NEWS

Myanmar Zxi Xin အထည်ချုပ် စက်ရုံ အချိန်ပို အလွန်အကျွံခေါ်

CoverLogo
419 Views
 
Myanmar Zxi Xin Garment Co,Ltd ပိုင် အထည်ချုပ် စက်ရုံက နေ့စဉ် အချိန်ပိုလုပ်ကိုင်ရတဲ့ အပြင် စနေ့နေတွေ မှာ ညနက်အချိန်ပို (အော်နိုက်) တွေလုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ပါကင် (Packing) , QC (အရည်အသွေးစစ်ဆေး), Iron (မီးပူ)၊ ဘားတက် (ကြယ်သီးရိုက်) စတဲ့ ဌာနတွေကတော့ နေစဉ် အောနိုက် လုပ်ကိုင်ရတယ်လို့လည်း သိရပါတယ်။
 
“အော်နိုက်ဆိုတာ ညနက် ၁၂ အထိ လုပ်ရတာ။ စက်ရုံမှာက နေတိုင်း အချိန်ပို ၂ နာရီ၊ ပါကင် နဲ့ QC တွေလို Finishing ပိုင်းကတော့ နေ့တိုင်းနီးပါး အော်နိုက်တွေ ဆင်းရတယ်။ “ လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စနေနေ့နေ့တိုင်း စက်ရုံအလုပ်သမားအားလုံးနီးပါ အော်နိုက် အချိန်ပိုဆင်းရပြီး တခြားရက်တွေမှာတော့ အလှည့်ကျ အလုပ်ကိုင်ပေးရတယ်လို့ ပြောပါတယ်။ အလုပ်သမားတွေအနေနဲ့ တပတ် အချိန်ပို ကို စုစုပေါင်း နာရီ ၂၀ ကျော် လုပ်ကိုင်ပေးနေရတာလည်း ဖြစ်ပါတယ်။ မြန်မာအလုပ်သမားဥပဒေမှာ တပတ် ၄၄ နာရီပဲ အလုပ် လုပ်ဖို့ ခွင့်ပြုထားသလို အလုပ်ရုံနဲ့ ဥပဒေစစ်ဆေးရေး ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်မှာလည်း အချိန်ပိုကို နေ့စဉ် ၃ နာရီ စနေနေ့မှာ ၅ နာရီ စုစုပေါင်း အချိန်ပို နာရီ ၂၀ ပဲ ခွင့်ပြုထားပါတယ်။
 
Myanmar Zxi Xin Garment စက်ရုံက ရွှေပြည်သာမှာ YFA ဆိုပြီး အထည်ချုပ်စက်ရုံ ဖွင့်ခဲ့ပြီး အလုပ်သမား သမဂ္ဂဖွဲ့စည်းမှုကြောင့် စက်ရုံပိတ်သိမ်းခဲ့တာလို့ သွေးစည်းညီညွတ်သောသမဂ္ဂများ အဖွဲ့ချုပ် STUM တာဝန်ရှိသူက ပြောပါတယ်။
 
“စက်ရုံပိတ်ပြီး လှိုင်သာယာမှာ စက်ရုံပြန်ဖွင့်တယ်။ လူဟောင်းပြန်ခေါ်တယ်။ EC စာချုပ်တွေ မချုပ်ဘူး။ အချိန်ပို တွေကို ဥပဒေထက်ကျော်ပြီး ခိုင်းနေတယ် ၊ အလုပ်သမားဖိနှိပ်မှုတွေ လုပ်လာနေတယ်” လို့ ပြောပါတယ်။
 
Myanmar Zxi Xin အထည်ချုပ်စက်ရုံမှာ အလုပ်သမား အင်အား ၁,၅၀၀ ဝန်းကျင် လုပ်ကိုင်နေပြိး စက်ရုံကတော့ ရန်ကုန်မြို့ ၊ လှိုင်သာယာမြိုနယ်၊ ရွှေလင်ဗန်းစက်မှုဇုန်၊ ပန်းပဲခေါင်း မောင်ခက်လမ်းမှာ ဖွင့်လှစ်ထားပါတယ်။ EC စာချုပ် မချုပ်တာက အလုပ်သမားအတွက်၌ နစ်နာတာမဟုတ်သလို စက်ရုံ လုပ်ငန်းရှင်ဘက်ကလည်း နစ်နာမှု တွေ ရှိတယ်လို့ STUM တာဝန်ရှိသူက ပြောပါတယ်။
 
“ EC စာချုပ်မှာ မလုပ်ရဘူးဆိုတဲ့ အချက်တွေပါတယ်။ အလုပ်သမားကို စက်ရုံဘက်က သတိပေးလက်မှတ် (ဝိမ်တိန်) ထိုးခိုင်းရင် EC စာချုပ်မရှိလို့ အလုပ်သမားက ငြင်းလို့ရတယ်.” လို့ ပြောပါတယ်။
 
စက်ရုံက ဂျပန်အခြေစိုက် Chugoku Sangyo Co., Ltd. ရဲ့ အမှတ်တံဆိပ် HOP-SCOT အလုပ်ခွင် ဝတ်စုံနဲ့ ဘေးကင်းလုံခြုံရေး ဝတ်စုံတွေကို အဓိက ချုပ်လုပ်နေတာလို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026