NEWS

Myanmar SHIN WON GARMENT အလုပ်သမားတွေ အချိန်ပိုအလွန်အကျွံခိုင်းစေခံနေရ

CoverLogo
752 Views

အလုပ်သမား ၅၀၀ ဝန်းကျင်လုပ်ကိုင်နေတဲ့ Myanmar SHIN WON GARMENT အထည်ချုပ်မှာ အလုပ်သမားဥပဒေပါခွင့်ခံစားခွင့်မရတာ၊ ခွင့်တရက်ပျက်ပါက ခံစားခွင့်တွေဖြတ်တောက်ခံရတာ၊ အချိန်ပိုအလွန်အကျွံခိုင်းစေတာနဲ့ နေ့စားသမားတွေကို ၃ လပြည့်ပါက အလုပ်ထုတ်ပြီး အသစ်ပြန်လည်လျှောက်ထားခိုင်းတာတွေ အပါအလုပ်သမားအခွင့်အရေးတွေ ချိုးဖောက်တာတွေ ကျူးလွန်နေတယ်လို့ စက်ရုံမှာလုပ်ကိုင်နေတဲ့အလုပ်သမားတွေကပြောပါတယ်။

စက်ရုံက ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် ညောင်ရွာလမ်းမကြီး စက်မှုဇုန် ၂ မှာဖွင့်လှစ်ထားတာ  တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး လုပ်ငန်းခွင်မှာအလုပ်သမားသမဂ္ဂအဖွဲ့အစည်းမရှိဘူးလို့ သိရပါတယ်။

ဝယ်လွန်သား ဂျာကင်အထည်တွေချုုပ်လုပ်ရတာလို့ ပြောပါတယ်။ လုပ်ငန်းခွင်မှာ အလုပ်သမားများခံစားခွင့်ဖြစ်သော ဥပဒေပါခံစားခွင့်ရက်များကို အလုပ်ရှင်ဘက်မှ ခံစားခွင့်မပြုခြင်း၊ အလုပ်သမားများ အရေးပေါ်ကိစ္စရှိသည်ဖြစ်စေ၊ နေမကောင်းဖြစ်လျင်လည်း ဖုန်းဆက်ပြီး ခွင့်တိုင်ကြာသော်လည်းခွင့်မပေးသည့်အတွက် အလုပ်သမားများလစာထဲမှ ဒေးကြေး(၆၈၀၀)ကျပ်၊ ထောက် ပံ့ကြေး၁၀၀၀ကျပ်၊ ရက်မှန်ကြေး (၅၀၀၀၀)ကျပ်၊ ကျွမ်းကျင်အဆင့်ကြေးပေးထားသည့် အတွက်အလုပ်တစ် ရက်ပျက်လျင်လည်း အချိုးကြဖြတ်တောက်ခံရခြင်းဖြစ်ကြောင်း အလုပ်သမားတွေကပြောပါတယ်။

စက်လိုင်းတစ်လိုင်းကို စူပါ၊ ဟက်ပါ၊ စက်သမားအပါဝင် တစ်လိုင်ကိုလူဦးရေး ၄၀ရှိပြီး လိုင်ပေါက်အထည် ဝယ်လွန်ဂျာကင်ထည်များကို တစ်နာရီကို၃၀အထိပေးရကာ အလုပ်ရှင်ဘက်က တစ်ဖက်သတ်တောင်းခံသော အထည်စံချိန်ကိုမပေး နိုင်လျင် အလုပ်သမားများကို လူအများရှေ့မှာ နာမည်တပ်ပြီး အော်ဟစ်ဆဲဆိုပြီး အရှက်ရအောင်ပြုမူလေ့ ရှိတယ်လို့ ဆိုပါတယ်။ 

ချုပ်လုပ်ရသောအထည်မှာ ဝယ်လွန်နဲ့လုပ်ထားတဲ့ ဂျာကင်ထည်များဖြစ်ပြီး အလုပ်သမားများအတွက် ချုပ်လုပ်ရတာလေးလံခြင်း၊ ခက်ခဲ့ခြင်း၊ လက်ဝင်ခြင်းများကြောင့် စံချိန်ပြည့်မှီရန်အတွက် ရေမသောက် အိမ်သာမသွားပဲချုပ်လုပ်တာတောင် စံချိန်ပြည့်မှီရန်ခက်ခဲတာကြောင့် တောင်းထားတဲ့စံချိန်မပြည့်ပါက အောလင်းအောနိုက်( ညလုံးပေါက်) ဆက်ဆင်းပြီး အထည်ချုပ်ခိုင်းတာလို့ ပြောပါတယ်။

"အလုပ်သမားတွေကအောလင်း အောနိုက်မဆင်းချင်လည်း စူပါတွေက မဖြစ်မနေ ဖိအားပေးပြီးဆင်းခိုင်းတာပါ စနေနေ့ဆိုလည်း ညမိုးလင်းအချိန်ထိ အိုတီမဖြစ်မနေဆင်းရတယ် မဆင်းရင် အငြိုးအတေးထားတယ် ခွဲခြားဆက်ဆံတယ် အရှက်ရအောင်လုပ်တယ်"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်မှာ နေ့စားအလုပ်သမားတွေခန့်ထားပြီး ဒေးကြေး ၅၈၀၀ ကျပ်သာ ပေးချေပြီး ခွင့်၊ ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးတွေခံစားခွင့်မရသလို လုပ်သက် ၃ လပြည့်ပါက အလုပ်ထုတ်ပစ်ပြီး အသစ်ပြန်လည်လျှောက်ထားခိုင်းကာ လုပ်သက်တွေကို ဖျက်ပစ်တာတွေ ပြုလုပ်နေတာကြောင့် နစ်နာမှုတွေရှိနေတယ်လို့ ပြောပါတယ်။

အဆိုပါ လုပ်ငန်းခွင်က အလုပ်သမားတွေအနေနဲ့ အလုပ်သမားဥပဒေပါ အခွင့်အရေးများရလိုပြီး  အလုပ်ရှင် အလုပ်သမား နှစ်ဦးနှစ်ဖက် မျှတသော အခြေအနေတွေနဲ့ အလုပ်လုပ်ကိုင်လိုတာကြောင့် အောက်ပါအချက်တွေကို ဖြေရှင်းပေးဖို့ တောင်းဆိုထားပါတယ်။ တောင်းဆိုချက်တွေကတော့ 

၁။ အလုပ်ရှင်ဘက်မှ အလုပ်သမားများခံစားခွင့်ဖြစ်သော ခွင့်ရက်များခံစားခွင့်ပေးရန်။
၂။ အလုပ်ရှင်ဘက်မှ အလုပ်သမားများကို အောနိုက်၊ အောလင်းများ မတရားဖိအားပေး ဆင်းခိုင်းခြင်းမပြု လုပ်ရန်။
၃။ အလုပ်ရှင်ဘက်မှ နေ့စားအလုပ်သမားများကို အတည်ပြုဝန်ထမ်းမခန့်ချင်သောကြောင့် အကြောင်းပြ ချက်မရှိပဲ အလုပ်ထုတ်ခြင်းမပြုလုပ်ရန်။
၃။  အလုပ်ရှင်ဘက်မှ အလုပ်သမားများချုပ်လုပ်နိုင်သော စံချိန်ကိုသာတောင်းခံရန်စတာတွေ ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။


Related posts

Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
Tanjin fashion milestone အောစူပါ၊ စူပါများ ကလေးလုပ်သားများအား အလုပ်သွင်း
Jun 23, 2026
Cover
ဟွာဖု (မြန်မာ) အထည်ချုပ် လုပ်အားခ ခေါင်းပုံဖြတ်ဖို့ နေ့စားလုပ်သား ခိုင်းနေ
Jun 23, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
New Fubon Garment အချိန်ပိုအတင်းအကျပ် ဆက်ခိုင်းနေ
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026