NEWS

Myanmar Jiale Fashion စက်ရုံအလုပ်သမား‌များ အဖြတ်ခံရသည့်ငွေများ ပြန်ပေးရန်ဝန်ကြီးဌာနညွှန်ကြားပေမယ့် ရရှိမှုမရှိသေး

CoverLogo
747 Views

လှိုင်သာယာမြို့နယ် ဗန်းမော်အတွင်းဝန်လမ်း အမှတ်(၄၄) ရှိ Myanmar Jiale Fashion Co.,Ltd စက်ရုံအမှတ် (၂)က အလုပ်သမား‌တွေဆီက ဖြတ်တောက်ခံရတဲ့ငွေတွေ ပြန်လည်ပေးအပ်ဖို့ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက စက်ရုံတာဝန်ရှိသူတွေကို ညွှန်ကြားထားပေမယ့် ဒီကနေ့အထိပေးချေတာမရှိသေးဘူးလို့ သိရပါတယ်။ 

ဒီစက်ရုံမှာ လုပ်ကိုင်နေတဲ့ အလုပ်သမား‌ေတွရဲ့ Factory Bonus ကို အခုနှစ်မတ်လကစတင်ပြီး ဖြတ်တောက်ထားတာဖြစ်ပါတယ်။ ဒီBonus တွေကို စက်တင်ဘာလ ၆ ရက်နေ့ နောက်ဆုံးထား ပြီး ပြန်လည်ပေးအပ်ဖို့  လှိုင်သာယာအနောက်ပိုင်း အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက သြဂုတ်လ ၂၉ ရက်နေ့ ကတည်းက ညွှန်ကြားခဲ့တာပါ။ဒါပေမယ့် အောက်တိုဘာလရောက်တဲ့အထိ စက်ရုံဘက်က ပြန်ထုတ်ပေးတာ မရှိသေးဘူးလို့ သိရပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စက်တင်ဘာ ၁၃ ရက်နေ့မှာ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနက စက်ရုံကို ဝင်ရောက်စစ်ဆေးခဲ့ပေမယ့် စက်ရုံဘက်က တာဝန်ယူမှု မရှိသေးတာဖြစ်ပါတယ်။

အလုပ်သမားတွေကို စက်တင်ဘာလ ၆ ရက်နေ့နောက်ဆုံးထားပေးအပ်ဖို့ညွှန်ကြားပေမယ့် မရသေးတာကြောင့် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနကို ထပ်မံဆက်သွယ်ခဲ့ရမှာလည်း အလုပ်ရှင်ကို အရေးယူတာမရှိဘဲ   အပေါ်ကို စာတင်ထားတယ်လို့သာ တုန့်ပြန်ခဲ့တာဖြစ်ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး လှိုင်သာယာ အနောက်ပိုင်းမြို့နယ် အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန 
အနေဖြင့် ဌာနရဲ့အမိန့် ညွှန်ကြားချက်ကို မလိုက်နာဘဲ ပြောင်ပြောင်တင်းတင်းချိုးဖောက်တဲ့  Myanmar Jiale Fashion2 အထည်ချုပ်လုပ်ငန်းရှင်ကို  အရေးယူအပြစ်ပေးဖို့ ပျက်ကွက်နေတာ ဖြစ်တယ်လို​့ STUM က သုံးသပ်ထားပါတယ်။ 

စက်ရုံက အလုပ်သမား‌တွေ ရရှိရမယ့် Factory Bonus ကို ၂၀၂၄ ခုနှစ် မတ်လ မှ စတင်ကာ ဖျောက်ဖျက်လိုက်တာကြောင့် အလုပ်သမားတွေရဲ့လုပ်ခတစ်ရက်လျှင် ၁၀၀၀ ကျပ်နှုန်းစီဖြင့်  နစ်နာနေတာဟာ ခြောက်လခန့်ရှိပြီ ဖြစ်ပါတယ်။ 

တရုတ်နိုင်ငံသားပိုင် စက်ရုံဟာ အလုပ်သမား ၅၀၀ ခန့်နဲ့ DUB နှင့် SHISKY စတဲ့ ကုန်အမှတ်တံဆိပ်နှစ်မျိုးကို ချုပ်လုပ်‌‌နေတာ ဖြစ်ပါတယ်။


Related posts

Cover
Brothers Myanmar Clothing Co.Ltd စက်ရုံ နားချိန်မပေးဘဲ ခိုင်းစေသည့်အပြင် ရိုင်းစိုင်းစွာ ဆဲဆို
Jan 19, 2026
Cover
Sheng Tai (ST) ဒေးကြေးလျှော့ပေးပြီး WCC ကို ဥပဒေမဲ့ ဖွဲ့စည်း
Jan 17, 2026
Cover
Shwe Zarmani အထည်ချုပ် အချိန်ပိုအတွက် သဘောဆန္ဒမမေးဘဲ လုပ်ကိုင်ခိုင်း
Jan 17, 2026
Cover
Wonderful Apparel စက်ရုံ အလုပ်သမားအခွင့်အရေး ချိုးဖောက်နေ
Jan 16, 2026
Cover
ကိုယ်ဝန်ဆောင် အလုပ်သမားအား Guotai Huasheng Glory Fashion လိုင်းစူပါက ကိုယ်ဝန်ဖျက်ချ ခိုင်း
Jan 16, 2026
Cover
Denko Petrochemical Management ကုမ္ပဏီ ခွင့်မပေးဘဲ ဥပဒေ ချိုးဖောက်
Jan 15, 2026
Cover
Chi Mei အထည်ချုပ် QR မန်နေဂျာ မှာ အတင်းအကျပ် အချိန်ပိုဆင်းခိုင်း
Jan 15, 2026
Cover
"မတရားသဖြင့် အလုပ်ထုတ်ခံရမှုအပေါ် မူလရာထူးဖြင့် အလုပ်ပြန်လည်ရရှိရေး ရင်ဖွင့်တိုင်ကြားစာ"
Jan 14, 2026