NEWS

Myanmar Knitting အထည်ချုပ်စက်ရုံတွင် အလုပ်သမားသမဂ္ဂအားဖြိုခွင်းပြီး လုပ်ငန်းခွင်ချိုးဖောက်မှုများပြုလုပ်နေ

CoverLogo
1.3K Views

ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့ ၁၃ရပ်ကွက်ရှိ Myanmar Knitting အထည်ချုပ်စက်ရုံတွင် အလုပ်သမားတွေကို  ကိုယ်ထိလက်ရောက် ပြုမူနေမှုများ အလုပ်သမားများအချင်းချင်း ခွဲခြားဆက်ဆံမူများ၊ သမဂ္ဂခေါင်းဆောင်များ နှင့်သမဂ္ဂ အဖွဲ့ဝင်များအား ပြန်လည်ခေါ်ယူမူမရှိဘဲ လူသစ်များခေါ်ယူခြင်းများပြုလုပ်လျှက်ရှိတယ်လို့ အလုပ်သမား တွေထံကသိရပါတယ်။

အဆိုပါစက်ရုံဟာ ဟောင်ကောင်နိုင်ငံသားပိုင်ဖြစ်ပြီး လူဦးရေ နှစ်ထောင်ကျော်( ခန့်မှန်း) နဲ့ M & S brand ကိုချုပ်လုပ်နေတယ်လို့သိရပါတယ်။

"စက်ထိုးဌာန တရုတ်လူမျိုး ကြီးကြပ်ရေးမှူးက သူပြောတာနားမလည်လို့ ဝန်ထမ်းတစ်ဦးကို လက်ကိုရိုက်တယ် စကားပြန်လဲမခေါ်ဘူး ​၊ ဝက်ကြီးလို့ခေါ်တဲ့တရုတ်ဆို USB ကြိုး နဲ့ရိုက်တယ် နောက်ကနေ ခြေထောက်နဲ့ကန်ဖို့တောင်လုပ်တာ စကားပြန်က ဆွဲထားလို့ မျက်မြင်​သက်သေတွေလဲရှိတယ် ၊ အပြစ်မရှိအပြစ်ရှာ ဝမ်တိန်ထိုးခိုင်းတယ် ညီမတို့ ၂၀၁၉ စုပေါင်းတောင်းဆိုခဲ့တုန်းက အလုပ်ရှင်အလုပ်သမား၊ အစိုးရဌာန သုံးပွင့်ဆိုင်စာချုပ်မှာ နိုင်ငံခြားသား လူမျိုးတွေကနေတိုက်ရိုက်မအုပ်ချုပ်ရဘူး ပြောစရာရှိရင် စကားပြန်နဲ့ပဲပြောရမယ် ဆိုတာကို ချိုးဖောက်တယ် ၊ အိမ်သာတွေလဲ သန့်ရှင်းမူမရှိဘူး၊ ထမင်းစားခုံတွေဆိုလဲ ညစ်ပတ်တယ် ထမင်းစားခုံမှာ ထားခဲ့တဲ့ မုန့်ထုတ်တွေ ဟင်းထုတ်တွေဆိုလဲ အမြဲ ကျီးကန်းတွေချီတာခံရတယ်။
တရုတ်လူမျိုး​တွက​နေ LGBT တွေကိုလဲ ခွဲခြားဆက်ဆံတာတွေ အလုပ်ထုတ်မယ် ခြိမ်းခြောက်တာတွေနဲ့ ပျက်ရယ်ပြုတာတွေရှိတယ်"လို့အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောပါတယ်။

Myanmar Knitting အထည်ချုပ်စက်ရုံသည် စက်တင်ဘာ ၂၀၁၉မှာ စက်ရုံရှေ့မှာ အချက် ၄၅ချက်ပါ အလုပ်သမားအခွင့်အရေးများအား သုံးရက်တာစုပေါင်းတောင်းဆိုခဲ့ပြီး ကူညီပေးသူနှင့် သမဂ္ဂခေါင်းဆောင်များအား တရားစွဲဆိုခံခဲ့ရပါတယ် ။

အဆိုပါစက်ရုံဟာ ကမ္ဘာ့လုံးဆိုင်ရာ covid- 19 ကပ်ရောဂါ ကာကွယ်ရန် မတ်လ ၂၀၂၀မှာ လူဦးရေနှစ်ထောင်ကျော်လျှော့ချခဲ့ပြီး ဝန်ထမ်းလိုအပ်ပါက လျှော့ချခံရသူတွေကို မူလနေရာမူလရာထူး ပြန်လည်ခေါ်ယူပါမယ်လို့ကြေညာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းလည်ပတ်ရန် ခတ်ခဲလာသဖြင့် ပထမ အကြိမ် လူဦးရေ နှစ်ထောင်ကျော် ထပ်မံလျှော့ချခဲ့ပြီး ဒုတိယအကြိမ် လူဦးရေ နှစ်ထောင်ကျော် ထပ်မံလျှော့ချခဲ့ပါတယ် လုပ်ငန်းပြန်လည် လည်ပတ်ပါက လူဟောင်းများကို ဦးစားပေးခေါ်ယူပါမယ်လို့ ကြေညာခဲ့ပြီး ယခုချိန်မှာ လူဟောင်းများ သမဂ္ဂခေါင်းဆောင်များ ၊ သမဂ္ဂ အဖွဲ့ဝင်များများကို ခေါ်ယူမူမရှိပဲ လူသစ်များအားခေါ်ယူနေတယ်လို့သိရပါတယ်။

"စက်ရုံမှာ သမဂ္ဂခေါင်းဆောင်တွေနဲ့ ကိုယ်စားလှယ်တွေ အလုပ်ပြန်မဝင်ရသေးတော့ ထင်တိုင်းကျဲနေကြတာ ညီမဆို လီတာနဲ့ ပဏာသင့်တော့ အလုပ်တော့ပြန်ဝင်ရတယ် သမဂ္ဂနဲ့ အဆက်အဆံ ရှိတော့ အမြဲစောင့်ကြည့်ခံရတယ် သမဂ္ဂနဲ့မပေါင်းနဲ့အလုပ်ထုတ်ခံရလိမ့်မယ်လို့ပြောတဲ့လီတာတောင်ရှိတယ်။ ညီမတို့အနေနဲ့ သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမား ဥပဒေတွေကို သိတဲ့ အဖွဲ့ဝင်တွေ မှန်တာကိုမှန်တယ်လို့ပြောရဲတဲ့သူတွေကို အလုပ်ပြန်ရစေချင်တယ် သူတို့ပြန်ရောက်မှသာ လုပ်ငန်းခွင်မှာ ဥပဒေအတိုင်းရရှိပြီးမျှတမှုရှိမယ်လို့ ယုံကြည်တယ်"လို့ အဆိုပါစက်ရုံမှ ဝန်ထမ်းတစ်ဦးကပြောဆိုပါတယ်။

#MyanmarLabourNews


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026