NEWS

Myanto Garment လစာအတွက် ဘဏ်ကတ် အတင်းအကျပ် လုပ်ခိုင်း

CoverLogo
453 Views
 
မြန်ထို Myanto Garment စက်ရုံကပါ။အမှတ်A5၊မြခတ္တာလမ်း၊မြစိမ်းရောင်စက်မှုဇုန်ပါ။
 
လစာကို ဘဏ်ကတ်နဲ့ထုတ်ပေးဖို့ စက်ရုံက စီစဉ်နေလို့ပါ။ အခု စက်လိုင်းတွေကိုချန်ထားပြီး တစ်ခြားဌာနတွေကို ဘဏ်ကတ်တွေ လုပ်ပေးတယ်။
 
အလုပ်သမားတွေ မှတ်ပုံတင်ယူလာခဲ့ကြဖို့ စူပါနဲ့စာရေးမတွေကို စက်ရုံကခေါ်ပြောပါတယ်ဗျ။ ဘဏ်ကတ် မလုပ်ချင်လို့ မှတ်ပုံတင်ယူမလာဘူး ပြောတော့လဲ အလုပ်ဝင်တုန်းက မှတ်ပုံတင်မိတ္တူနဲ့လုပ်ခိုင်းပါတယ်။
 
ဘဏ်ကတ် စပြီးလုပ်ပေးမယ် ပြောတဲ့နေ့တုန်းက အလုပ်သမားတချို့က အခက်အခဲ ရှိတာကို စက်ရုံကို တင်ပြပြောခဲ့ပါသေးတယ်။
 
အဲ့တုန်းက မန်နေဂျာက မလုပ်လို့ မရဘူး လုပ်ကို လုပ်ရမယ်လို့ ပြောပါတယ်။ အခက်အခဲအမျိုးမျိုး ပြောပြတော့တင်ပြပေးမယ် ပြောပြီး နောက်ဆုံးကြတော့ လုပ်ကို လုပ်ရမယ် ဆိုပြီးထပ်ပြောပါတယ်။
 
ဘဏ်ကတ်အတွက် စာရင်းတွေကောက်တယ်။ မှတ်ပုံတင်တွေ၊ ဖုန်းနံပါတ်တွေ ကောက်တယ်။ မလုပ်ချင်လို့မပေးကြဘူး။ အဲ့ဒါကို မန်နေဂျာကမပေးလဲ အလုပ်ဝင်တုန်းကအချက်အလက်တွေနဲ့ လုပ်လို့ရတယ်လို့ ပြောပါတယ်။
မန်နေဂျာက လုပ်ကို လုပ်ရမယ်ဆိုတဲ့ပုံစံမျိုးနဲ့ လုပ်နေတာပါ။
 
လှိုင်သာယာအနောက်ပိုင်းခရိုင်က ဦးစီးတစ်ဦးကို အခုကိစ္စနဲ့ပတ်သက်ပြီးတိုင်ပင် အကူညီတောင်းခဲ့ပါသေးတယ်။
စတိုင်တော့ မလုပ်ချင်တဲ့သူတွေ စုပြီး လက်မှတ်ထိုး ၊ ပြီးရင် သူ့ပိုပေး၊ ဖြေရှင်းပေးမယ်ပြောတယ်။ စကားပြောရင်းနဲ့အဆင်မပြေတဲ့အခက်ခဲက ဘာတွေလဲအဲ့ဒါတွေခို င်မာရင် ရှင်းပေးမယ်ပြောလို့ ဦးစီးက ပြောခဲ့ပါတယ်။
 
ဥပဒေမှာ လစာပေးဖို့ အရေးကြီးတယ်။ ဘယ်လို ပေးပေးရတယ်လို့ပြောပါတယ်။ ပြီးတော့ သဘောမတူလက်ခံထားလိုက်၊ လစာထုတ်လို့ အဆင်မပြေမှလာပြော၊ အဲ့ကြ ဖြေရှင်းပေးမယ်လို့လည်း ပြောပါတယ်။
 
ဘဏ်ကတ် စလုပ်ပေးပြီး ကတ်တွေကိုစက်နဲ့စမ်းကြည့်လို့ရတယ် ဆိုပြီးကားပေါ်ပါလာတဲ့ စက်နဲ့စမ်းခိုင်းပါတယ်။ Pw ပြောင်းခိုင်းပါတယ်။ အဲ့အချိန်မှာအလုပ်သမားတစ်ယောက်ရဲ့ကတ်ကဝင်သွားပြီးပြန်ထွက်မလာတော့ပါဘူး။
အဲ့လိုဖြစ်ရပ်မျိုး လစာထုပ်ရက်မှာဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲဆိုတာမျိုးအတွေးတွေ ဝင်လာကြတော့ ပိုမလုပ်ချင်ကြပါဘူး။
 
ပြီးတော့ATMစက်ရဲ့တစ်ခြား Error ဖြစ်ခဲ့ရင်၊ ဘယ်လိုတာဝန်ယူမလဲဆိုတာမျိုးလဲ၊ မပြောဘူး။ တာဝန်ယူမှုမရှိ၊ လုပ်ကိုလုပ်ရမယ်ဆိုပြီးတော့မန်နေဂျာက စူပါတွေကိုဖိအားပေးပြီးပြောပါတယ်။ တစ်ချို့စူပါတွေကကိုယ်တိုင်လည်း မလုပ်ချင်ကြတော့ဖိအားပေးတာမျိုးမရှိပေမဲ့ မန်နေဂျာကတော့ ဖိအားပေးပါတယ်။
 
အလုပ်သမားအများစုက အိမ်ပိုင်တွေမဟုတ်ဘဲ ငှားနေသူတွေပါ။ လစာထုတရက်မှာ စက်ရဲ့ Error ကြောင့် ငွေထုတ် အဆင်မပြေဖြစ်ခဲ့ရင် အဆောင်လခပေးဖို့နဲ့ တစ်ခြားစျေးကြွေးတွေရှိတော့ ကြွေးရှင်တွေကို တောင်းပန်ပြီးပြောရပါလိမ့်မယ်။ စက်error ကတစ်ရက်အတွင်း အဆင်မပြေခဲ့ရင် တစ်ခြားနေရာတွေကို သွားထုတ်ရရင်အလုပ်ပျတ်ရတာမျိုးလည်း ရှိနိုင်ပါတယ်။
 
အရင်က ကိုယ့်ပိုက်ဆံကို တစ်သိန်းကို တစ်သောင်း ပေးထုတ်ခဲ့ရတာမျိုး၊ တန်းစီး နေရာဝယ်ပြီး အကန့်အသက်နဲ့‌ ငွေထုတ်ခဲ့ရတာ‌တွေ ကြုံခဲ့ရဖူးပါတယ်။
 
အခု နိုင်ငံရေးအခြေအနေနဲ့ အရင်အဖြစ်လို ကြုံခဲ့ရင်၊ လက်ထဲရှိတဲ့ပိုက်ဆံတောင် စိတ်မချရ‌‌တော့ ကျွန်အလုပ်သမားတွေအတွက် ကတ်ကအဆင်မပြေပါဘူး။
 
မန်နေဂျာက စက်ရုံလုံခြုံရေးတွေကိုခဏခဏ ခေါ်ဆူပြီး အလုပ်ဝင်ချိန်နဲ့ထမင်းစားချိန်တွေမှာ စစ်ဆေးတာတွေကို တင်းတင်းကြပ်ကြပ်လုပ်ဖို့လည်းခိုင်းပါတယ်။
 
တခါတလေ အလုပ် လာလုပ်တာမဟုတ်ဘဲ ထောင်ထဲရောက်နေသလိုတောင်ခံစားရပါတယ်။ စက်ရုံဝန်းထဲက မိန်းတံခါးကို သော့အမြဲခတ်ထားပါတယ်။ အရင်တခါလိုငလျင်လှုပ်တာတို့၊ မတော်တဆတစ်ခုခုရှိရင်တောင် ကွင်းပြင်ပြေးထွက်ဖို့မလွယ်ပါဘူး၊ သော့ခတ်ထားလို့ပါ။
 
မနက် လုပ်ငန်းခွင်မှာ ဆိုင်တာတွေရော၊ မဆိုင်တာတွေရော မိုက်နဲ့အော်ဟစ်ပြောဆို ဖိအားပေး ပါတယ်။ စက်ရုံမှာ WCC ဆိုတာ အမည်ခံပါပဲ။အဖွဲ့ဝင်‌တွေ သူတို့ ကိုယ်တိုင်ဘာလုပ်ရမလဲဆိုတာ၊ မသိကြပါဘူး။ အဖွဲ့ဝင်ဘယ်သူတွေဆိုတာလည်း အလုပ်သမားတိုင်းက မသိပါဘူး။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026