NEWS

Myanmar Sunny Shoes ဖိနပ်စက်ရုံ တစ်ပတ်ပြည့်သည်အထိ ဆက်လက်တောင်းဆိုနေ

CoverLogo
1.4K Views

လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်၊ စက်မှုဇုန်(၂)၊ တွင်းသင်းတိုက်ဝန် ဦးထွန်းညိုလမ်းရှိဂျပန်နိုင်ငံသား ပိုင်ဆိုင်တဲ့ Myanmar Sunny Shoes ဖိနပ်စက်ရုံက အလုပ်သမားတွေဟာ စက်ရုံတွင်းတောင်းဆိုမှုပြုလုပ်နေရာ တစ်ပတ်ပြည့်သည်အထိ ပြေလည်မှုမရသေးလို့ ဆက်လက်တောင်းဆိုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

"ပြေလည်မှုမရသေးဘူးဗျ။ ဆက်ပြီးတောင်းဆိုနေကြဆဲပါပဲ။ ဒေးကြေးတော့ ၅၆၀၀ တိုးပေးလိုက်တယ်။ ကျန်တဲ့တောင်းဆိုချက်ကမရသေးဘူး။ အဆင်မပြေကြသေးပါဘူး။ နောက်ထပ်ညှိဖို့ရှိသေးတယ်" လို့ အလူပ်သမားတွေကိုကူညီဆောင်ရွက်ပေးနေသူက ဆိုပါတယ်။ 

အဆိုပါအလုပ်သမားတွေအနေနဲ့ တစ်နေ့လုပ်ခတိုးမြှင့်ပေးဖို့နဲ့ အခြားသောတောင်းဆိုချက်များအတွက် ဇွန်လ၂၀ ရက်နေ့က စတင်တောင်းဆိုနေတာဖြစ်ရာ တောင်းဆိုချက်များကို တစ်ညှိနှိုင်းထားရာ တောင်းဆိုမှုတစ်ပတ်ပြည့်တဲ့အထိ ပြေလည်မှုမရသေးတာကြောင့် ဆက်လက်တောင်းဆိုနေကြဆဲဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါ ဖိနပ်စက်ရုံဟာ ၂၀၀၀ ပြည့်နှစ် ဇွန် ၁၄ ရက်နေ့မှ စတင်လုပ်ငန်း လည်ပတ်ခဲ့တာဖြစ်ပြီး လတ်တလောမှာတော့ အလုပ်သမား ၁၂၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။ 

တောင်းဆိုမှုပြုလုပ်ရာမှာ အလုပ်သမား ကျား(၁၃၂)ဦး၊ မ(၇၆၈)ဦး၊ စုစုပေါင်း (၉၀၀)ဦးတို့က လုပ်ခလစာတိုးမြှင့်ခြင်းမရှိသည်မှာ ၂ နှစ်ကျော်ပြီဖြစ်လို့ အလုပ်သမားများအားငဲ့ကွက်ပြီး လုပ်ခလစာတိုးမြှင့်ပေးရန် အလုပ်မှနုတ်ထွက်သွားသော အလုပ်သမားတွေနေရာမှာအစားထိုးပေးဖို့ နှစ်အလိုက်လုပ်သက်ကြေး တိုးမြှင်င့် ပေးဖို့စတာတွေ အတွက် အလုပ်လုပ်ကိုင်ခြင်းမရှိဘဲ စက်ရုံရှိ စက်လိုင်းနေရာများ၌ ထိုင်၍ တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ 

ရလာဒ်အနေနဲ့ ဒေးကြေး ၅၆၀၀ ကျပ်တိုးမြှင့်ပေးခဲ့ပြီး ကျန်တောင်းဆိုချက်တွေမရရှိသေးတာကြောင့် ဆက်လက်တောင်းဆိုနေတယ်လို့ အလုပ်သမားတွေထံကသိရပါတယ်။ 

အဆိုပါစက်ရုံမှာ Hawkins Premium အမှတ်တံဆိပ်နဲ့အခြားသောအမှတ်တံဆိပ် သားရေဖိနပ်တွေချုပ်လုပ်တင်ပို့နေတာဖြစ်တယ်လို့ သိရပါတယ်။ 

#MyanmarLabourNews


Related posts

Cover
Dishang Fashion (Myanmar) အောစူပါမှ ကိုယ်ထိလက်ရောက်ပြုလုပ်တဲ့ အပြင် အလုပ်ပါ အထုတ်ခံရ
May 23, 2026
Cover
T M A အထည်ချုပ် စက်ရုံ အချိန်ပို တပတ် နာရီ ၂၀ ကျော် လုပ်ကိုင်ခိုင်း
May 23, 2026
Cover
Shan Dong Jiayi အထည်ချုပ်စက်ရုံ အချိန်ပို မဆင်းလို့ လုပ်ခ လျှော့ပေး
May 23, 2026
Cover
Peak Outdoor Yangon စက်ရုံ မန်နေဂျာ ဝမ်တိန်အသုံးချ အဓမ္မအလုပ်ထုတ် ပြင်ပဆေးခန်းပြလို့ ဆေးခွင့်မပေးဘဲ ဝမ်တိန်ထိုးခိုင်း
May 21, 2026
Cover
Shwe Myinn Co.,Ltd Washing Fact စက်ရုံ လုပ်သားများအား ဌာနနေရာစုံ လုပ်ကိုင်ခိုင်း
May 21, 2026
Cover
နေရွှေဝင်းအထည်ချုပ်က အလုပ်သမား ၈၀ ကျော်ကို လုပ်ငန်းခွင်ပြန်ဝင်ဖို့နဲ့ နောက်ထပ်တောင်းဆိုမှု ၁ နှစ်အတွင်းမလုပ်ဖို့ထုတ်ပြန်
May 19, 2026
Cover
အလုပ်သမားပေးစာ LUCKYSKY BAGS Myanmar သန့်စင်ခန်းများ ပျက်စီး  သန့်ရှင်းပေးမှု အားနည်း
May 19, 2026
Cover
Joyful Myanmar Garment အမျိုးသမီး လုပ်သားများအား ပိတ်လိပ်ထမ်းခိုင်း
May 19, 2026