NEWS

Myanmar Ju Chuan ဖိနပ် စက်ရုံ ကြီးကြပ်ရေးမှူးမျာ ခြိမ်းခြောက် ဆဲဆို ခိုင်းစေ

CoverLogo
594 Views
 
Myanmar Ju Chuan ဖိနပ် စက်ရုံချုပ် စက်ရုံက စူပါနဲ့ အောစူပါက ဆဲဆို ခိုင်းစေတာတွေ အပြင် ခြိမ်းပြောဆိုတယ်ဆိုပြီး အလုပ်သမားတွေက ပြောပါတယ်။ ဒီဖိနပ်ချုပ်စက်ရုံက ရုံးသစ်၊ ရုံဟောင်း စက်ရုံနှစ်ရုံ ဖြစ်ပြီး ဆဲဆိုခြိမ်းခြောက်မှုတွေက ရုံသစ်မှာ ဖြစ်ပွားနေတယ်လို့ ပြောပါတယ်။
“စက်လိုင်းက အသစ်ဖွင်တာပါ။ စက်သမားတွေလည်း လူသစ်တွေပါ။ မော်တာ စကိုင်တဲ့နေ့မှာ သင်ပေးတာကို မတက်လို့ အောစူပါက ဆဲပါတယ်။ လိုင်စူပါကလည်း ဆဲပါတယ်။” လို့ အမျိုးသမီး အလုပ်သမားက ပြောပါတယ်။
 
ကြီးကြပ်ရေးမှူးတွေက ဆဲဆိုမှုတွေက ရိုင်းဆိုင်းတဲ့ အပြင် ကိုယ်ထိလက်ရောက် အပြုအမှုတွေပါ ပါဝင်တယ်လို့ ဆက်ပြောပါတယ်။ ဒါ့အပြင် ကြိုက်တဲ့နေရာ တိုင်တန်းနိုင်တယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တာလို့ သိရပါတယ်။
 
“ ေ-ာက်ကောင်မတွေ ဒါတောင် မတက်ဘူးလား။ နင့်တို့ ‌ေ-ာက်စီ မပါဘူးလား။ နင်ေ-ာက်လုံး ကန်နေလား။ သူတို့ ဟာတွေနဲ့လည်း နှိုင်းပြောတယ်။ ကက်ကြေးနဲ့ ဆောင်ထိုးလိုက်ရလို့ ဆိုတာတွေလည်း ပါတယ်။ “ လို့ ပြောပါတယ်။
 
ရိုင်းဆိုင်းစွာ ပြောဆိုခံရတာကြောင့် တချို့ အလုပ်သမားတွေ အလုပ်ထွက်ကြပြီး တချို့ကတော့ အဆင်မပြေတဲ့ အခြေအနေတွေကြောင့် သည်းခံပြုလုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် ဒါ့အပြင် အချိန်ပိုနဲ့ ပတ်သက်တဲ့ ဥပဒေပါတွေကို ချိုးဖောက်နေတယ်လို့ သိရပါတယ်။
 
“တချိုက အလုပ်ထွက်သွားကြပါတယ်။ ထွက်ဖို့ အဆင်မပြေသေးတဲ့သူတွေကတော့ မျက်ရည်ကျပြီး ငြိမ်ခံနေကြရပါတယ်။ ည၈ နာရီအထိ အိုတီခေါ်တာကိုလည်း လိုင်းသားတွေကို မမေးဘဲ၊ စူပါနဲ့ အောစူပါက သူတို့ကိုတိုင် လက်မှက်ထိုး လိုက်ပါတယ်။ ဆင်းဖို့ အဆင်မ‌ပြေလို့ ပြောပြလည်း အတင်း ဆင်း ခိုင်းပါတယ်။ မဆင်း ရင် နောက်နေ့ အလုပ်မလာနဲ့ ဆိုပြီး ပြောတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
ပြီးခဲ့တဲ့ ရက်ပိုင်းက Myanmar Ju Chuan ဖိနပ် စက်ရုံမှာ လုပ်ခတိုးမြှင့်ပေးဖို့ အလုပ်သမားတွေ တောင်းဆိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက် အိုတီမုန့်ဖိုးအပါ ဒေးကြေး ကျပ် ၁၃,၀၀၀ တိုးမြှင့်ရရှိခဲ့တယ်လို့ ပြောပါတယ်။
 
Myanmar Ju Chuan ဖိနပ်စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လှိုင်သာယာ မြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ စက်ရုံနှစ်ရုံဖွင့် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026