NEWS

Myanmar Sunway Shoes ဖိနပ်စက်ရုံကအလုပ်သမားတွေ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
1.7K Views

ရန်ကုန်တိုင်း  ဒေသကြီး ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) ၊တိုးချဲ့စက်မှုဇုန်၊ကျန်စစ်သားလမ်း မြေတိုင်းရပ်ကွက်မှာဖွင့်လှစ် ထားတဲ့ Myanmar Sunway Shoes ဖိနပ်စက်ရုံဟာ စက်ရုံတွင်းကအလုပ်သမားတွေအပေါ်  အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသား ပိုင်ဖြစ်ပြီး လူဦးရေ ၃၀၀  ခန့်နဲ့လည်ပတ်ကာ  LABEL-JSK(ဂျက်စီကာ), PAH, MUJI, H&M စတဲ့အမှတ်တံဆိပ်တွေကို ချုပ်လုပ်နေတယ် လို့သိရှိရပါတယ်။

" ခွင့်နဲ့ ပတ်သက်ပြီး လုပ်သက်ခွင့်ကတော့လက်ရှိမှာအပြည့်အဝရရှိသွားတယ်လို့သိရပါတယ်။ ရှောင်တခင်ခွင့် ယူရင် ကြိုပြော ရတယ် သက်သေခိုင်လုံမှ ခွင့်ကိုပေးတယ် ရှောင်တခင်ခွင့်ကို သိထားတာက အရေးပေါ်ခွင့် လို့သိထားပြီး အရေးကြီးလို့ ယူမယ် ဆိုရင်တောင် သက်သေခိုင်လုံမှဆိုတော့ခွင့်ယူရတာအဆင်မပြေမှုတွေရှိနေပြီး အောစူပါ စူပါတွေရဲ့ ဆဲဆိုတာတွေ ခွဲခြားဆက်ဆံမှုတွေရှိနေပြီး ကျန်းမာရေးအတွက်ဆိုလည်း ဆေးပေးခန်းလည်း မရှိ သလို သူနာပြုလည်း မရှိဘူး ဆေးပေးခန်းမရှိသော ကြောင့် မိမိတို့ ငွေကြေးဖြင့် ဆေးပစ္စည်း များကို ဝယ် သုံးနေရတယ်" လို့ အလုပ်သမားတစ်ဦးက ဆိုပါတယ်။

စက်ရုံမှာလုပ်ငန်းခွင် ချိုးဖောက်မှုတွေနဲ့ခွဲခြားဆက်ဆံခြင်း တွေရှိနေပြီးအခွင့်အရေးဆိုင်ရာ ဆုံးရှုံးမှုတွေ ရှိနေကာ အလုပ်သမားတွေရဲ့သဘောဆန္ဒမပါဘဲ တနင်္ဂနွေ အလုပ်ပိတ်ရက်တွေအိုတီဆင်းပေးရခြင်း၊  အိုတီ မဆင်းချင်ပါက  အလုပ်သမားကတ် သိမ်းမယ် ဝမ်တိန် ထိုးခိုင်းမယ်လို့ စူပါ လီဒါတွေက ​ပြောဆိုခြိမ်းခြောက်ကာ အချိန်ပိုအတင်းဆင်းခိုင်းခံရခြင်း၊ စက်ရုံမှာနေ့စားအလုပ်သမားတွေကို လစားမခန့်ဘဲ ခိုင်းစေထားခြင်း၊  သတ်မှတ်အထည်စံချိန်ထက်ပိုတောင်း​ကာ အထည်စံချိန်မပြည့်ရင်အဆူဆဲခံရခြင်းတွေ ခံ​နေရတယ်လို့သိရပါတယ်။

အဲဒီလိုအခွင့်အရေးချိုးဖောက်မှုတွေရှိနေတာကြောင့် အလုပ်မားများအနေဖြင့်  ဥပဒေပါ အခွင့်အရေးများ ကို ပေးရန်၊ ဆေးပေးခန်း  နဲ့ သူနာပြု ထားပေးရန်နဲ့ အလုပ်သမားသဘောဆန္ဒ မပါဘဲ တနင်္ဂနွေ အိုတီဆင်း ရတာတွေ မဆင်းရင်အဆူခံအဆဲခံတွေ မရှိစေချင်ဘူးလို့ ပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026