NEWS

Myanmar Knitting သိုးမွှေး အထည်ချုပ်စက်ရုံတွင် အထည်စံချိန်များ အလွန်အကျူးတောင်းခံမှုများရှိနေ

CoverLogo
2.1K Views

ဧရာဝတီတိုင်း ပုသိမ်မြို့ (၁၃)ရပ်ကွက် မဟာစေတီလမ်းရှိ Myanmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံတွင် တရုတ်လူမျိုး အမျိုးသမီး ဌာနမှူးမှ ဝန်ထမ်းတစ်ဦး လုပ်ကိုင်နိုင်စွမ်းရှိသော စံချိန်များထက်ပို၍ အလွန်အကျူးတောင်းခံနေခြင်းဖြစ်တယ်လို့ အဆိုပါ စက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေကပြောဆိုပါတယ်။

" တရုတ်လူမျိုး ဌာနမှူး တရုတ်နာမည်တော့ မသိဘူး မြန်မာလိုချောစုခင်လို့ခေါ်တယ် ၊ ချောစုခင်က အလုပ်ချိန်တောင်မရောက်သေးဘူး အထည်တွေဝင်ချုပ်ခိုင်းတယ် အလုပ်ချိန်မဟုတ်တဲ့အချိန်မှာတောင်အထည်တွေမြန်မြန်ချုပ်လို့လိုက်ပြောတယ်၊ အလုပ်ချိန်မတိုင်ခင် စက်သန့်ရှင်းရေးတွေလုပ်ခိုင်းပြီး မီတင်တွေလဲခေါ်တယ်၊ သူတို့မတရားတောင်းတဲ့စံချိန်တွေ မရရင်နှစ်ရက်သုံးရက်ခိုင်းပြီးအလုပ်ထုတ်ပြစ်တယ်၊ မတရားတောင်းတဲ့စံချိန်မရင်ရင် ဆူတာပြောဆိုလုပ်တာတွေအလုပ်ထုတ်တာတွေခံရမှာဆိုးလို့ နေ့လည်ထမင်းစားချိန်တောင်ထမင်းမစားဘဲ အထည်ချုပ်နေတဲ့သူတွေ အများကြီးရှိတယ်"လို့ စက်ရုံက အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

"စက်ရုံတစ်ရုံလုံးယာယီမပိတ်သိမ်းခင်အထိတော့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေကဖြေရှင်းပေးနေတော့ အဆင်ပြေတယ်။ စက်ရုံယာယီပိတ်သိမ်းပြီး ပြန်ဖွင့်တော့ အလုပ်သမားသမဂ္ဂခေါင်းဆောင်တွေ နဲ့ သမဂ္ဂ အဖွဲ့ဝင်တွေကိုပြန်မခေါ်ဘူး ခေါ်မိလို့ သမဂ္ဂ အဖွဲ့ဝင်ထားမှန်းသိရင် အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ်ပြစ်တယ်"လို့ အဆိုပါစက်ရုံတွင် အလုပ်လုပ်နေသော အလုပ်သမားတစ်ဦးကပြောပါတယ်။

Myanmar Knitting သိုးမွှေးအထည်ချုပ်စက်ရုံသည် M & S collection brandကိုချုပ်လုပ်နေပြီး ၂၀၂၀ ကိုဗစ်ကပ်ရောဂါ ကာလတွင် အလုပ်သမား နှစ်ထောင်ကျော် လူအင်အား လျှော့ချခဲ့ပြီး ၂၀၂၁ အာဏာသိမ်းကာလတွင် အလုပ်သမားနှစ်ထောင်ကျော် ထပ်မံလျှော့ချကာ စက်ရုံယာယီပိတ်သိမ်းခဲ့ပြီး အလုပ် ပြန်လည်ဖွင့်ပါက ထိုလျှော့ချခဲ့သောဝန်ထမ်းဟောင်းများကိုဦးစားပေးခေါ်ယူပြီး မူလနေရာမူလရာထူးမူလ လစာဖြင့်ပြန်လည်ခေါ်ယူခန့်အပ်မယ်လို့ ပြောဆိုကာယာယီပိတ်သိမ်းခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်မှာအလုပ်ပြန်လည်ဖွင့်လှစ်ရာ အလုပ်သမားသမဂ္ဂခေါင်းဆောင်များနဲ့ အလုပ်သမားသမဂ္ဂအဖွဲ့ဝင်များကို ပြန်လည်ခေါ်ယူခြင်းမရှိတော့ဘူးလို့ ဆိုပါတယ်။


MyanmarLabourNews


Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
ရန်ကုန်တိုင်းအတွက် စစ်မှုထမ်းရန် လှိုင်သာယာတွင်အဓိကလူစုဆောင်းခံနေရ
Jun 25, 2026