NEWS

Myanmar Zande အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးများချိုးဖောက်ခံနေရ

CoverLogo
802 Views

ညလုံးပေါက်အလုပ်ဆင်းရတဲ့အိုတီကို အလုပ်သမားတွေကိုကြိုတင်အသိမပေးဘဲခိုင်းစေတာ ၊ အထည်စံချိန်ပမာဏတိုးတောင်းပြီး မရပါက ခြိမ်းခြောက်ခိုင်းစေတာအလုပ်မှနုတ်ထွက်ခိုင်းတာ၊ ကိုယ်ဝန်ဆောင်အလုပ်သမားရှိပါက အလုပ်မှ ထုတ်ပယ်တာ လုပ်ငန်းခွင်အတွင်း အခက်အခဲတစုံတရာရှိပါက ဖြေရှင်းမပေးတာ စတဲ့ချိုးဖောက်မှုတွေ ပြုလုပ်နေတာဖြစ်တယ်လို့  Myanmar Zande အထည်ချုပ်စက်ရုံလုပ်သားတွေကပြောပါတယ်။

လှိုင်သာယာမြို့နယ် ဆိပ်ကမ်းသာလမ်း နဝဒေးမှတ်တိုင်အနီးမှာဖွင့်လှစ်ထားတဲ့ အဲ့ဒီစက်ရုံမှာ ZARA၊ INDITEX အမှတ်တံဆိပ် ဂျာကင်အထည်တွေချုပ်လုပ်တာဖြစ်ပြီးအလုပ်သမား ၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

စက်ရုံက တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်အလုပ်ချိန်မှာ နံနက် ၈ နာရီကနေ ညနေ ၆ နာရီ ၃၀ ထိပုံမှန်အလုပ်ချိန်ဖြစ်ပြီး အိုတီညလုံးပေါက် (အောလင်း)ဆင်းတာကို အလုပ်သမားတွေကို ကြိုတင်အသိမပေးတာ ၊ အိုတီဆင်းရန် ငြင်းဆန်ခွင့်မရှိတာ ဖိအားပေးခိုင်းစေတာတွေ ပြုလုပ်နေတာလို့ အလုပ်သမားကပြောပါတယ်။

"‌စနေနေ့ဆို တစ်နေ့လုံး လုပ်ရတာအပြင် နောက်နေ့မနက် ၅ နာရီအထိဆင်းရတယ် ညလုံးပေါက်ဆင်းရတာက ရေရှည်ဆိုတော့ ကျန်းမာရေးထိခိုက်လာတယ် မဆင်းနိုင်ဘူးလို့ ငြင်းရင်လည်း မရဘူးဆိုပြီးအတင်းဆင်းခိုင်းတယ် မဆင်းရင် အပြောအဆိုခံရတယ် ခွဲခြားဆက်ဆံခံရတယ်"လို့ အမည်မဖော်လိုတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ အခက်အခဲတွေရှိပေမယ့် ညှိနှိုင်းပေးတာ ဖြေရှင်းပေးတာမျိုးမရရှိတဲ့အပြင် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ လည်းအလုပ်သမားကပြောပါတယ်။

"စံချိန်တောင်းတာက စက်လိုင်းတစ်လိုင်းကို လူ ၄၀ ကျော်ရှိတယ်ဆိုရင် လိုင်းထွက်ပေါက်အထည် တစ်နာရီကို ၂၅ ထည်အထိပေးရတယ် အလုပ်သမားတစ်ယောက်ကို စက်နှစ်လုံး ပွိုင့်နှစ်ပွိုင့်ချုပ်နေရတာ စံချိန်တွေကို တဖက်သတ် မတရားတောင်းတာ သူတို့တောင်းတဲ့စံချိန်မရဘူးဆိုရင် အောစူပါတွေ စူပါတွေက ဆဲဆိုအော်ဟစ်ပြီး မလုပ်နိုင်ရင်ထွက်ဆိုတာမျိုးတွေနဲ့ ခြိမ်းခြောက်တာခံရတယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာအလုပ်သမားတွေအတွက် ခွင့်ခံစားခွင့်များပေးထားသော်လည်း ကျန်းမာရေးကိစ္စ အရေးပေါ်ရှောင်တခင်ကိစ္စတွေပေါ်ပေါက်ပါက ခွင့်ပေးပြီး လစာထုတ်ပါက ခွင့်ရက်ကို ဒေးကြေးနဲ့ အခြားခံစားခွင့်တွေဖြတ်တောက်ခံရတာလို့ ဆိုပါတယ်။

"အလုပ်တစ်ရက်ပျက်ရင် ဒေးကြေး ၄၈၀၀ ရက်မှန်ကြေး ၂၀၀၀၀ စုစုပေါင်း ၂၄၈၀၀ အဖြတ်ခံရပါတယ်။ ကျွမ်းကျင်ကြေး A+(၇၀၀၀၀)၊ A(၅၀၀၀၀)၊ B+(၄၀၀၀၀)၊ B(၃၀၀၀၀) သတ်မှတ်ထားပြီး အလုပ်ပျက်ရင်  ဂရိတ်အဆင့်ချပစ်တယ် အဲ့လိုချပစ်လိုက်လို့ ဂရိတ်ချခံရတဲ့နေရာမှာ သွားချုပ်ရတာမဟုတ်ဘဲ အရင် အဆင့်ကနေပဲ ချုပ်ရတယ်ဆိုတော့ ကျမတို့အတွက် အရမ်းနစ်နာပါတယ်"လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေအနေနဲ့ လူမှုဖူလုံရေးကြေးပေးသွင်းရပြီး ခံစားခွင့်ရရှိပေမဲ့ ကိုယ်ဝန်ဆောင်အလုပ်သမားဆိုပါက အလုပ်ထုတ်ပစ်တာတွေပြုလုပ်လေ့ရှိပြီး အလုပ်ထုတ်ပယ်ခံရတဲ့ကိုယ်ဝန်ဆောင်အတွက် ခံစားခွင့်များဆုံးရှုံးပြီး ထိခိုက်နစ်နာမှုများ ဖြစ်ပေါ်စေတယ်လို့ အလုပ်သမားကပြောပါတယ်။

"ဘယ်လိုပြောရမလဲ အလုပ်ရှိတဲ့အမျိုးသမီးအလုပ်သမားတစ်ယောက် အိမ်ထောင်သည်ဆိုရင် ကလေးမွေးတာကရှိမှာပဲ ကိုယ်ဝန်ဆောင်ကိုအလုပ်ထုတ်တော့ အလုပ်လက်မဲ့ဖြစ်သွားရော ထည့်ဝင်ထားတဲ့လူမှုဖူလုံရေးကြေးတွေလည်း ဆုံးရော ဘာခံစားခွင့်မှမရဘူး အရမ်းနစ်နာတယ် ဒါမျိုးကမဖြစ်သင့်ဘူး"လို့ အလုပ်သမားကပြောဆိုပါတယ်။

လက်ရှိမှာတော့ လုပ်ငန်းခွင်အတွင်း အဆင်မပြေမှုတစုံတရာရှိပါက မန်နေဂျာကိုသွားရောက်တိုင်ကြားတဲ့အလုပ်သမားကို အငြိုးအတေးထားပြီးဆက်ဆံတာ ဖိအားပေးခိုင်းတာတွေပြုလုပ်နေလို့ တိုင်ကြားဖို့ ခက်ခဲနေတယ်လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ ကြိုတင်ပြောကြားတာမရှိဘဲ စက်ရုံမှာအချိန်ပိုညလုံးပေါက်ခေါ်တာတွေမပြုလုပ်ဖို့ အလုပ်သမားတွေရဲ့ သဘောဆန္ဒအတိုင်းသာ အချိန်ပိုခေါ်ဖို့ လုပ်ငန်းခွင်အတွင်း ကြီးကြပ်သူတွေက အော်ဟစ်ဆဲဆိုတာတွေမလုပ်ဖို့  အပြစ်တစုံတရာမရှိတဲ့ ကိုယ်ဝန်ဆောင်သယ်အလုပ်သမားတွေကို အလုပ်မထုတ်ဖို့၊ ရှောင်တခင်ခွင့် ခံစားခွင့်ပေးဖို့  နဲ့ လုပ်ငန်းခွင်ဆိုင်ရာအခက်အခဲတွေကို ဖြေရှင်းပေးဖို့ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026