NEWS

Myanmar Zhen Xiang Garment တပတ် နာရီ ၂၀ ကျော် အချိန်ပိုဆင်းခိုင်း ဖယ်ရီမပေးဘဲ ဆဲဆို

CoverLogo
316 Views
 
Myanmar Zhen Xiang Garment (အထည်ချုပ်) စက်ရုံက သတ်မှတ်အချိန်ပို တပတ် နာရီ ၂၀ ထက် ကျော်လွန်ခိုင်းစေနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ညနက် အချိန်ပိုတွေ ဆင်းခိုင်းတဲ့ အပြင် အပြန်ဖယ်ရီ စီစဉ်မပေးဘူးလို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“မနက်၈ - ည၇ခွဲ ဆင်းတယ်။ စနေနေ့မှာ ညနေ၆ခွဲ အထိ ဆင်းခိုင်းတယ်။ ဒါက ၄ လ လောက်ရှိနေပြီ။ မိုးလင်း အချိန်ပိုတွေ မဆင်းမနေရ ဆင်းခိုင်းတာ၊ စက်လိုင်း Qc တွေဆို ည ၁၂ အထိ ဆင်းခိုင်းတာ။ မနက်ဆို ဖယ်ရီမပေဘူး။ ကိုယ်အစီစဥ်ဖြင့် ပြန် ပဲ။” လို့ ပြောပါတယ်။
 
အချိန်ပိုကို ဖယ်ရီစီစဉ်မပေးလို့ ကိုယ်လမ်းစရိတ်ကိုဘ် အချိန်ပိုဆင်းပေးနေရတာလို့လည်း အလုပ်သမားတွေက ပြောပါတယ်။ ညနက် အချိန်ပိုတွေမှာ စက်ရုံမှာ ဖြစ်သလို အိပ်ခိုင်းတဲ့အပြင် စက်ရုံရဲ့ သုံးရေတွေက သန့်ရှင်းမှုမရှိလို့ ရေးချိုးဖို့ပါ အဆင်မပြောဖြစ်ရတယ်လို့ ပြောပါတယ်။ ဖယ်ရီ စီစဉ်မပေးတဲ့ အပြင် ကြိုပိုယာဉ်တွေ နောက်ကျလို့ စားသောက်ရေးတွေပါ အခက်အခဲတွေ ကြုံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အချိန်ပို မဆင်းနိုင်ရင် အောစူပါ၊ စူပါတွေက ဆဲတယ်။ အရေးကြီး ကိစ္စနဲ့ ပြန်မယ်ဆိုလည်း ပေး မပြန်ဘူး။ အလုပ်လွှတ်ချိန်ဆို ဖယ်ရီကားတွေ က အမြဲတမ်း ၇ခွဲ ထက်နောက်ကျတယ်။ အိမ်ပြန်နောက်ကျပြီး ချက်ပြုတ်ရခက်ကုန်တယ်။ “ လို့ ပြောပါတယ်။
အချိန်ပို မဆင်းနိုင်လို့ အလုပ်မခိုင်းတော့ဘူးလို့ အလုပ်ရှင်က ပြောတယ်ဆိုပြိး ခေါင်းဆောင်တွေက ပြောကြားလေ့ ရှိတယ်လို့လည်း သိရပါတယ်။ အချိန်ပို မဆင်းပါက မန်နေဂျာက ခြိမ်းခြောက် ပြောဆိုတယ်လို့ လည်း ပြောပါတယ်။
“အောလင်းဆို မိုးလင်းထိဆက်တိုက်လုပ်ရပြီး မိုးလင်းလို့အိမ်ပြန်ရင်အချိန်ပိုကြေး မေပးသေးဘူး။ မန်နေဂျာက အချိန်ပို မဆင်းဘူးဆိုရင် ဘယ်တော့ မှအလုပ်ပြန်မဝင်နဲ့လို့ပြောထားတယ်” လို့အလုပ်သမားတွေက ပြောပါတယ်။
အလုပ်သမားတွေ မချုပ်နိုင်တဲ့အထိ အထည်စံချိန်တွေကို စက်ရုံဘက်က သတ်မှတ် တောင်းခံပြီး အလုပ်သမား ၄၀ မပြည့်တဲ့ စက်လိုင်းကို ဝယ်လွန်၊ ဖားမွှေး၊ ဖဲသားအထည် စံချိန် တစ်နာရီ ၇၀ အထိချုပ်ပေးရတယ်တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
“ အထည်စံချိန်မရလျှင် မိုးလင်းပေါက်အချိန်ပို ဆင်းပြီး ချုပ်လုပ်ပေးရတယ်။ QC မန်နေဂျာနဲ့ထုတ်လုပ် ရေးမန်နေဂျာကလဲ အလုပ်သမားတွေကို မိုက်မိုက်ရိုင်းရိုင်း ပြောတယ်။” လို့ ပြောပါတယ်။
လုပ်ငန်းခွင်ကို ၅ မိနစ်စောဝင်ခိုင်းလို့ မနက်စာ စားဖို့ အခက်တွေ့ရတယ်လို့လည်း အလုပ်မားတွေက ပြောပါတယ်။
“အလုပ်သမားတွေရဲ ပိုက်ဆံ အိပ်တွေထဲအထိ မုန့် ပါမပါ စစ်တယ်။ ဒီလိုစစ်တဲ့အပြင် ဖယ်ရီကားနောက်ကျလို့ ထမင်း နည်းနည်းလောက် စားမယ်ဆိုရင် HRတွေက အော်ဟစ် ပြောတယ်။ ပထမဘဲတီးတာပဲ ရှိသေးတယ် လုပ်ငန်းခွင် ထဲ ဝင်ဖို့ ပြောတော့တာ။ " လို့ အလုပ်သမားတဦးက ပြောပါတယ်။
စက်ရုံ လစာကို အလုပ်ဆင်းဖို့ ၅ မိနစ်အလိုမှ ထုတ်ပေးလို့ ငွေစက္ကူအပေါက်အပြဲ လဲဖို့ မချိန်မရ ဖြစ်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါအပြင် လုပ်ငန်းခွင်အတွင်း ကျန်းမာရေးနဲ့ ပတ်သက်ပြီး ကုသဖို့ မပြည့်စုံတာတွေ ရှိတယ်လို့လည်း အလုပ်သမားတွေက ပြောထားပါတယ်။
"စက်ရုံက အောက်ထပ်ဆိုရင် လက်ဆေး ဘေစင် မရှိဘူး။ ဆေးပေးခန်းလဲမရှိဘူး၊ သူနာပြုလည်း မရှိဘူး နေမကောင်းတော့ HR တွေက ဆေး တိုက်တယ်။ အလုပ်ပျက်ရင် ကျန်တဲ့ပိတ်ရက်တွေကို ၇၈၀၀ ပဲပေးတော့တယ်၊” လို့ ပြောပါတယ်။
ဒါ့အပြင် လကုန်အထိ အလုပ်မဆင်းဘဲ အလုပ်ထွက်ပါက ဒေးကြေး ၇၈၀၀ နဲ့ပဲ စက်ရုံဘက်က လစာရှင်းပေးပြီး တခြားခံစားခွင့်တွေတော့ မပေးဘူးလို့ အလုပ်သမားတွေက ပြောထားပါတယ်။
Myanmar Zhen Xiang Garment Ltd စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ငွေပင်လယ်စက်မှုဇုန်၊ ခရေလမ်းမှာ ရှိပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တယ်လို့ သိထားပါတယ်။ အလုပ်သမား ၄၀၀ ကျော်လုပ်ကိုင်နေပြီး CMP၊ Refrigue၊ TOG24 တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026