NEWS

Myanmar sky run အထည်ချုပ်စက်ရုံ အချိန်ပို တပတ် နာရီ ၃၀ ကျော် လုပ်ကိုင်ခိုင်း

CoverLogo
511 Views
 
Myanmar sky run အထည်ချုပ်စက်ရုံက ရက်ခြား အချိန်ပိုတွေ လုပ်ကိုင်ခိုင်းတဲ့ အပြင် စနေနေ့နဲ့ တနင်္ဂနွေနေ့တွေမှာ အတင်းအကျပ် လုပ်ကိုင်ခိုင်းတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ တစ်ရက်ခြား ညနက်(အောနိုက်) ၁၂ နာရီ လုပ်ကိုင်ပေးရတဲ့ အပြင် စနေ့တွေမှာ အောလင်း (မနက်အစော ၄ နာရီ) နဲ့ တနင်္ဂနွေနေ့တွေမှာ လုပ်ကိုင်ပေးရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“စနေနဲ့ တနင်္ဂနွေ အချိန်ပိုက တစ်ပတ်ခြားစီ လုပ်ခိုင်းတယ်။ စနေနေ့ အောလင်းအထိ ခိုင်းပြီးဆိုရင် တနင်္ဂနွေနေ့ နားရတယ်။ စနေနေ့ ၄ ခွဲဆင်းရ ရင်တာ့ တနင်္ဂနွေမှာ တနေကုန် အချိန်ပို ဆင်းပေးရတယ်။ တလနားရက်က ၂ ရက်ပဲ ရတာ။ ကြားရက်တွေ တနင်္လာကနေ သောကြာအထိက တရက်ခြား အောနိုက်ဆင်းပေးရတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
၂၀၂၂ ခုနှစ်က ထုတ်ပြန်ထားတတဲ့ အလုပ်သမားဝန်ကြီးဌာရဲ့ ညွှန်ကြားစာမှာ အခချိန်ပို တစ်ပတ် နာရီ ၂၀ နဲ့ တလ နာရီ ၈၀ ထက်ကျော် ၈ နာရီကနေ ညနေ ၄ နာရီခွဲအထိ ဖြစ်ပြီး အချိန်ပို ၂ နာရီ နေ့စဉ် လုပ်ကိုင်ရလို့ အလုပ်ဆင်းချိန်က ည ၆ နာရီခွဲအထိ ဖြစ်တယ်လို့ ဆိုပါတယ်။
 
Myanmar sky run အထည်ချုပ်စက်ရုံက တစ်ကပ်ကြေး(အထည်ကြေး) စက်ရုံဖြစ်ပြီး အချိန်လုပ်ခလို့ သတ်မှတ် ရှင်းပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါပေမဲ့ အနည်းဆုံး အလုပ်ချိန် ၁၀ နာရီကနေ ၁၆ နာရီ အထိ အလုပ်လုပ်ပေးနေရတာ ဖြစ်ပါတယ်။
 
နေစဉ် နေ့လယ်စာ စားပြီးချိန်ကနေ အလုပ်ဆင်းချိန်အထိ အလုပ်ချိန် ၆ နာရီကျော် အနားမရဘဲ ဆက်တိုက် လုပ်ကိုင် နေရတယ်လို့ လည်း အလုပ်သမားတွေက ပြောပါတယ်။ အော်လင်းအောနိုက် အချိန်ပိုတွေ ဆင်းရပေမဲ့ နေအိမ်ပြန်ဖို့ ကြိုပို့ ယာဉ်တွေ စီစဉ်ပေးတာ မရှိသလို စားသောက်ရေးကိစ္စတွေမှာ အဆင်မပြေတာတွေ ကြုံနေရတယ်လို့ သိရပါတယ်။
 
“ ည ၆ ခွဲ ကနေ ၇ ခွဲအထိ နားချိန် ထမင်းစားချိန် အနားရတယ်။ ညနက် အချိန်ပိုဖြစ်ဖြစ် မိုးအလင်းဆင်းရလို့ ဖြစ်ဖြစ် စက်ရုံကတော့ ညစာကျွေးပါတယ်။ ဒါပေမဲ့ ဟင်းထမင်းက ဖြစ်သလို ကျွေးတာမျိုးက ပင်ပန်းနေတဲ့ အလုပ်သမားတွေအတွက် အဆင်မပြေဘူး။ အလုပ်ပြီးတော့လည်း စက်ရုံမှာ ဖြစ်သလို အိပ်၊ ပြန်ဖို့ကလည်း ဖယ်ရိမပေးတော့။ ကျန်းမာရေးတွေ ထိခိုက်တယ်.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အချိန်ပို မဆင်းတဲ့ အလုပ်သမားတချို့ကို စက်ရုံတာဝန်ရှိသူတွေက အစည်းအဝေးခေါ် ပြောဆိုတယ်လို့ အချိန်ဆင်းဖို့ လက်မှတ်ကို ထမင်းစားချိန်အပြီးမှ လက်မှတ်ထိုးခိုင်းတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ညဘက်တွေ ot (အချိန်ပို) တွေ တစ်ရက်ခြား ဆင်းနေရပါတယ်။ မဆင်းလို့ ရှိရင်လည်း နောက်ရက်မလာနဲ့ ပြောပါတယ်။ အော်တယ်၊ ဆူတယ်။ အချိန်ပိုတွေဆင်းရတာ ကြာလာတော့ လူတွေက အိပ်ရေးတွေ ပျက်လာတော့၊ ကျန်မာရေးတွေ ထိခိုက်ကြတယ်။ အိမ်ကလည်း မယုံသင်္ကာ ဖြစ်ကြတယ်။” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
အလုပ်သမားဝန်ကြီးဌာနက ခွင့်ပြု့တဲ့ အချိန်ပိုလုပ်ကိုင်ဖို့ ခွင့်ကို စက်ရုံကြော်ငြာသင်ပုန်းမှာ ကပ်ထားတာလည်း အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
စက်ရုံမှာ အလုပ်သမား ၅၀၀ ဝန်းကျင်က ဖိလစ်ပိုင် ဂါဝန်လို့ ခေါ်တဲ့ ကလေးဝတ်ဂါဝန်တွေ အများဆုံး ချုပ်လုပ်တယ်လို့ သိထားပါတယ်။
 
စက်ရုံကတော့ ရန်ကုန်မြို့၊ ရွှေပြည်သာစက်မှုဇုန် ၃၊ ဖန်ချက်ဝန် ဦးရွှေအိုးလမ်းမှာ လုပ်ငန်းလုပ်ကိုင်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026