NEWS

Nay Shwe Win အထည်ချုပ် အချိန်ပိုအလွန်အကျွံခေါ်

CoverLogo
429 Views
 
ညီမတို့က နေရွှေဝင်း (Nay Shwe Win) အထည်ချုပ်စက်ရုံက အလုပ်သမားတွေပါ ။ စက်ရုံက ဝါးတရာစက်မှုဇုန် မှာပါ။
သိပ်မကြာခင်က အလုပ်သမားတွေ စုပေါင်းပြီး တောင်းဆိုမှုတွေ လုပ်ခဲ့ပါတယ်။ စနေနေ့ကို ညနေ ၄နာရီအထိပဲ ဆင်းရမယ်လို့ ညှိနှိုင်းခဲ့ပေမယ့် အခု ၆နာရီခွဲထိ ဆင်းခိုင်းမယ်လို့ ပြောပါတယ်။
 
ဒီရက်ပဲ မဟုတ်ပါဘူး ။ အခြားရက်တွေဆိုရင် ည ၉နာရီထိ ဆင်းရတယ်။ အခုအချိန်က ပုံမှန် မနက် ၈ - ည နေ ၄ ခွဲပါ ။ တနေ့ အိုတီ ၄ နာရီကျော် လုပ်ရပါတယ်။ တပတ်ကို နာရီ ၂၀ ကျော် အိုတီ လုပ်ပေးနေရတာပါ။
 
WCC ကိုလည်း ပြောမရပါ။ သူကိုယ်တိုင် လိုလိုလားလား ဆင်းနေတာပါ။ မန်နေဂျာကလည်း အလုပ်သမား တချို့ ကို လျော်ကြေးမပေးဘဲ အကြောင်းပြပြီး အလုပ်ထုတ်နေတာတွေ့ရတယ်။
 
အလုပ်ပြန်ချိန်နောက်ကျလို့ အလုပ်သမားတွေ စားသောက်ရေး ခက်ခဲပါတယ်။ စစ်မှုထမ်း လိုက်ဖမ်းတာကို ကြုံရတာတွေလည်း ရှိပါတယ်။ အချိန်ပိုဆင်းလို့ လုပ်ခလစာ ပိုရပေမဲ့ အန္တရာယ်က ပိုစိုးရိမ်နေရတာပါ။
 
ညီမတို့ စိုးရိမ်မှုကို နားလည်စေချင်ပါတယ်။ ဥပဒေထက် ကျော်လွန်ပြီး အချိန်ပို ခိုင်းနေတာတွေ အရေးယူပေးစေချင်ပါတယ် ရှင့်။
 
လက်ရှိ နေရွှေဝင်းစက်ရုံမှာ Sinsay အထည်တွေ ချုပ်နေပါတယ်။ အလုပ်သမားက ၁၀၀၀ ဝန်းကျင်ရှိပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026