NEWS

Myanmar Ju Chuan ဒေးကြေးတိုးပေးမယ်ဆိုပြီး အချိန်ပိုခိုင်းစေ၊ အလုပ်ချိန် ၇ နာရီကျော် လုပ်ကိုင်ရပြီးမှ ပေါင့်မုန့်တစ်ခု ကျွေး

CoverLogo
524 Views
 
 
Myanmar Ju Chuan (မြန်မာကျွိချွမ်း) ဖိနပ်စက်ရုံက အချိန်ပိုတွေ ဆက်တိုက် လုပ်ကိုင်ပေးပါက ဒေးကြေး တိုးပေးမယ်လို့ ပြောဆိုပြီး အချိန်ပိုတွေ ဆက်တိုက်ခိုင်းစေခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။ ဒီလို ဒေးကြေးတွေပေးမယ်ဆိုပြီး HR ဌာနနဲ့ အောစူပါတွေ အစည်းအဝေးလုပ်ပြီး အောစူပါတွေက တစ်ဆင့် ပြောဆိုခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အောစူပါတွေက တဆင့် စူပါတွေ၊ လိုင်းသားတွေကို အိုတီကို ထောက်လျောက်ပုံမှန်ဆင်းပေးရင် ဒေးကြေးတိုးပေးမယ် လို့ပြောတယ်။ အဲ့လိုပြောခဲ့တော့၊ အချိန်ပိုတွေကို ညီမတို့ ဆက်တိုက် ဆင်းပေးခဲပါတယ်။ အခုတော့ စက်ရုံလိမ်လည်ပြီး အိုတီသာဆင်းခိုင်းတာ၊ ဒေးကြေး တိုးမပေးခဲ့ဘူး။” လို့ ပြောပါတယ်။
 
လက်ရှိ စက်ရုံရဲ့ ဒေးကြေးက ၇၈၀၀ ကျပ်သာဖြစ်ပြီး တိုးပေးမဲ့ ပမာဏကို ပြောဆိုခဲ့တာမရှိဘူးလို့ သိရပါတယ်။
Myanmar Ju Chuan ဖိနပ်ချုပ်စက်ရုံမှာ အချိန်ပိုတွေ ပုံမှန် ၇ နာရီခွဲအထိဆင်းခဲ့ရပြီး အဲ့ဒီနောက် ညနက် ၉ နာရီ၊ နောက်တနေ့ မနက်အစော ၁ နာရီခွဲနဲ့ မနက်အစော ၄ ခွဲအထိ လုပ်ကိုင်ပေးခဲ့ရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ ဒါ့အပြင် အချိန်ပို ညနက် ၉ နာရီခွဲအထိ လုပ်ကိုင်ရတဲ့ ရက်တွေ မှာလည်း စက်ရုံဘက်က နားချိန် ၁၀ မိနစ်ပဲ ပေးတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
“ နေ့လယ် ထမင်းစားပြီးချိန်ကတည်းကနေ့ ည ၇ ခွဲကြအထိ လုပ်၊ အဲ့မှ ၁၀ မိနစ် အနားပေးတယ်။ အဲ့ကနေ ၉ ခွဲထိ ပြန်လုပ်။ နားချိန်မှာ ပေါင်မုန့်တလုံး ကျွေးတယ်။ အဲလို လုပ်နေရတာက ကြာနေပြီ ။ အလုပ်သမားတွေ အရမ်းပင်ပန်းကြတော့ လုပ်ငန်းခွင်ထဲမှာပဲ ထိခိုက်ဒဏ်ရာ ရတာတွေ များကြီးပဲ” လို့ အလုပ်သမား တွေက ပြောပါတယ်။
 
သင်္ကြန်ကာအပြီး စက်ရုံပြန်ဖွင့်ချိန်ကတည်း အော်လင်းအော်နိုက်တွေဆင်းခဲ့ရတာဖြစ်တဲ့ အပြင် တနင်္ဂနွေ ပိတ်ရက် ၃ ရက်အလုပ်ဆင်းရလို့ လုံးဝ အနားမရဘူးလို့ ပြောပါတယ်။
 
နားချိန်နည်းပါးလို့ လုပ်ငန်းခွင်ထိခိုက်မှုတွေရှိပေမဲ့ စက်ရုံ ဆေးခန်းအမြဲပိတ်ထားသလို သူနာပြုမှာလည်း ရုံးလုပ်ငန်း လုပ်ကိုင်နေရလို့ ကုသမှုတွေ လုပ်ဖို့ အရန်သင့် ရှိမနေဘူးလို့ သိရပါတယ်။ ဒီလို ထိခိုက်မှုတွေ အတွက် စက်ရုံဘက်က တာဝန်ယူမှုမရှိတဲ့ အပြင် ဆေးစာမပြလို့ဆိုပြီး ခွင့်မဲ့ အဖြစ် သတ်မှတ် ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ဆေးခန်းမှာက ဘာဖြစ်ဖြစ် ပါရာစီတမောပဲ ရှိတယ်။ လက်မလောက် ခေါင်းကက် ပလာစတာ ကို ကပ်ကြေးနဲ့ ညှပ်ပေးတာ။ သူနာပြုက အမြဲရုံးပေါ်မှာ၊ တခုခုဖြစ်ပြီဆို တော်တော်နဲ့ ရောက်မလာ တော့ဘူး။ သူနာပြုက အပြင် ဆေးခန်းသွားခိုင်းတယ်ဆိုရင် စက်ရုံက အိမ်ကိုပဲ ပို့ပေးတယ်။ ဆေးခန်းကို မပို့ဘူး။ နောက်ရက် ဆေးစာ မပါ လို့၊ ခွင့်မဲ့ ဆိုပြီး ဒေးကြေး၊ ရက်မှန်ကြေး၊ ဆုကြေး အကုန် ဖြတ်တာ ပဲ။” လို့ ပြောပါတယ်။
 
အလုပ်သမားတွေ ခံစားခွင့်ရှိ ခွင့်အမျိုးအစားတွေ နဲ့ ဥပဒေပါ အခွင့်အရေးတွေကို မပေးဘဲ စက်ရုံ ဘက်က အခုလို ဖြတ်
တောက်မှုတွေ ပြုလုပ်နေတာလို့ ပြောပါတယ်။ လစာကို ဘဏ်ကတ်ကနေ ပုံမှန် ထုတ်ပေးခဲ့ပေမဲ့ ဧပြီလ လစာကို ငွေသားရှင်းပေးပြီး ၊ အဲဒီ လစာထုတ်ပေးချိန်မှာ စက်ရုံဘက်က အလုပ်တွေ ဆက်လက်ခိုင်းစေခဲ့တယ်လို့ သိရပါတယ်။
 
“စက်ရုံတိုင်း လစာထုတ်ရက် ၄ ခွဲဆင်းပေးတာ၊ ဒါဆို ၂ နာရီခွဲ ၃ နာရီဆို လစာ ထုတ်ပေးနေပြီ။ ညီမတို့ကိုတော့ ၅ နာရီကျော်မှ စထုတ်ပေးတယ်။ ရုံးပေါ်တက်ယူရတာ၊ ဒီလိုအချိန်မှာ တခြား အလုပ်သမားတွေက အလုပ်လုပ်နေရတာ။ အဲ့ဒီအတွက် လုပ်ခထည့်ပေါင်းမပေးဘူးလို့လည်း ပြောတယ်” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Myanmar Ju Chuan ဖိနပ်စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လှိုင်သာယာ မြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ စက်ရုံနှစ်ရုံဖွင့် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026