မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာ၇လမ်း မှာ ဖွင့်လှစ်ထားပြီး အလုပ်သမား ၁၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ Myanmar Taieasy Textile (MTT) CO,LTD စက်ရုံမှာ အလုပ်သမားတွေကို ဖိအားပေးတာ ခွဲခြားဆက်ဆံတာတွေ ရှိပြီး အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။
တရုတ်နိုင်ငံသားပိုင် လုပ်ငန်းဖြစ်ပြီး လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ လည်းသိရပါတယ်။
အဆိုပါ စက်ရုံမှာ LIDL၊ NET အမှတ်တံဆိပ် လူကြီး၊ ကလေး၀တ် ဘောင်းဘီ၊ အကျီမျိုးစုံချုပ်လုပ်တာဖြစ်တယ်လို့ သိရပါတယ်။
ချိုးဖောက်မှုတွေအနေနဲ့ လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ချုပ်လုပ်နိုင်တဲ့ ပမာဏထက်ပိုတဲ့ စံချိန်အဆမတန်တောင်းတာ စံချိန်တောင်းခံရာတွင် စူပါ အောစူပါများမှ အော်ဟစ်ဆဲဆိုတောင်းခံတာ
တစ်နာရီလျင် အထည်စံချိန် ၁၀၀ ကျော်တောင်းပြီး စံချိန်မပြည့်ပါက ဝမ်တိမ်လက်မှတ်ထိုးခိုင်းတာနဲ့ လူသစ်နဲ့ လူဟောင်းတွေကို တန်းတူ စံချိန်တောင်းခံမှုတွေ ပြုလုပ်ကာ လူသစ်တွေကို အချိန်မပေးဘဲ ဖိအားပေးခိုင်းစေတာတွေ ပြုလုပ်လျက်ရှိတယ်လို့ အဆိုပါ စက်ရုံမှာ လုပ်ကိုင်နေတဲ့ လုပ်သားတစ်ဦးကပြောဆိုပါတယ်။
"ပြောရမယ်ဆိုရင်တော့ ဗျာ အလုပ်တက်ချိန် မရောက်ခင်ထဲက မီတင်ခေါ်ပြီး ဆဲဆိုတာတွေရှိတယ် ထမင်းစားချိန််ဆိုတဲ့ အပြည့်အဝ မစားရဘဲ အမြန်စားပြီး ပဲအထည်တွေဖြုတ်ပေးရတာ ပြီးတော့ စက်လိုင်းထဲမှာ လခစားသမားတွေကို အလုပ်ဖြုတ်ပြီး နေ့စားသမားတွေကို ခေါ်ခိုင်းတာတွေ ရှိတယ် တချို့ဌာနတွေဆို ရင် အလုပ်များရင် နေ့စားသမားတွေခေါ်ခိုင်းပြီး ရက်ပိုင်းလောက်ခေါ်ပြီးတာနဲ့ ဖြုတ်ပစ်တာတွေ ရှိတယ်"လို့ အဆိုပါ အလုပ်သမားကပြောဆိုပါတယ်။
မီးပူတိုက်ဌာနက အလုပ်သမားတွေအနေနဲ့ ရေပြတ်တောက်ပါက ရေသယ်ရတာ တွေရှိပြီး လုပ်ငန်းခွင်သုံးဖြစ်သော လွန်းအိမ်၊ လွန်စံ၊ ကတ်ကြေး၊ အစွန်းဖြတ်ဖို့ ဆပ်ပြာမှုန့်ကအစ အလုပ်သမားများက မိမိပိုက်ဆံဖြင့် ဝယ်သုံးရခြင်းများ ရှိနေတယ်လို့ ဆိုပါတယ်။
အလုပ်သမားများ အသုံးပြုသော အိမ်သာသုံးရေမှာ အမြဲတမ်းပြတ်တောက်ခြင်း၊ ထမင်းစားဆောင်နေရာတွင် မိုးတွင်းဘက်တွင် မိုးပတ်ခြင်း၊ လုပ်ငန်းခွင်ထဲတွင် အရမ်းပူပြင်းခြင်း၊ ပန်ကာဖွင့်လျှင်လည်း အချိန်နဲ့ဖွင့်ပေးထားခြင်း၊ အပူအအေးမမျှတခြင်း၊ အလုပ်သမားများ လုပ်ငန်းခွင်ထဲတွင် ဖုန်းအသုံးမပြုရဟု စည်းကမ်းချက် ထုတ်ထားသော်လည်း စက်ပြင်အလုပ်သမားများ ဖုန်းကိုင်ဖုန်းသုံးခြင်း၊ အိမ်သာနားက မီးစက်နားကအခန်းမှာ Epတွေ ရုံးကလူတွေ အလုပ်ချိန်တွင် အိပ်တာ ဇာတ်ကားကြည့်တာများ ရှိသော်လည်း ဝမ်တိန်မပေးခြင်း၊ အခြားသော အလုပ်သမားများဆိုလျှင်လည်း ဝမ်တိန်ပေးခြင်းများ ချက်ခြင်းပြုလုပ်ပြီး အလုပ်သမားအချင်းချင်း ခွဲခြားဆက်ဆံမှုများ ရှိနေတယ်လို့ ကျေနပ်မှုမရှိတဲ့ အလုပ်သမားက ပြောဆိုပါတယ်။
အလုပ်သမာတွေအနေနဲ့ ချုပ်လုပ်နိုင်သော စံချိန်ကို တောင်းခံရန်နှင့် စံချိန်မပြည့်ပါက ဝမ်တိန်ထိုးခိုင်းခြင်း မပြုရန် လုပ်ငန်းခွင်သုံးဖြစ်သော လွန်းအိမ်၊ လွန်စံ၊ ကဒ်ကြေး၊ အစွန်းဖြတ်ဖို့ ဆပ်ပြာမှုန့်များကို အလုပ်ရှင်ဘက်မှ ဝယ်ပေးရန်၊ စူပါ၊ အောစူပါများမှ အလုပ်သမားများကို ဆဲဆိုခြင်း၊ အော်ဟစ်ခြင်း မပြုလုပ်ရန် နဲ့ လုပ်ငန်းခွင်ထဲတွင် အပူအအေးမျှတအောင် စီမံဆောင်ရွက် ပေးရန်တောင်းဆိုလိုတယ်လို့ ဆိုပါတယ်။
#MyanmarLabourNews
NEWS
Myanmar Taieasy Textile (MTT) CO,LTD မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

1.7K Views
Related posts

Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026

TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026

Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026

ရန်ကုန် အခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026

Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026

YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026

Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
