NEWS

Myanmar LNY CAPS (1) စက်ရုံ ပုတ်ပြတ်လုပ်သားများအား အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ

CoverLogo
305 Views
 
Myanmar LNY CAPS (1) ဦးထုပ်ချုပ်စက်ရုံက ပုတ်ပြတ်(လစာ) အလုပ်သမားတွေကို တစ်လ အချိန်ပို ၆၁ နာရီ အဓမ္မခိုင်းစေနေ တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် IWFM ကို အလုပ်သမားတွေက ပြောပါတယ်။
 
“ပုတ်ပြတ် အလုပ်သမားတွေလစာထဲမှာ အချိန်ပို ၆၁ နာရီပါတယ်။ အလုပ်ချိန် (၈) နာရီနဲ့ လစာပေးထားတာ မဟုတ်ပါဘူး။ လစာမှာ အချိန်ပို ၆၁ နာရီလုပ်ပေးရပါတယ်။ အဲဒီ ၆၁ နာရီ ကျော်မှ အချိန်ပိုကြေးနဲ့ တစ်နာရီ ၂,၀၀၀ နဲ့ တွက်ပေးတာ။” လို့ ပြောပါတယ်။
 
မြန်မာနိုင်ငံရဲ့ အလုပ်သမားဥပဒေထဲမှာ တနေ့ အလုပ်ချိန် ၈ နာရီ၊ တပတ်အလုပ်ချိန် ၄၄ နာရီ ၊ တလ အလုပ်ချိန် ၁၇၆ နာရီကို သတ်မှတ် လုပ်ခပေးချေရမှာဖြစ်ပြီး အဲ့ဒီ အလုပ်ချိန်တွေထက် ကျော်လွန်ပါက အချိန်ပို နာရီတွေ အဖြစ် ပြဌာန်းထားပါတယ်။
 
လုပ်ငန်းခွင်အတွင်းက ပုတ်ပြတ်လစာနဲ့ လုပ်ကိုင်နေတဲ့ စာရေးနဲ့ စက်ပြင် အလုပ်သမားတွေမှာ တခြား အလုပ်သမားတွေ နည်းတူ အလုပ်ချိန်တူ လုပ်ကိုင်နေရပေမဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ခွဲခြားခံရတဲ့ အပြင် စက်ရုံဘက်က ဥပဒေမဲ့ အရေးယူတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ဘောနက်စ် ၅၀,၀၀၀ ပေးမယ်ပြောတယ်။ ပုတ်ပြတ် အလုပ်သမားတွေ မပါဘူးဆိုပြီး ကြေညာတယ်။ စက်ရုံမှူးသွားပြောလည်း ပုတ်ပြတ်မို့ မပေးနိုင်ဘူးတဲ့။ အရေးယူခံရတော့ အတူပဲ” လို့ အလုပ်သမားတဦးက ပြောပါတယ်။
ဖေဖော်ဝါရီလထဲမှာ (၆) ရက်ကြာ စက်ရုံပိတ်ခဲ့လို့ အလုပ်သမားတွေက နယ်ပြန်ကြပြီးနောက် အကြောင်းကြောင့် လုပ်ငန်းခွင် အချိန်မီ ပြန်မဝင်နိုင်တဲ့ အလုပ်သမားတွေကို လစာ ဖြတ်ခဲ့တဲ့ အပြင် သတိပေး လက်မှတ်ထိုး ခိုင်းခဲ့တယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ပြင်တစ်ချို့ နယ်ပြန်တာ အလုပ်ဖွင့်ရက် ပြန်မရောက်ကြဘူး၊ အလုပ်မလာလို့ဆိုပြီး ၁၉ ရက်မှာ ဝမ်တိန် ထိုးခိုင်းတယ်။ ရက်ပျက်လို့ လစာထဲက အချိုးကျ အဖြတ်ခံတယ်။ “ လို့ ပြောပါတယ်။
 
အလုပ်သမားတွေအနေနဲ့ လမ်းခရီးမှာ ကားပျက်တာ၊ လက်မှတ်မရတာ ဒါမဟုတ် ကျန်းမာရေး ပြသနာတွေ ရှိလာရင် အဲဒီ လက်မှတ်၊ ဆေးစာတွေကို အထောက်အထားအနေနဲ့ သေချာသိမ်းထားပြီး HR ကို တင်ပြတာ၊ ဖုန်းနဲ့ဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်က တစ်ဆင့်ဖြစ်စေ ခွင့်တိုင်ကြားတာ ပြုလုပ်ဖို့ ထားဖို့ HR တဦး အကြံပြု ထားပါတယ်။
 
“ ‘ဘယ်နေ့မှာ ပြန်ဝင်ပါမယ်၊ ဘာကြောင့် နောက်ကျရတာပါ’ ဆိုတာကို ကိုယ် ခွင့်တိုင်ရမဲ့သူဆီ လှမ်းပြော ထားပါ။ ဒါမှ "ခွင့်မဲ့ပျက်ကွက်ခြင်း (Absent)" အစား "ခွင့်တိုင်ကြားခြင်း" အဆင့်ကို ရောက်မှာ။ ခွင့်ရက် ဥပဒေကို ပြန် အသုံးချလို့ရတယ်။ ဒါပေမဲ့ စက်ရုံဘက်ကရော ခွင့်ပေးရဲ့လား ၊ ဒါက မေးခွန်း တခု ဖြစ်သွားတယ်” လို့ ပြောထားပါတယ်။
Myanmar LNY CAPS Co,Ltd (1) (ဦးထုပ်) စက်ရုံက ပုတ်ပြတ်အလုပ်သမားတွေမှာ အတတ်ပညာနဲ့ လုပ်ကိုင် နေရပေမဲ့ အလုပ်ချိန်၊ ရပိုင်ခွင့်နဲ့ ခံစားခွင့်တွေ ခွဲခြားခံနေရတယ်လို့လည်း ပြောထားပါတယ်။ စက်ရုံဘက်က ဆောင်ရွက်ချက်တွေက နစ်နာရပေမဲ့ HR ဌာနကတော့ ဥပဒေ အခွင့်အရေးတွေနဲ့အညီ ကူညီပေးတာမရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံ HR က အလုပ်သမားတွေတွက် သေချာစိစစ်ဆောင်ရွက်ပေးတာမျိုးမရှိဘူး။ စက်ရုံမှူးက အလုပ် ဖြုတ်ဆို ဖြုတ်ပေးလိုက်တယ်၊ ဝမ်တိမ်ထိုးဆို ဝမ်တိမ်ထိုးဖို့ ဖိအားပေးတဘ်။ မှားလား/ မှန်လား၊ ဥပဒေနဲ့ညိလား မညီလား စိစစ်ပေးတာမရှိဘူး၊ ခိုင်းသမျှအကုန်လုပ်နေတော့ အလုပ်သမားတွေ တကယ့် တရားမျှတမှုကို မရရှိဘူး ဖြစ်နေတာ.” လို့ ပြောထားပါတယ်။
 
Myanmar LNY CAPS Co,Ltd (1) (ဦးထုပ်) စက်ရုံက ရန်ကုန်မြို့ ရွှေသံလွှင်စက်မှုဇုန်၊ မလိခလမ်း၊ ရွှေသံလွင်စက်မှုဇုန်၊ BOC ကားမှတ်တိုင်အနီးမှာ ရှိပြီး အလုပ်သမား ၉၀၀ ဝန်းကျင်က 47 CLEAN UP, FITCAP, OTTO, CAPAMERICA တံဆိပ် ဦးထုပ်တွေချုပ်လုပ်ပြီး အမေရိကန်နိုင်ငံသို့ တင်ပို့နေတယ်လို့ သိထားပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026