NEWS

Myanmar I-Tex Garment စက်ရုံ ကြီးကြပ်ရေးမှူးများ ဆဲဆို အထည်စံချိန်တောင်း

CoverLogo
1K Views
Myanmar I-Tex Garment စက်ရုံ ကြီးကြပ်ရေးမှူး အောစူပါနဲ့ စူပါဆိုသူတွေက ဆဲဆိုပြီး အထည်စံချိန် တောင်းတာတွေ ပြုလုပ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar I-Tex Garment စက်ရုံက လှိုင်သာယာမြို့နယ်၊ မြစိမ်း‌ရောင်စက်မှုဇုန်၊ မြသရဖီလမ်းမှာရှိပြီး တရုတ် နိုင်ငံသားပိုင် စက်ရုံ ဖြစ်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံအတွင်း အလုပ်သမား ၁၀၀၀ ကျော်လုပ်ကိုင်နေပြီး WM STRETCH, VV&q စတဲ့ တံဆိပ်တွေ ရှိလုပ်နေလို့ သိရပါတယ်။
 
“စက်လိုင်းထဲက ကြီးကြပ်ရေးမှူးတွေက ရိုင်းရိုင်းစိုင်းစိုင်း ဆဲပြီးခိုင်းတာ။ အထည်စံချိန်တွေ အလုပ်သမား လုပ်နိုင်တာ ပိုတောင်းတယ်။ သတ်မှတ်စံချိန်မပြည်မှာစိုးပြီးလည်း အော်စူပါ၊ စူပါတွေက ဆဲတယ်။” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
အထည်ဆုကြေးရပါကလည်း လိုင်းစူပါ၊အော်စူပါတွေနဲ့ နီးစစ်သူတွေသာ အများဆုံးရရှိပြီး တကယ်ချုပ်လုပ်နိုင်သူတွေကတော့ နည်းနည်းသာရတာ ခွဲဝေမှု မမျှတတာတွေလည်း ရှိတယ်လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
အလုပ်သမားတွေကို စက်ရုံတာဝန်ရှိသူတွေက ဆေးခွင့်တမျိုးတည်းသား ပေးပြီး ကျန်ခွင့်တွေကတော့ လုံးဝမရဘဲ ဖြေရှင်းပေးနိုင်မဲ့ အလုပ်သမား သမဂ္ဂ မရှိနဲ့ WCC အဖွဲ့အစည်းလည်း မရှိဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။
 
ဒါကြောင့် ဥပဒေအတိုင်းခွင့်ရက်တွေပေးဖို့ ၊ အထည်စံချိန်တွေကို အလုပ်သမား ထုတ်လုပ်နိုင်တဲ့အ‌ရေးအတွက်ကို ညှိနှိုင်းသတ်မှတ်ပေးဖို့ ၊အော်စူပါ၊ စူပါတွေရဲ့ ရိုင်းစိုင်း ဆဲဆိုတာတွေ မလုပ်ဖို့ ၊ ပြုလုပ်ပါက အရေးယူဆောင်ရွက်ဖို့ကို Myanmar I-Tex Garment စက်ရုံ အလုပ်သမားတွေက တောင်းဆိုထားပါတယ်။

Related posts

Cover
Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်
Aug 07, 2026
Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026