သီလဝါ အထူးစီးပွားရေးဇုန် Zone A ရှိ MYARNAK ရော်ဘာ စက်ရုံဟာ ဂျပန်နိုင်ငံသားပိုင်ဆိုင်ပြီး ရော်ဘာထုတ်လုပ်လျက်ရှိရာမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ယင်းစက် ရုံအလုပ်သမားများထံက သိရပါတယ်။
“စက်ရုံမှာ သန့်ရှင်းရေး ဝန်ထမ်း လုံးဝခန့်ထားခြင်း မရှိဘဲ ဝန်ထမ်း တွေကို ဌာနအလိုက် အလှည့်ကျ စက်ရုံတစ်ရုံလုံးကို သန့်ရှင်းရေး လုပ်ခိုင်းနေတယ်။ စက်ရုံ ဝန်ထမ်း တွေရဲ့ ကျန်းမာရေးအတွက် ဆေးခန်း နှင့်ဆေးလုံးဝ စီစဉ်ထားခြင်းမရှိပါ၊ နံနက် အလုပ်စချိန်မှာ ၇ နာရီခွဲ လို့ သတ်မှတ်ထားပေမဲ့ ၇ နာရီ ၂၀ မှာကြိုပြီး အလုပ်ခွင်သို့ ရောက်နေရပြီး ဝန်ထမ်းတွေရဲ့ အချိန်ကနေ နေ့တိုင်း meeting လုပ်ပြီး meeting ချိန်ကို ဝန်ထမ်း တွေရဲ့ အချိန်ထဲကပေးနေရပါတယ်”လို့ ဆိုပါတယ်။
အဆိုပါစက်ရုံဟာ အလုပ်သမား၂၉၀ နီးပါး ခန့်အပ်လုပ်ကိုင်နေပြီး Myarnak ရော်ဘာထုတ်လုပ်နေတာဖြစ်ကာ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြစ်တဲ့ အလုပ်သမားများ ခံစားခွင့်ဖြစ်သော ရှောင်တခင် / လုပ်သက်ခွင့်/ လူမှုဖူလုံရေး ဆေးခွင့် များဖြင့် အလုပ်ပျက်ပါက စနေနေ့အချိန်ပိုလေးနာရီ (သို့မဟုတ်) တနင်္ဂနွေ ပိတ်ရက်ခကို ဖြတ်တောက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် အဆိုပါစက်ရုံမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိသလို လုပ်ငန်းခွင်အတွင်း အလုပ်သမားများ အခက်ခဲရှိပါက ကိုယ်စားပြု ဆွေးနွေးပေးမဲ့ အလုပ်သမား ကိုယ်စာလှယ် မရှိသည့်အတွက် အလုပ်သမားများ အတွက် အခက်ခဲများရှိနေတာကြောင့် အဆိုပါအလုပ်သမားတွေဟာ ၁။ ခွင့်မဲ့ မဟုတ်သော မိမိ၏အကျိုးခံစားခွင့် ခွင့်ရက်ဖြင့်အလုပ်ပျက်လျှင် ပိတ်ရက်ခ ဖြတ်တောက်ခြင်းမပြုရန်။ ၂။ သန့်ရှင်းရေးဝန်ထမ်းများကိုလုံလောက်စွာခန့်၍ ဝန်ထမ်းများကိုသန့်ရှင်းရေးမလုပ်ခိုင်းစေရန်။ ၃။ ဝန်ထမ်းများကျန်းမာရေးအတွက်ဆေးခန်းနှင့်ဆေးထားရှိပေးရန်။ ၄။ ဝန်ထမ်းများ၏ ကိုယ်ပိုင်အချိန်မဟုတ်ပဲ စက်ရုံမှ သတ်မှတ်ထားသော အလုပ်ချိန်ရောက်မှ သာလျှင် အလုပ်နှင့် ပက်သက်သည်များကို လုပ်စေရန် စတဲ့တောင်းဆိုချက်၄ချက်ကိုလည်း တောင်းဆိုထားပါတယ်။
MyanmarLabourNews
NEWS
MYARNAK ရော်ဘာ စက်ရုံအလုပ်သမားအခွင့်အရေးချိုးဖောက်မှုများရှိနေဟုဆို

2K Views
Related posts

ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026

Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026

Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026

STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026

Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026

Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026

ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026

စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026
