NEWS

Myanmar Ju Chuan စက်ရုံ အလုပ်သမားဆန္ဒမပါဘဲ ရက်တွက် လစာ သတ်မှတ်

CoverLogo
536 Views
 
မြန်မာကျွိချွမ်း (Myanmar Ju Chuan) စက်ရုံက အလုပ်သမားတွေရဲ့ သဘောဆန္ဒမပါဘဲ ရက်တွက် လစာ တဖက်သတ် သတ်မှတ်ခဲ့တယ်လို့ ပြောပါတယ်။ စက်ရုံဘက် ဖွဲ့ထားတဲ့ WCC အဖွဲ့ဝင်တွေ၊ ဌာနတွေက ကြီးကြပ်ရေးမှူးတွေနဲ့ ပူးပေါင်းပြီး သတ်မှတ်ခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“အလုပ်သမားတွေ ရဲ့သဘောဆန္ဒကို တစ်ခုမှမမေးခဲ့ပါဘူး။ စူပါတွေက လက်မှတ်ထိုးလာပြီး အတည် ဖြစ်တော့မှ အလုပ်သမားတွေကို အသိပေးတာပါရှင့်။ အဲ့ ၁၂၀၀တိုးတာလောက်နဲ့ ညီမတို့အတွက် ဘာမှလုပ်လို့ မရပါဘူးရှင့်။ စက်ရုံတိုင်းက အနည်းဆုံးဒေးကြေး ၁၁၅၀၀ရကြတာကို အားလုံး အသိပါပဲရှင့်။” လို့ အမျိုးသမီးအလုပ်သမားတဦးက ပြောပါတယ်။
 
ရက်တွက်ဒေးကြေး ၇၈၀၀ ကနေ ၁၂၀၀ တိုးပေးပြီး ကျပ် ၉၀၀၀ ကို စက်ရုံဘက်က သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ညှိနှိုင်းမှုမှာပါဝင်တဲ့ WCC အဖွဲ့ဝင်တွေကို စက်ရုံဘက်က ရွေးချယ်ခဲ့ပြီး မဲပေးခိုင်းခဲ့တာဖြစ်လို့ အလုပ်သမားတွေကို ကိုယ်စားပြုမှုမရှိခဲ့ဘူးလို့ ပြောပါတယ်။
 
“ စက်ရုံကဖွဲ့ထားတဲ့ WCC အဖွဲ့ဝင်တွေ၊ တခြားစူပါတွေ၊ အလုပ်ခေါင်းဆောင်တွေ သူတို့ဘာသာ တိုင်ပင်ညှိနှိုင်း လက်မှတ်ထိုးခဲ့တာ။ WCC ဆိုတာကလည်း စက်ရုံက ဖွဲ့ထားသလိုပါဘဲ။ စက်ရုံကလည်း သူတို့ကို လာဘ်ထိုးထားတယ်လည်း ပြောတယ်။ ဘယ်လိုမှ အလုပ်သမားတွေအတွက် မဖြစ်တော့ဘူး.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
စက်ရုံအလုပ်သမားတွေက တိုးမြင့်ပေးတဲ့ ရက်တွက်ဒေးကြေးကို လက်မခံဘဲ တောင်းဆို ကြဖို့ ဆန္ဒရှိပေမဲ့ စက်သမားတွေကို အစည်းအဝေးခါ် ထားမြစ်ထားတယ်လို့လည်း အလုပ်သမားတဦးက ပြောပါတယ်။
 
“ ဒေးကြေးတိုးပေးတာပဲ ပြောနေတာ၊ နေမကောင်းလို့ အလုပ်တစ်ရက်ပျက်ရင်လဲ ရက်မှန်ကြေး ၄၀၀၀၀ လုံးဖြတ်ပါတယ်။ဘာခွင့်မှလဲ မရပါဘူးရှင့်။ ဆေးခွင့်တိုင်လည်း မရပါဘူးရှင့်။ ၁၁နာရီ ဂိတ်ပတ် နဲ့ပြန်ရင်တောင် ရက်မှန်ကြေး အားလုံးဖြတ်ပါတယ်။ ဖြစ်စေချင်တာက အလုပ်သမားတွေရဲ့ သဘောဆန္ဒကို မေးစေချင်တာပါရှင့်။ ဒေးကြေးမကြိုက်လည်း ထွက်ချင် ထွက်မှာပေါ့။” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
Myanmar Ju Chuan ဖိနပ်စက်ရုံက တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး လှိုင်သာယာ မြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ စက်ရုံနှစ်ရုံဖွင့် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောထားပါတယ်။

Related posts

Cover
Myanmar Bestfortune Garment သင်္ကြန်ရက်စားဆင်းခိုင်းပြီး လစာထုတ်ရက် နောက်ဆုတ်
Mar 24, 2026
Cover
Hundred Garment စကားပြန် ဖိနှိပ် ဆက်ဆံနေ
Mar 24, 2026
Cover
ပဲခူး Kfine စက်ရုံ လမ်းလျှောက် အလုပ် လာခိုင်း၊ အနားမပေးဘဲ ဆက်ခိုင်း
Mar 24, 2026
Cover
Yuan Hong Garment စက်ရုံ တနင်္ဂနွေနေ့တိုင်း အချိန်ပို ဆင်းခိုင်း
Mar 24, 2026
Cover
Max Technology စက်ရုံတွင် ဆန္ဒပြ အလုပ်သမားအား နိုင်ငံခြားသာားမှ ကိုယ်ထိလက်ရောက်ကျူးလွန်
Mar 23, 2026
Cover
W & F အထည်ချုပ်စက်ရုံ အချိန်ပို အလွန်အကျွံ ခိုင်းစေ
Mar 23, 2026
Cover
Tianjin Fashion Mileston စက်ရုံ ဆန္ဒပြအလုပ်သမားများ အား ခွဲခြားဆက်ဆံ ဖိနှိပ်
Mar 23, 2026
Cover
အလုပ်သမားများ ပေါ်တာဆွဲခံရသဖြင့် ကံမမြို့ရှိ ရေသန့်စက်ရုံပိတ်လိုက်ရ
Mar 23, 2026