NEWS

Myanmar York လုပ်သားများ ရက်မှန်ကြေး တိုးပေးရန် တောင်းဆို၊ လုပ်ငန်းခွင် ခွဲခြားဆက်ဆံခံနေရ

CoverLogo
2.2K Views
 
Myanmar York အထည်ချုပ်စက်ရုံ အလုပ်သမားတွေက ရက်မှန်ကြေးကို တိုးပေးဖို တောင်းဆိုနေပမဲ့ တာဝန်ရှိ သူတွေက ငြင်းဆန်နေတယ်လို အလုပ်သမားတွေက ပြောပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ ကုန်ဈေးနှုန်းတွေနဲ့ လိုက်လျောညီတွေ ဖြစ်စေဖို စက်ရုံဘက်ကို နည်းလမ်းမျိုးစုံနဲ့ တောင်းဆိုနေပေမဲ့ ငြင်းဆန်နေတာလို့ သိရပါတယ်။
 
“ကုန်ဈေးနှုန်းနဲ့ ညီမျှတဲ့ လုပ်ခလစာမျိုး ရဖိုပါ။ စက်ရုံကို အကြံပြုစာပုံးတွေကနေလည်း စာပို့ တောင်းဆိုတယ်။ WCC ကနေလည်း တောင်းဆိုကြပါတယ် ” လို အလုပ်သမားတဦးက ပြောပါတယ်။
 
WCC အဖွဲ့ဝင် အလုပ်သမားကိုယ်းစာလှယ်ဘက်က တောင်းဆိုပေးတာ မရှိပေမဲ့ လုပ်ခလစာတိုးမြှင့်ပေးဖို အလုပ်သမားတွေက မကြာခဏတောင်းဆိုနေတယ်ဆိုပြီး ဝေဖန်ပြောဆိုတယ်လိုလည်း ပြောပါတယ်။ စက်ရုံအတွင်း အကြံပြု စာပုံးက တဆင့် ရက်မှန်ကြေးတိုးပေးဖို တောင်းဆိုရာမှာလည်း အာဏာပိုင် အဖွဲအစည်းက တိုးပေးဖို့ ညွှန်ကြားမှ တိုးပေးလို့ ရမယ်ဆိုပြီး စာကပ်အကြောင်းပြန်ခဲ့တယ်လို သိရပါတယ်။
 
“လက်ရှိ စက်ရုံက ရက်မှန်ကြေးကို နှစ်သောင်းပဲ ပေးတယ်။ တခြားအထည်ချုပ်တွေတောင် ရက်မှန်ကြေးကို အနည်းဆုံး သုံးသောင်း၊လေးသောင်း၊ ငါးသောင်း အဲလိုတွေပေးနေတာ။ ညီမတို့ရနေတာ တော်တော်နည်းတယ်။ နှစ်သောင်းပဲ ရနေတာလည်း ကြာနေပြီ။ ဒါကြောင့် စုစုပေါင်း ငါးသောင်းပေးဖို တောင်းဆိုကြတာပါ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံကပေးတဲ့ လုပ်ခလစာနဲ့ ရပိုင်ခွင့်တွေက လုံလောက်မှုမရှိတာကြောင့် အလုပ်ထွက်၊ အလုပ်ပြောင်းရွှေ့ ကြတဲ့ အလုပ်သမားတွေလည်း များနေတယ်လို သိရပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်ထဲက ကြီးကြပ်ရေး တာဝန်ရှိသူတွေ ဖြစ်တဲ့ အောစူပါနဲ့ စူပါတွေကလည်း ခွဲခြားဆက်ဆံတာတွေ ပြုလုပ်နေတယ်လို အလုပ်သမား တွေက ပြောပါတယ်။
 
“အောစူပါနဲ့ စူပါတွေ ဂရိတ်ကြေးတိုးပေးပြီဆိုရင် သူတိုနဲ့ ရင်းနှီးသူတွေ၊ နီးစပ်သူတွေပဲ တိုးပေးတယ်။ တကယ် ကျွမ်းကျင်သူတွေ၊ ပွိင့်ကြီးချုပ်တဲ့ သူတွေ၊ အထည်အရေအတွက် ပြည့်တဲ့သူတွေဆို ဘယ်တော့မှ တိုးမရခဲ့ဘူး။ ဒီလို ခွဲခြားမှုတွေရှိတော့ ကျွမ်းကျင်တာ၊ ပင်ပန်းရတာအတူတူကို ပင်ပန်းပြီး ထင်သလောက်မရဘူး။ အထည် ကြေး ပေးရင် ဂရိတ်ကြီးတဲ့သူက ပိုရတယ်။ နောက် အထည်ကြေးဆို စူပါတွေက ပိုရတယ်။ စူပါတွေရတာနဲ့ အလုပ်သမားတွေ ရတာဆို ၆ ဆ လောက်ကွာတယ်။ အလုပ်သမားတွေကိုတော့ အထည်အရေအတွက် ပြည့်အောင် ခိုင်းပြီး အကျိုးခံစားခွင့်ကိုတော့ သူတို့က သာသာလေး ယူသွားတယ်။ ညီမတို့က အစွန်အဖျား ပဲရတယ်။ ပင်ပန်းပြီး ခံစားခွင့်က အပြည့်အဝမရဘူး။ " လို အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအတွင်း ဌာနတွေက ကြီးကြပ်ရေးမှူး အားလုံးနီးပါးက ခွဲခြားဆက်ဆံမှုတွေ ရှိနေတာကြောင့် အလုပ်သမားတွေမှာ အခွင့်အရေးဆုံးရှုံးပြီး ထိခိုက်နစ်နာမှုတွေ ကြုံတွေ့နေရာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ကျောင်းတက်ဖို့ ပဲဖြစ်ဖြစ်၊ တခြားအကြောင်းကြောင်ပဲဖြစ်ဖြစ် ကြီးကြပ်ရေးမှူးနဲ့ အဆင်မပြေသူတွေဆို ခွင့်ရက် တွေ မရဘူး။ သူတိုကတဆင့် ခွင့်တင်ရတော့၊ HR က မပေးဘူးဆိုပြီး ပြောတယ်။ အဆင်ပြေတဲ့သူတွေကိုတော့ လစာမဲ့ခွင့်တွေ ပေးတယ်။ ခွင့်ရရင်တော့ လုပ်သက်တွေ မပျက်တော့ဘူး၊ ခွင့်မရတော့ လုပ်သက်မရှိတော့ဘူး၊ အလုပ်သမား အသစ်လို ဖြစ်တာပေါ့။” လို ပြောပါတယ်။
Myanmar York အထည်ချုပ် စက်ရုံက ရန်ကုန်တိုင်းဒေသကြီး ၊ လိူင်သာယာမြိုနယ်၊ စက်မူဇုံ(၄) ကျန်စစ်သားလမ်းမှာရှိပြီး လုပ်သားအင်အား ၁၆၀၀ ကျော်နဲ့ လုပ်ငန်း လုပ်ကိုင်နေပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026