NEWS

Myanmar SINYOUNG   FASHION အထည်ချုပ်စက်ရုံမှာအလုပ်သမားအခွင့်အရေးချိုးဖောက်နေ

CoverLogo
961 Views

ရန်ကုန်တိုင်း ထန်းတပင်မြို့နယ် ရန်ကုန် - ပုသိမ်လမ်းမပြီးဘေးမှာဖွင့်လှစ်ထားတဲ့ Myanmar SINYOUNG   FASHION အထည်ချုပ်စက်ရုံမှာ အချိန်ပိုအတင်းအကြပ်ဆင်းခိုင်းတာ အချိန်ပိုကြေးကို အပြည့်မပေးတာတွေ အပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

နိုင်ငံတကာအမှတ်တံဆိပ်  Sinsay အင်္ကျီ၊ ဘောင်းဘီတွေ  ချုပ်လုပ်ပြီး အလုပ်သမား ၅၀၀ ဝန်းကျင်နဲ့လုပ်ငန်းလည်ပတ်နေပေမယ့် နေ့စားအလုပ်သမားနဲ့ လူရွယ်လုပ်သားတွေကိုရေတိုခန့်အပ်ခိုင်းစေပြီး လုပ်အားခအပြည့်မရှင်းပေးတာတွေလည်းလုပ်ဆောင်နေတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

"စက်ရုံမှာနေ့စားတွေခေါ်တယ်‌ ၅၈၀၀ ပေးမယ်ဆိုပြီးခေါ်တယ် တကယ်တမ်းရှင်းပေးတော့ ၄၈၀၀ နဲ့ ပဲပေးတယ် နေ့စားထဲမှာအသက်မပြည့်သေးတဲ့ လူငယ်တွေလည်းပါတယ် အော်ဒါရှိချိန်ခဏနဲ့ ခေါ်ခိုင်းပြီး ၃ လမပြည့်ခင် အလုပ်ဖြုတ်ပစ်တာတွေလုပ်တယ် ပြီးရင်ခေါ်လိုက် ထုတ်လိုက်လုပ်တယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။
နေ့စားဝန်ထမ်းတွေကို အော်ဒါအကြောင်းပြပြီး အတည်ပြုဝန်ထမ်းခန့်အပ်ခြင်းမပြုဘဲ ယာယီသဘောမျိုးခိုင်းစေနေတဲ့ အပြင် အတည်ပြုဝန်ထမ်းတွေကိုလည်း မကြာခဏ ဥပဒေမဲ့ အလုပ်ထုတ်ပယ်တာ လုပ်ငန်းခွင်ထဲမှာ နိုင်ငံခြားသာ တရုတ်များမှ တိုက်ရိုက်အုပ်ချုပ်တာတွေ ကျူးလွန်နေတယ်လို့ လည်း အလုပ်သမားတွေကပြောဆိုပါတယ်။

အဆိုပါ စက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်ထဲမှာအလုပ်သမားသမဂ္ဂဖွဲ့စည်းထားခြင်းမရှိဘူးလို့ သိရပါဝယ်။

လုပ်ငန်းခွင်ထဲမှာ အလုပ်သမားတွေ ချုပ်လုပ်နိုင်တာထက် စံချိန်အဆမတန်တောင်းခံတာ စံချိန်တောင်းခံရာမှာ အလုပ်ရှင်ဘက်က တဖက်သတ်သတ်မှတ်ပြီး စက်လိုင်းတစ်လိုင်းလျင် တနာရီ အထည် ၆၀ အထိ သတ်မှတ်ထားပြီး သတ်မှတ်ထားတဲ့အထည်စံချိန်မရပါက စူပါ များမှ အော်ဟစ်ဆဲဆို တွေ နေ့စဉ်ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ဝင်ရောက်ချိန်ဟာ နံနက် ၈ နာရီမှ ညနေ ၆ ခွဲအထိဖြစ်ပြီး အလုပ်သမားတွေကို ကြိုတင်အသိပေးတာမရှိဘဲ အချိန်ပိုအိုတီကို ည ၁၂ နာရီ ဒါမှမဟုတ် ညလုံးပေါက် ဆင်းရတာဖြစ်ပြီး ငြင်းဆန်ခွင့်မရှိဘဲ တလကို အချိန်ပို နာရီ ၈၀ မှ ၁၀၀ ကျော်အထိ ဆင်းရပေမဲ့ အချိန်ပို ကြေးတွေကိုလည်း အပြည့်အဝ ပေးချေတာမရှိဘဲ ဖြတ်တောက်ထားတယ် လို့ အလုပ်သမားကပြောပါတယ်။

အလုပ်သမားတွေအနေနဲ့ အချိန်ပိုလုပ်အားခများကို အပြည့်အဝမရဘဲ ဖြတ်တောက်ခံထားရလို့ သွားရောက်ပြောပြပါက ဖိအားပေးတာ အငြိုးအတေးထားတာတွေ ပြုလုပ်ခံရတယ်လို့ ဆိုပါတယ်။

"အိုတီကို အလုပ်သမားတွေကို ကြိုမပြောဘူး တခါတလေ ညလုံးပေါက်ဆင်းရတာရှိတယ် ညလုံးပေါက်အိမ်မပြန်ရဘဲ စက်ရုံထဲမှာပဲ နေရတယ် မိုးလင်းရင် အလုပ်ပြန်ဆင်းရတယ် အလုပ်သမားတစ်ယောက်ဆို ရေချိုးပြီး အသုံးမပြုတော့တဲ့ ပိတ်စတခုနဲ့ ခန္ဓာကိုယ်ကိုပတ်ထားတာကို မန်နေဂျာက ပိတ်စခိုးတယ်ဆိုပြီးအလုပ်ထုတ်လိုက်တယ် သူ့ပုံကိုလည်း အများမြင်သာတဲ့နေရာမှာ ကပ်ထားတယ်"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

ယင်းကဲ့သို့ မတရားစွပ်စွဲခံရပြီးအလုပ်ထုတ်ခံခဲ့ရတဲ့ အလုပ်သမားအတွက် ဖြေရှင်းပေးဖို့ အလုပ်သမားတွေကို အပစ်တစုံတရာမရှိဘဲ မတရားအလုပ်မထုတ်ဖို့ ဒေးကြေး ၅၈၀၀ ကျပ်ဖြင့် ကြေညာပြီးအလုပ်ခန့်ထားတဲ့ အလုပ်သမားတွေကို ကြေညာထားတဲ့  ၅၈၀၀ ကျပ်ဖြင့်သာရှင်းပေးဖို့ ၃ လပြည့်ပြီးတဲ့ အလုပ်သမားတွေကို အမြဲတမ်းအဖြစ်ခန့်ထားဖို့ အချိန်ပိုအိုတီကြေးတွေကို မှန်မှန်ကန်ကန်ရှင်းပေးဖို့ စတဲ့အချက်တွေ တောင်းဆိုလိုတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။


Related posts

Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026
Cover
Sheng mei စက်ရုံ လုပ်အားခ ခေါင်းပုံဖြတ်
Jun 07, 2026