NEWS

Myanmar Jiale အထည်ချုပ်စက်ရုံတွင် လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေး ချိုးဖောက်မှုများ ဖြစ်ပေါ်နေ

CoverLogo
569 Views

မြန်မာ ဂျူလီ (Myanmar Jiale) အထည်ချုပ်စက်ရုံ (၁) မှာ လုပ်ငန်းခွင်ဆိုင်ရာ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

 
အလုပ်သမားတွေမှာ လစာသတ်မှတ်ရက်မှာ မရတာ၊ ပိတ်ရက်တွေမှာ အချိန်ပိုဆင်းခိုင်းတာ၊  မတရားထုတ်ပယ်ခံရမှုတွေစတဲ့ အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။  


“လစာတွေက သတ်မှတ်ရက်ထက် နောက်ကျပြီး ပေးတယ်။ လစာထုတ်တော့လည်း ဘာမှန်းမသိတာတွေ အဖြတ်ခံရတယ်။ အပြည့်မရဘူး။  ရုံးပိတ်ရက်တွေမှာ စက်ရုံကို ပိတ်မပေးဘဲ အလုပ်ဆင်းခိုင်းနေတာ.” လို့ အလုပ်သမားတွေက ပြောပါတယ်။  


ရုံးပိတ်ရက်တွေဖြစ်တဲ့ တနင်္ဂနွေ အပါအဝင် အများပြည်သူအလုပ်ပိတ်ရက်တွေ ဖြစ်တဲ့  ဒေဝါလီနေ့နှင့် သီတင်းကျွတ် လပြည့်နေ့များတွင်ပါ မဖြစ်မနေ OT ဆင်းခိုင်းနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“ အခုတန်ဆောင်တိုင် အလုပ်ပိတ်ရက် ၃ ရက်မှာ တရက်ပဲ အနားရမယ်၊ နှစ်ရက်ကို အိုတီ ဆင်းရမှာ။ အလုပ်ထုတ်တာတွေလည်း ရှိတယ်။ မြန်မာအမျိုးသမီး မန်နေဂျာက ပဲ အလုပ်ထုတ်တာတွေ လုပ်နေတာ။” လို့ အလုပ်သမားတဦးက ပြောပါတယ်။ 


အလုပ်သမားနှစ်ဦးက စကားများကြတာကို ရန်ဖြစ်တယ်ဆိုပြီး အလုပ်ထုတ်ခဲ့ပေမဲ့ တဦးကိုပြန်လည်ခန့်ထားပြီး ခွဲခြားမှုတွေ ပြုလုပ်ခဲ့တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


စက်ရုံအတွင်း နေ့စားလုပ်သားတွေ အများအပြားခန့်ထားပြီး မကြာခဏ အလုပ်ထုတ်လေ့ ရှိတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ 


“နေ့စားအလုပ်သမားတွေထဲမှာ  ၁၆/၁၇ အရွယ်တွေပါတယ်။ သုံးလပြည့်တိုင်း တစ်ပတ်နား ဖောင်ပြန် ဖြည့်ခိုင်းတယ်။ နေ့စားထဲမှာ လုပ်သက် တနှစ်ကျော်တွေ ရှိတယ်။ အဲလို့ အလုပ်သမားတွေကိုတောင်  အပြစ်မရှိဘဲ အလုပ်က ထုတ်တယ်။ လေဘာရုံးက စစ်တဲ့ အခါ အဲ့အလုပ်သမားတွေကို လစာမဲ့ အလုပ်နားခိုင်းတယ်။ ဖုံးကွယ်တယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။ 


မြန်မာ အမျိုးသမီးမန်နေဂျာက အလွယ်တကူ အလုပ်ထုတ်တာတွေ ပြုလုပ်သလို WCC အဖွဲ့ဝင် အမျိုးသားမှာလည်း အလုပ်သမားတွေအတွက် ပြောဆိုတာ မရှိလို့ များစွာနစ်နာနေရတယ်လို့ ပြောပါတယ်။ 


ကြိုပို့ဖယ်ရီကားတွေမှာ သတ်မှတ်ချိန်ထက် အမြဲနောက်ကျတယ်လို့လည်း ပြောပါတယ်။ 


“ကြိုပို့တွေ နောက်ကျတယ်၊ မောင်းတဲ့သူ အရက်သေစာ သောက်စားပြီး မောင်းနှင်တယ်။  စက်ရုံမှာ သောက်ရေက အမြဲ မရဘူး။ အလုပ်သမားတွေ ဒါတွေလည်း ကြုံနေရတယ်” လို့ ပြောပါတယ်။  


မြန်မာ ဂျူလီ စက်ရုံမှာ လက်ရှိ Sinsay , Punt Roma စတဲ့ အထည်တွေအပြင်  ဂျပန်အော်ဒါတွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။ Myanmar Jiale 1 စက်ရုံကတော့ ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေသံလွှင်စက်မှုဇုန်၊ မင်းဧရာလမ်းမှာ ရှိပြီး လုပ်သား ၁၀၀၀ ဝန်းကျင် လုပ်ကိုင်နေတယ်လို့ အလုပ်သမားတွေက ပြောဆိုထားပါတယ်။ 


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026
Cover
Best-A Garment Co.,Ltd စက်ရုံ စက်ပြင် နှင့် လုံခြုံရေး ခြိမ်းခြောက်မှု တိုင်းကြားမရလို အမျိုးသမီးများ လုံခြုံမှုမရှိဖြစ်နေ
Aug 10, 2026