်ပါကအထည်(၁၂၀)ထိထပ်တိုးတောင်းနေ တယ်လို့သိရပါတယ်။

အသက်မပြည့်သေးတဲ့လူငယ်တွေကိုလည်းဆရာဝန်ထောက်ခံချက်မပါဘဲခိုင်းနေတာ(၈၀) ဝန်းကျင်ရှိနေပြီးလူကြီးလုပ်သားတွေတန်းတူစံချိန်မပေးနိုင်ရင်အလုပ်ကထုတ်ပယ်နေတဲ့အပြင်အလုပ်သမားတွေအရေးပေါ်ကိစ္စရှိလို့ဂိတ်ပတ်တောင်းရင်လည်းမပေးဘဲဆဲဆိုနေတယ်လို့အလုပ်သမားတွေဆီကသိရပါတယ်။

“လုပ်ငန်းခွင်ထဲမှာစက်လိုင်း(၁၁)လိုင်းရှိပါတယ်။စက်တွေမှာအပ်မှန်ကာမရှိတာ၊စနပ်၊ဘာတပ်စက်တွေပျက်နေ လည်းအလုပ်ရှင်ကတောင်းခံတဲ့စံချိန်ကိုအပြည့်လုပ်ကိုင်နေရပါတယ်။စက်လိုင်းတွေမှာလျှပ်စစ်အပ်ဝင်နေတာကြောင့်လည်းဓာတ်လိုက်မှုတွေလည်းရှိပါတယ်။ပြောမယ်ဆိုလုပ်ငန်းခွင်မှာအလုပ်လုပ်နေရင်းအန္တရာယ်အတွက်စိုးရိမ်နေရပါတယ်။နောက်ပြီးသောက်ရေဘေစင်၊လက်ဆေးဘေစင်တွေလည်းတွဲထားပြီးညစ်ပတ်နေပါတယ်။အိမ်သာတွေလည်းယောင်္ကျားလေး၊မိန်းကလေးခွဲထားပြီးအိမ်သာတွေမလောက်တော့မိန်းကလေးတွေကအခက်အခဲ ဖြစ်ပါတယ်။အိမ်သာတွေမှာလည်းလေဝင်ပေါက်မရှိဘဲအလုံပေါက်ဖြစ်နေတော့ညစ်ပတ်နံဆော်နေပါတယ်”လို့အလုပ်သမားတစ်ဦးကပြောပါတယ်။

စက်ရုံအလုပ်သမားတွေအနေနဲ့လုပ်ငန်းခွင်တွင်းကချိုးဖောက်ခံရမှုတွေကိုကာကွယ်ဖြေရှင်းပေးဖို့မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှုအလုပ်သမားများအဖွဲ့ချုပ်(IWFM)ကိုဆက်သွယ်အကူအညီတောင်းခံထားတာဖြစ်ပါတယ်။

အလုပ်သမားတွေအနေနဲ့ စက်ရုံတာဝန်ရှိသူတွေအနေနဲ့ အိမ်သာတွေသန့်ရှင်းမှုရှိအောင်ဆောင်ရွက်ပေးရန် ၊အပြစ်တစ်စုံတစ်ရာမရှိဘဲအလုပ်မထုတ်ရန် ၊အချိန်ပိုအိုတီတွေတစ်ပတ်လုံးမဆင်းခိုင်းရန် ၊ အချိန်ပိုအိုတီဆင်းရသူတွေကိုအပြန်ဖယ်ရီစီစဉ်ပေးရန် ၊အလုပ်သမားတွေချုပ်လုပ်နိုင်တဲ့အထည်စံချိန်တောင်းခံဖို့ ၊ အထည်တောင်းရာမှာအော်စူပါတွေကမဆဲဆိုဖို့နဲ့  အချိန်ပိုအိုတီကြေးတွေ မှန်ကန်စွာတွက်ချက်ပေးပြီးနာရီကွာဟချက်တွေကိုပြန်လည်ဖြေရှင်းပေးရေးလိုလားနေတယ်လို့ ပြောပါတယ်။

#MyanmarLabourNews


Related posts

Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026
Cover
Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို
Jun 07, 2026
Cover
WAN HE SHUO FASHION အထည်ချုပ် မော်တော်ယာဉ် ဖမ်းဆီးခံရ၍ လစာထုတ်မပေးဟုဆို
Jun 07, 2026
Cover
Casico Garment တွင် နှစ်လုံးရောင်းချသူ ဖုန်းအား မသိမ်းဘဲ၊ အလုပ်သမား ဖုန်း အားလုံး သိမ်းဆည်း
Jun 07, 2026