NEWS

MYANMAR SUNVIEW GARMENT (SOLAMODA GROUP) စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်ခံနေရ

CoverLogo
1.5K Views

ရန်ကုန်တိုင်း ‌လှိုင်သာယာမြို့နယ် ရွှေသံလွင်စက်မှုဇုန် မင်းဧရာလမ်းမှာဖွင့်လှစ်ထားတဲ့ တရုတ်နိုင်ငံသားပိုင် MYANMAR SUNVIEW GARMENT (SOLAMODA GROUP)စက်ရုံမှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ကာ အထည်စံချိန်အလွန်အကျွံတောင်းခံတာ တနင်္ဂနွေနေ့ကို အချိန်ပိုဆင်းခိုင်းပြီး လုပ်ခမပေးတာ နဲ့ ခွင့်ခံစားခွင့်မရတာ တွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်း အလုပ်သမား  ၈၀၀ ကျော်ရှိပြီး အလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိသလို လုပ်ငန်းခွင်ညှိနှိုင်းရေးကော်မတီ လည်း ဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

ချုပ်လုပ်တဲ့အမှတ်တံဆိပ်တွေကတော့ SERVO အမှတ်တံဆိပ် အထည်တွေချုပ်လုပ်နေတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ဇန်နဝါရီ တစ်လလုံးမှာ အချိန်ပို ည ၈ နာရီ ၃၀ အထိ ခေါ်ယူခဲ့ပြီး ဖေဖော်ဝါရီလမှာတော့ ညနေ ၆ နာရီ ၃၀ ထိ လုပ်ကိုင်ရပြီး အထည်စံချိန်တွေကို အလုပ်သမားချုပ်လုပ်နိုင်တာထက်ပိုတဲ့ သတ်မှတ်ချက်တွေကို အတင်းအကျပ်တောင်းခံတာတွေ ပြုလုပ်ပြီး မရပါက လိုင်းစူပါများမှ ရိုင်းစိုင်းစွာအော်ဟစ်ဆဲဆိုတာတွေ ပြုလုပ် လျှက်ရှိနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"စက်လိုင်းထဲမှာဆိုရင် တစ်နေ့တစ်နေ့ ငရဲလားလားမှတ်ရမယ် ဘယ်လောက်တောင်ရိုင်းရိုင်းစိုင်းစိုင်းပြောသလဲဆိုရင် တချို့အလုပ်သမာ‌းတွေဆို သူတို့အသံကြားတာနဲ့ လက်ကို အပ်နဲ့တောင်ပေါက်မိတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ အပြင်ထွက်ခွင့် ဂိတ်ပက် ဖြစ်စေ ခွင့် ယူသည်ဖြစ်စေ သက်ဆိုင်ရာ အောစူပါနဲ့ စူပါတွေကို တင်ပြရတာဖြစ်ပြီး အထည်စံချိန် အပြည့်အဝ မရမှာစိုးတဲ့အတွက် ကြောင့် အလွယ်တကူရရှိတာ မရှိဘူးလို့ ဆိုပါတယ်။

"ခွင့်တွေဘာတွေကို မန်နေဂျာဆီ တိုက်ရိုက်သွားတောင်းရတဲ့ဟာမျိုးဆိုပေးတယ် အဲ့လိုရရင်လည်း ‌နောက်ပိုင်းမှာ စူပါ တွေက ခေါ်ပြောတာတွေ လုပ်လို့ ခွင့်မယူရဲတဲ့အခြေအနေတွေ ဖြစ်နေတာ တချို့ နားလည်တဲ့လူတွေက အလုပ်သမားရုံးကို သွားတိုင်မယ်ဆိုတော့မှ ပေးတာ"လို့ အလုပ်သမားကပြောဆိုပါတယ်။

ဒါ့အပြင် တနင်္ဂနွေ အလုပ်ပိတ်ရကနေ့တွေမှာအချိန်ပိုခေါ်ယူတာတွေ ရှိပြီး အချိန်ပိုကြေးပေးချေခြင်းမရှိတာကြောင့် ပြန်လည်တွက်ချက်ပေးစေလိုတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"စက်ရုံမှူးက အလုပ်သမားတွေထဲက သဘောကျတဲ့သူဆိုရင် ရာထူးတိုးပေးတယ် ၃ လလောက်ခန့်ပြီး မကြိုက်တော့ရင် ရာထူးပြန်ချတယ် တကယ်ဆို ရာထူးတိုးမပေးခင်ကတည်းက ကြိုတင်စဉ်းစားရမှာလေ ရာထူးချခံလိုက်ရတဲ့ အလုပ်သမားအတွက် အလုပ်လုပ်ကိုင်ဖို့ အခက်အခဲတွေရှိတယ် ဒီအခြေအနေတွေကို ဖြေရှင်းပေးမဲ့သူမရှိဖြစ်နေတယ်"လို့ အလုပ်သမားကပြောဆိုပါတယ်။

အလုပ်သမားတွေရဲ့ တောင်းဆိုချက်အရ တနင်္ဂနွေအချိန်ပို ဆင်းထားရတဲ့ရက်တွေကို ဘက်ဒိတ်ဖြင့် ပြန်လည်တွက်ချက်ပေးရန် ရာထူးမတိုးပေးခင် အချက်အလက်များ စစ်ဆေးရန်နှင့် ရာထူးတိုးပြီးပါက ပြန်လည်ရာထူးမချရန် အကျိုးအကြောင်းခိုင်လုံပါက ခွင့်နဲ့ ဂိတ်ပက်များ အလွယ်တကူပေးရန် အောစူပါ စူပါများ ရိုင်းစိုင်းစွာဆဲဆို မှုများကို တာဝန်ရှိသူတွေမှ ထိန်းသိမ်းပေးရန်နှင့် အရေးယူပေးရန် စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုထားပါတယ်။

 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026