NEWS

Myanmar Huasheng Kefu Fashion အထည်ချုပ် ရက်တွက် ဒေးကြေးလျှော့ပေး

CoverLogo
645 Views
 
Myanmar Huasheng Kefu Fashion အထည်ချုပ်စက်ရုံက ကတိပေးထားတဲ့ ရက်တွက် ဒေးကြေးကို ကျပ် ၁၀၀၀ လျှော့ပြီး ကျပ် ၁၀,၀၀၀ ပဲ ပေးခဲ့တယ်လို့ သိရပါတယ်။ အလုပ်ခေါ်စဉ်က ရက်တွက် ဒေးကြေး ကျပ် ၁၁,၀၀၀ ပေးမယ်လို ကတိပေး ပြောဆိုခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့်စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောဆိုပါတယ်။
 
“အလုပ်ခေါ်တုန်းက ဒေးကြေး+ထောက်ပံ့ကြေး ၁၁,၀၀၀ကျပ်ပေးမယ် ပြောထားတာ၊ တကယ် ပေးရော ၁၀၀၀၀ နဲ့ပဲ တွက်ပေးတယ်။ လုပ်ခလစာ အပြည့်မရလို့ ဘယ်သူကိုမှ ပြောလို့လည်း မရဘူး။ ပေးတာယူ၊ ခိုင်းတဲ့အတိုင်းလုပ် ပုံစံပဲ ဖြစ်နေတယ်။ အခု ဒီလလည်း အဲလို ပြောနေပြန်ပြီ။ အလုပ်သမားတွေ အလုပ်မထွက်အောင် လတိုင်း ပြောနေတာ။ လစာထုတ်တော့ မှန်မှန်ကန်ကန် ပေးဖို့ လိုတယ်။ ” လို့ ပြောပါတယ်။
 
စက်ရုံအတွက် အလုပ်သမားရှားပါးလို့ အသက်မပြည့်တဲ့ ကလေးတွေနဲ့ နေ့စားအလုပ်သမား ၂၀ လောက်ကို ခေါ်ယူခိုင်းစေနေတာလို့ အလုပ်သမားတွေက ပြောပါတယ်။ အသက်မပြည့်တဲ့ အသက် ၁၄/ ၁၅နှစ်အရွယ် လူငယ်၊ လူရွယ်အလုပ်သမားတွေကို ဆေးထောက်ခံ ချက်မပါပဲ ခိုင်းစေနေသလို နေ့စားလုပ်သားတွေကို လုပ်သက် ၃ လပြည့်ပေမဲ့ အထည်ပြုခန့်ထားတာ မရှိဘူးလို့ သိရပါတယ်။
 
ဥပဒေမှာ ပြဌာန်းထားတဲ့ ခွင့်ရက်တွေကို အလုပ်သမားတွေ ခံစားခွင့်မရဘဲ ရက်ပျက်သတ်မှတ်ခံရပြီး လုပ်ခလစာ ဖြတ်တောက်ခံရတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ ခွင့်ရက်က အလုပ်သမားတိုင်းမရဘူး၊ စူပါနဲ့ ပတ်သက်သူတွေတော့ ရတယ်။ အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး ၁၀,၀၀၀ ၊ ရက်မှန်ကြေး ၄၀,၀၀၀ကျပ်ပေးထားတာကို ၆၀,၀၀၀ လောက်ဖြတ်တယ်။ အလုပ် လုံးဝမ ပျက်ရဲဘူး.” လို့ ပြောပါတယ်။
 
လုပ်ငန်းခွင် ထိခိုက်မှုတွေအတွက် အသုံးပြုဖို့ ဆေးဝါးမရှိဘဲ ကျန်းမာရေး မကောင်းလို့ ဂိတ်ပတ်စ်တောင်းပါက မပေးဘူလို့ အလုပ်သမားတွေါက ပြောပါတယ်။ ဒါ့အပြင် အလုပ်ချိန် လုပ်ငန်း အတူတူ လုပ်ကိုင်ရပေမဲ့ အလုပ်သမားတွေကြား လုပ်ခလစာ ကွာဟမှုတွေလည်း ရှိနေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“တစ်ယောက်နဲ့ တစ်ယောက် တစ်သိန်းခွဲလောက်ကွာတယ်။ အထည်စံချိန်တွေဆို မတရားတောင်းတာ။ ရေမသောက်၊ အိမ်သာမသွားဘဲချုပ်ပေးလို့ အထည်ပြည့်လည်း ထပ်တိုးတောင်းတယ်။ အထည်စံချိန်မရင်တော့ စူပါတွေ ဆဲတော့တာပဲ။ အချိန်ပို ခေါ်မယ်ဆိုလဲ ကြိုမပြောဘူး။ အချိန်ပိုကို မဆင်းမနေရ ဆင်းခိုင်းတယ်။ အချိန်ပိုလည်း ၁၂ခွဲကနေ ည၈နာရီ/ ၉နာရီအထိ နားချိန် မပေးဘဲ လုပ်ပေးရတယ်။” လို့ ပြောပါတယ်။
 
စက်ရုံလုပ်ငန်းခွင်အတွင်း အရေးပေါ် ထွက်ပေါက်မထားသလို တံခါးအားလုံး ပိတ်ထားလို့ လေဝင် လေထွက် မရှိဘဲ လုပ်ကိုင်ရတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံဘက်က လုပ်ငန်းခွင်ချိုး ဖောက်မှုတာတွေကို အလုပ်သမားရုံးကိုတိုင်ကြားပေမဲ့ အပြောင်းအလဲတွေ မရှိခဲ့ဘူးလို့ အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
Myanmar Huasheng Kefu Fashion Co.,Ltd စက်ရုံမှာ အလုပ်သမား ၆၀၀ကျော် လုပ်ကိုင်နေပြီး တရုတ်နိုင်ငံသားပိုင်ဆိုင်တဲ့ စက်ရုံဖြစ်ပါတယ်။ လက်ရှိ စက်ရုံက လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှူဇုန်၊ မြခတ္တာလမ်းမှာဖွင့်လှစ်ထားပြီး Sinsay၊ TERRNNANOVA တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026
Cover
Jinli Garment တိုင်ကြားလို့ ဆိုပြီး အလုပ်သမားများအား ခြိမ်းခြောက်
Mar 27, 2026
Cover
ဝါးတရာစက်မှုဇုန် ရှိ ပလတ်စတစ်စက်ရုံ မှ အလုပ်သမား ၁၈ ဦးခန့် ဓာတုအဆိပ်သင့်မှုဖြစ်ပွား
Mar 26, 2026
Cover
စုယုအိ အထည်ချုပ် စက်ရုံ ပြန်ချိန် သတ်မှတ်ချက်မရှိဘဲ အချိန်ပို ဆင်းခိုင်း
Mar 26, 2026