NEWS

Myanmar LNY (2) ဦးထုတ်စက်ရုံက ဌာနပြောင်း လစာလျှော့ချမှုတွေ ပြုလုပ်နေ

CoverLogo
496 Views
 
Myanmar LNY (2) CAPS Co,Ltd (ဦးထုပ်)စက်ရုံက အလုပ်သမားတွေကို ရာထူးချ ဌာနပြောင်း လုပ်ခလစာလျှော့ချတာတွေ ပြုလုပ်နေတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများ အဖွဲ့ချုပ် (IWFM)ကို အလုပ်သမားတွေက ပြောပါတယ်။
 
“စက်ရုံက သူတို့ပဲ စက်ချုပ်လုပ်ဖို့ ခန့်ထားတယ်။ မကြိုက်တော့ဘူးဆိုရင် စက်သမားဆို (HP) အမွေးညှပ်ချတယ်။ စူပါဆို လီတာချတယ်၊ လီတာဆို စက်သမားချတယ်။ လုပ်ခလစာတွေကို လျော့ချတယ်၊ ဌာနတွေ ပြောင်းတယ်။ အဲတာထက် ဘာ နစ်နာကြေးမှ မပေးဘဲ အလုပ်ကထုတ်တာပဲ” လို့ ပြောပါတယ်။
 
စက်ရုံဘက်က အလုပ်သမားတွေကို အမျိုးမျိုးအပြောင်းအလဲတွေလုပ်တာကြောင့် အထည်ထွက်နှုန်းကျဆင်းရပြီး ဒီအတွက် စူပါ၊ လီတာတွေရဲ့ လုပ်ခလစာတွေကို ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ထုတ်တာတွေရော၊ လူသစ်ခန့်တာတွေရော လိုင်းအချိန်အပြောင်းတွေလုပ်တော့ ၊ အထည်ထွက်နှုန်း မတက်ဘူး၊ မတက်ရင်လည်း စူပါ၊ လီတာတွေကို ငွေကြေးဖြတ်တယ်။ အထည်စံချိန်တွေကို ကိုယ်ဝန်ဆောင်မချန် တန်းတူ တောင်းတယ်၊ အလုပ်ခန့်ထားမှု စာချုပ်တွေလည်းရှိတယ်။ အလုပ်သမားတွေ နစ်နာလို့ ဘယ်အလုပ်သမားရုံးသွားတိုင်တိုင် အလုပ်ရှင်တွေရဲ့ ဘက်ပဲ လိုက်ပြီး ဆောင်ရွက်နေတယ်။ အခုတော့ မတိုင်တောဘူး အလုပ်ပဲ ထွက်လိုက်တော့တယ်။ စက်ရုံဘက်ကလည်း ဘာမှ မထောက်ထားဘူး ဘယ်လောက်နှစ်ကြာကြာ အထည်မထွက်ရင် လုပ်ချင်တိုင်းလုပ်နေတာ။” လို့ ပြောပါတယ်။
 
စက်ရုံဘက်က ကျွမ်းကျင်ကြေးကို ပေးထားတာထက် အထည်ကြေးတစ်ကဒ်က ပိုရပါက အထည်ကြေးနဲ့ ရှင်းပေးမယ်ဆိုပေမဲ့ အလုပ်သမားတွေမှာ အလုပ်ကို တစ်နေရာထဲမဟုတ်ပဲ လိုတဲ့ဌာနတွေကို သွားရလုပ်ကိုင်ရလို့ သတ်မှတ်စံချိန်မရဘဲ့ ရာထူးချတာတွေ၊ ငွေကြေးဖြတ်တောက်တာတွေ ခံစားနေရတယ်လို့ ဆိုပါတယ်။
 
“အလုပ်သမားအသစ်တွေ တုန်းကတော့ သုံးလအတွင်း လစာ + အပိုကြေးပေးမယ်ဆိုပြီးခေါ်တယ်။ တကယ်တမ်း အလုပ်လုပ်တော့ အပိုကြေးမပေးပါဘူး။ နောက်တစ်ခုက အချိန်ပိုတွေကို ခေါ်လျှင် ငြင်းမရဘူး။ ဖိအားပေးပြောဆိုမှုတွေလုပ်တယ်၊ ခွင့်ယူလျှင် အလွဲတကူယူလို့မရဘူး။ ခွင့်ယူမယ်ဆို ဘယ်သူ့ကို ခွင့်ပေးခွင့်ရှိ သူမှန်းကို မသိလောက်ပဲ။ “ လို့ ပြောပါတယ်။
 
စက်ရုံ မန်နေဂျာဆိုက အလုပ်သမားရုံးတွေကို သွားရောက်ပြီး ဦးစီးမှူးတွေတိုင်ပင်တာတွေ ပြုလုပ်ပြီး အလုပ်သမားတွေကို ဖိနှိပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားဦးစီးမှူးတွေ အကြံပေးလိုက်သလို စက်ရုံမှာ ဖိတော့တာပဲ။ အခု အလုပ်သမားအခွင့်အရေးတွေချိုးဖောက်ခံရတယ်၊ လုပ်ခလစာတွေ ခေါင်းပုံဖြတ်ခံရတယ်၊ လုပ်ငန်းခွင်အတွင်း ပြောဆိုပြီး ဂုဏ်သိက္ခာမဲ့စွာ အလုပ်လုပ်နေရတယ်၊ လူ့အခွင့်အရေးတွေ ဆုံးရှုံးနေတာပါ၊” လို့ အလုပ်သမားတွေက ပြောဆိုပါတယ်။
 
စက်ရု့အလုပ်ချိန် မနက် ၈ ကနေ ည ၈ နာရီအထိ လုပ်ကိုင်ရပြီး စနေနေ့မှာတော့ ညနေ ၆ နာရီခွဲအထိ လုပ်ကိုင်ရတဲ့ အပြင် တနင်္ဂနွေနေ့ပါ လုပ်ကိုင်ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar LNY (2) CAPS Co,Ltd (ဦးထုပ်)စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ စက်မှုဇုန် (၂) မက္ခရာမင်းသားကြီးဦးပျိုလမ်းနဲ့ ဒီပဲရင်းဝန်ထောက်ဦးမြဲလမ်းထောင့်မှာ ဖွဲ့လှစ်ထားပြီး တ် အလုပ်သမား ၇၅၀ ကျော်လုပ်ကိုင်နေပါတယ်။ အမေရိကန် ကုန်အမှတ်တံဆိပ် dkps, EXPLOSION, OTTO , Milwaukee စတဲ့ ဦးထုတ်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။
 

Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026