NEWS

Myanmar Shoe  Dynasty  ရှူးဖိနပ် စက်ရုံ  လုပ်သား ၂၅၀ အား အလုပ်ရပ်နား

CoverLogo
1.1K Views

ပဲခူး အခြေစိုက် Myanmar Shoe  Dynasty  ရှူးဖိနပ် စက်ရုံက အော်ဒါ မရတော့လို့ဆိုပြီး အလုပ်သမား ၂၅၀ ကို အလုပ်က ရပ်နားမယ်လို့ စက်ရုံတာဝန်ရှိသူတဦးက ပြောဆိုခဲ့တယ်လို့ သိရပါတယ် ။ 

အလုပ်ရပ်စဲခံရမယ့် အလုပ်သမားတွေကို  ဩဂုတ်လ ၂၁ ရက် ညနေပိုင်းမှာ ပြောဆိုခဲ့တာ ဖြစ်ပြီး ဥပဒေအတိုင်း တလ ကြိုတင် အကြောင်း ကြားတာလို့ အဲဒီတာဝန်ရှိက အလုပ်သမားတွေကိုပြောပါတယ်။

“အပြစ်ရှိလို့ ထုတ်တာလည်း မဟုတ်ပါဘူး ၊ စက်ရုံရဲ့ အော်ဒါ ပါးတဲ့ အခြေအနေတွေကြောင့် ဒီအလုပ်သမား တွေကို အလုပ်က ရပ်စဲတာပါ ။ ၉ လပိုင်း ၁၈ ရက်အထိ အလုပ်ဆင်းရမှာဖြစ်ပါတယ်။ ဒီအခြေအနေတွေကို သက်ဆိုင်ရာ အလုပ်သမားရုံးတွေကို အကြောင်းကြားထားပါတယ်” လို့ အလုပ်သမားတွေနဲ့ တွေ့ဆုံစဉ် စက်ရုံ တာဝန်ရှိသူက ပြောပါတယ်။

ဇွန်လ မတိုင်မီက Myanmar Shoe  Dynasty  စက်ရုံမှာ အလုပ်သမား ၇၀၀ ဝန်းကျင်ရှိခဲ့ပေမဲ့ လုပ်ခလစာ ၄၈၀၀ ထက် ပိုမပေးတာကြောင့် အလုပ်သမား ၂၀၀ လောက် အလုပ်က ထွက်သွားကြတယ်လို့ စက်ရုံအလုပ်သမား တဦးက ပြောပါတယ်။ 

လက်ရှိ အလုပ်သမား ၅၀၀ ဝန်းကျင် ရှိနေပြီး စက်ရုံဘက်ကတော့အလုပ်သမား ၂၅၀ ကို အလုပ်ကနေ ရပ်စဲမှာလို့ ပြောဆိုထားပါတယ်။ 

ဩဂုတ် ၂၁ ရက်မှာ အလုပ်သမား ၁၇၀ ကို စက်ရုံတာဝန်ရှိသူက အလုပ်ကနေ ရပ်စဲမဲ့ အကြောင်း တွေ့ဆုံရှင်းပြခဲ့တာလို့ အလုပ်ကနေ ရပ်စဲခံခဲ့ရတဲ့ အလုပ်သမား အမျိုးသမီး တဦး က ပြောပါတယ်။ 

“စက်ရုံ ဌာနပေါင်းစုံက အလုပ်သမားတွေ အလုပ်ကနေရပ်စဲခံရတယ်။ လုပ်သက် ၃ လကျော်တွေကနေ တနှစ် ကျော်တွေ အထိပါတယ်။ တနှစ်ကျော်တွေတော့ တလ စာ နစ်နာကြေးရမယ်။ ၆ လကျော်ကြတော့ လဝက်စာ ပေးမယ်၊ ဥပဒေတိုင်းပေးမယ်။ အဲလိုတွေပြောပါတယ် “ လို့ အလုပ်သမား အမျိုးသမီးက ပြော ပါတယ်။

စက်ရုံဘက်ကနေ အလုပ်သမားတွေကို အလုပ် ရပ်စဲရမှာ မျှတမှု မရှိတာတွေလည်း ရှိနေ ပြီး ဘယ်လိုမူဝါဒနဲ့ အလုပ်က ရပ်စဲသူကို ရွေးချယ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရဘူး လို့ အလုပ်ရပ်စဲခံရတဲ့ နောက်ထပ် အမျိုးသမီး က Myanmar Labour News ကို ပြောပါတယ်။

“မှတ်တင်အတုအစစ်ဆိုရင်၊ ကျွန်မတို့က အစစ်တွေ ၊ ဘာလို့ အတုသမားတွေ ကျန်နေလဲ ။ နောက် လုပ်သက် ၃ လ မပြည့်သူတွေလည်း ကျန်နေတယ်လို့ မေးလိုက်တော့။ အဲလိုတွေမမေးပါနဲ့လို့ ပြောတယ်။ တကယ်ဆို အပြစ်ရှိလို့ လိုအပ်ချက်ရှိလို့ ဆိုရင်လည်း ပွင့်ပွင့်လင်းလင်း မရှိဘူး” လို့ ပြောပြပါတယ်။

Myanmar Shoe Dynasty က အလုပ်သမားတွေဟာ အလုပ်ရပ်စဲချိန်အထိ လုပ်ခလစာ ၄၈၀၀ ပဲရရှိ နေတယ်လို့ သိရပါတယ်။ တခြားခံစားခွင့်တွေနဲ့ ပေါင်းရင် တလ ကျပ် ၁၆၀၀၀၀ ကနေ ကျပ် ၂၃၀၀၀၀ ကြားရရှိ ခဲ့တယ်လို့ ပြောကြားပါတယ်။ 

“ အော်ဒါ ပြန်ကောင်းရင်တော့ အခု ရပ်စဲခံရတဲ့ အလုပ်သမားတွေက ဦးစားပေး လို့ ပြောတယ်။ စူပါတွေ ၊ လိုင်းစူပါ တွေကို မှာထားတယ်ပေါ့ အဲလိုလည်း ပြောတယ်။ ဒါပေမဲ့ မိုးတွင်းဆိုတော့ အလုပ်ရှာရခက်တယ်။ ကိုယ် အလုပ် ဝင်တာ ကလည်း ၆ လမပြည့်သေးဘူး။ ဒီလို ရပ်စဲဖို့ရှိတယ်ဆိုလည်း အင်တာဗျူးခေါ်ကတည်း ကြိုပြော သင့်တယ် ။ ကျွန်မတို့က အလုပ်အကိုင်ကောင်းပြီး ခိုင်မာမှုရှိတဲ့ စက်ရုံမှာပဲ လုပ်ချင်တာပေါ့ “ လို့ လုပ်သက် ၅ လရှိ အမျိုးသမီး အလုပ်သမား တဦးက ပြောပြပါတယ်။ 

စက်ရုံကို Myanmar Shoe Dynasty Co.,Ltd က ပိုင်ဆိုင်တယ်လို့ DICA အချက်အလက်တွေ အရ သိရပါတယ်။

စက်ရုံကတော့ ပဲခူးမြို့၊ မြို့ရှောင် လမ်း၊ အထက် ဇိုင်းဂနိုင်းကြီး ကျေးရွာ အနီးမှာ ရှိပြီး CMP စနစ်နဲ့ ဖိနပ်၊ ရှုးဖိနပ် တွေ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ 

ကုမ္ပဏီကို ဖက်ဆပ် (JV)  ကုမ္ပဏီလို့ DICA မှာ ဖော်ပြထားပေမဲ့ ကုမ္ပဏီရဲ့ ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်း စစ်တမ်းမှာတော့ ၁၀၀ ရာခိုင်နှုန်း နိုင်ငံခြားသားရင်းနှီးမြုပ်နှံမှုလို့ ရေးသားထားပါတယ်။ 

စက်ရုံအတွက် ကုန်ကြမ်းတွေကိုတော့ ဂျပန်နဲ့ တရုတ်နိုင်ငံတွေက တင်သွင်းပြီး ထုတ်ကုန် တွေကိုတော့ အဲ့ဒီ နှစ်နိုင်ငံကို တင်ပို့မယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။ 

Photo - Myanmar Shoe Dynasty အား ကောင်းကင်မှ တွေ့ရစဉ်


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026