NEWS

Myanmar Pou Chen ကအလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေအမှုရင်ဆိုင်နေစဉ်ကာလမှာ လစာထုတ်ပေးရန် adidas စီစဉ်နေ

CoverLogo
999 Views

Myanmar Pou Chen ကအလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေအမှုရင်ဆိုင်နေစဉ်ကာလမှာ  လစာထုတ်ပေးရန် adidas စီစဉ်နေကမ္ဘာကျော်အမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ 
adidas ဖိနပ်တွေချုပ်လုပ်နေတဲ့  မြန်မာပေါင်ချိန်စက်ရုံက အလုပ်ထုတ်ခံထားရတဲ့အလုပ်သမားတွေကို  အမှုရင်ဆိုင်နေစဉ်ကာလတစ်လျှောက်မှာ  လစာထုတ်ပေးနိုင်ရန်   adidasက စီစဉ်နေတယ်လို့  အဲဒီစက်ရုံအလုပ်သမားတွေထံကသိရပါတယ်။

“အလုပ်ပြန်မရသေးပါဘူး။ ခုဘယ်အဆင့်ရောက်နေပြီလဲဆိုရင်တော့  brand ဘက်ကနေ အမှုရင်ဆိုင်နေတဲ့ ကာလတစ်လျှောက်လုံးမှာ  လစဉ်လစာထုတ်ဖို့ကိုတော့ကမ်းလှမ်းလာလာရှိတယ်။ ဘယ်နေ့ဘယ်ရက်လစာဘယ်လောက်နဲ့သတ်မှတ်ပြီးထုတ်ပေးမယ်ဆိုတာကိုတော့ အကြောင်းပြန်ထားတာမရှိသေးဘူး။ လုပ်ငန်းခွင်ထဲကိုတော့ပြန်မရောက်သေးဘူး။ အမှုရင်ဆိုင်နေရတဲ့ကာလတစ်လျှောက်လုံးမှာ  လုပ်ငန်းခွင်ထဲကိုပြန်မရောက်မချင်း သူ့ဘက်ကနေလစာပေးပါမယ်ဆိုပြီး  စက်ရုံဘက်ကိုလည်းညွှန်ကြားထားတယ်။ သူ့ဘက်ကနေလည်း ညီမတို့အဖွဲ့အစည်းဆီကို ဆက်သွယ်လာတယ်။ အလုပ်သမားတွေဘက်ကလက်ခံတယ်ဆိုတဲ့အကြောင်း လက်မှတ်တွေတောင်းခိုင်းထားတယ်” လို့ သိရပါတယ်။

ဒါ့အပြင် စက်ရုံဘက်ကနေပြီး အလုပ်ထုတ်လိုက်တဲ့၀န်ထမ်းတွေရဲ့  လစာတွေကို  ဘဏ်ကတ်ထဲလွှဲ ပေးထားပါတယ်လို့  ဘရမ်းဘက်ကိုပြောခဲ့ပေမဲ့ adidas ဘက်ကိုမပြောခင်ကလွှဲပေးလိုက်တာမဟုတ်ဘဲ ဆယ်လပိုင်းကလစာတွေကိုဒီဇင်ဘာ၁ရက်နေ့ ညနေ၄နာရီထိုးခါနီးမှသာ  ဘဏ်ကတ်ထဲကိုရောက်လာတာတွေ့ရတယ်လို့  အလုပ်သမားတွေကဆိုပါတာ်။  

အဲ့ဒီလွှဲလိုက်တဲ့လစာကလည်း ပုံမှန်ရသင့်ရထိုက်တဲ့ငွေ ပမာဏမဟုတ်ဘဲ လုပ်သက်ခွင့်ဆယ်ရက်ခတွေကိုပါ   တစ်ခါတည်းထည့်ပေးလွှဲလိုက်တာကြောင့် ၀န်ထမ်းတွေကို အလုပ်ထုတ်လိုက်တဲ့သဘောသက်ရောက်နေလို့  လစာတွေကိုမထုတ်ဘဲ ပြန်လွှဲပေးမှာဖြစ်တယ်လို့လည်းဆိုပါတယ်။

“အလုပ်သမားတွေလိုချင်တာက  သူတို့အလုပ်ဆင်းခဲ့တဲ့၂၄ရက်ခကိုပဲလိုချင်တာ။ အခြားခံစားခွင့်တွေကိုလည်းမတောင်းထားဘူး အဲ့ဒီအတွက် အလုပ်သမားတွေကလည်း အဲ့လစာတွေကိုမထုတ်ဘူး။ အလုပ်သမားတွေကလည်း အဲ့ဒီငွေတွေကို လွှဲပေးတဲ့အကောင့်ဆီကိုပြန်လွှဲပေးဖို့ရှိပါတယ်။
အလုပ်သမားတွေတစ်ယောက်ချင်းဆီကို စက်ရုံဘက်ကလည်းဖုန်းဆက်တယ်။ အကောင့်တွေက Activeဖြစ်နေသေးလို့လွှဲလိုက်ပါတယ်ဆိုပြီးပြောတယ်။ အမှန်ကမလွှဲခင်ကအကြောင်းကြားတာမျိုးမရှိဘဲနဲ့လွှဲပြီးကာမှ သာအကြောင်းကြားတာဖြစ်တဲ့အတွက်  ကတ်ထဲကငွေတွေကတစ်ခုခုဆိုရင်တာ၀န်မယူဘူးလို့ပြောထားတာရှိတယ်။ သူတို့ဘက်ကလည်း လွှဲထားတာ RECORD ရှိတယ်ပြောတယ်။  ဒါပေမဲ့ကြိုတင်အကြောင်းကြာတာမရှိဘဲလွှဲထားတာဆိုတော့ တစ်ချို့အလုပ်သမားတွေက  ဘဏ်ကတ်တွေမရှိကြတော့ဘူး။ဘဏ်အကောင့်မရှိတဲ့အလုပ်သမားတွေကို စာတိုက်ကနေလွှဲမယ်လို့တော့ပြောတယ်။ ၁၃ယောက်ကိုလွှဲထားတယ်။ လစာမထုတ်ရသေးတာ၁၅ယောက်မှာ ၁၃ယောက်ကိုလွှဲထားတယ်။ ကျန်တဲ့၂ယောက်က စက်ရုံမှာလာထုတ်စရာမလိုဘူး။ စာတိုက်ကနေလွှဲမယ်ပြောတယ်။ စက်ရုံကိုအ၀င်မခံတာ” လို့ အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမားကဆိုပါတယ်။

မြန်မာပေါင်ချိန်စက်ရုံမှ အလုပ်သမားတွေဟာ အနည်းဆုံးအခကြေးငွေတိုးမြှင့်ပေးဖို့တောင်းဆိုရာမှ ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ အလုပ်သမား၂၆ဦး အလုပ်ထုတ်ခံခဲ့ရတာကြောင့် လုပ်ငန်းခွင်အတွင်းပြန်လည်၀င်ရောက်နိုင်ရန် အလုပ်သမား ရုံးမှာ ရုံးအချိန်းသုံးချိန်းပြီးတဲ့အထိ ညှိနှိုင်းခဲ့ပေမဲ့ စက်ရုံလုပ်ငန်းပိုင်ရှင်က ပြန်လည်ခန့်အပ်ပေးမှာမဟုတ်ဘူးလို့သာ ထွက်ဆိုထားခဲ့ပြီး အလုပ်ထုတ်ခံရ တဲ့အလုပ်သမားတွေကိုပြန်လည်ခန့်အပ်ဖို့  အော်ဒါအပ်တဲ့ adidasဘက်က တောင်းဆိုထားပေမဲ့ စက်ရုံဘက်ကတော့ လက်ရှိအချိန်ထိ တုံ့ပြန်မှုမရှိသေးဘူးလို့လည်း သိရပါတယ်။  

မြန်မာပေါင်ချိန်ဖိနပ်စက်ရုံဟာ ရွှေပြည်သာမြို့နယ်၌ လုပ်သားဦးရေ ၇၀၀၀ ခန့်ဖြင့် adidas တံဆိပ်ဖိနပ် ချုပ်လုပ်နေတာဖြစ်ပြီး ထိုင်၀မ်နိုင်ငံရဲ့ကုမ္ပဏီကြီးတစ်ခုဖြစ်ပါတယ်။

ပြည်တွင်းမှာ ကုန်ဈေးနှုန်းမြင့် တက်မှုကြောင့် အခက်အခဲဖြစ်နေတဲ့အလုပ်သမားတွေဟာ တစ်နေ့လုပ်ခကျပ်၄၈၀၀ကနေ ကျပ်၈၀၀၀ သို့ တိုးမြှင့်ပေးရန် တောင်းဆိုမှုအပေါ် ညှိနှိုင်းမှုမရှိတာကြောင့် လူစုလူဝေးဖြင့် စုပေါင်းတောင်းဆိုခဲ့ရာမှ ခွင့်မဲ့ပျက်ကွက်သည်ဆိုကာ အလုပ်ထုတ်ခံခဲ့ရတာဖြစ်ကာ အဆိုပါအလုပ်သမားများ လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက်ရန် ကြိုးစား နေဆဲဖြစ်တယ်လို့ သိရပါတယ်။

#MyanmarLabourNews 
Photo-MyanmarPouChenUnion


Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026