NEWS

Myanmar Handsome အထည်ချုပ်စက်ရုံ မန်နေဂျာ လုပ်ခလစာများ ခေါင်းပုံဖြတ်နေ

CoverLogo
177 Views
 
Myanmar Handsome အထည်ချုပ်စက်ရုံ၌ HR Manager (မန်နေဂျာ) က အလုပ်သမားတွေရဲ့ လုပ်ခလစာကို ခေါင်းပုံဖြတ် နေတယ်လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးစက်မှုဇုန်၊ ဆရာစံလမ်း မှာ ရှိပြီး လုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
“အလုပ်သမားအသစ် ယောက်ျားလေးတွေဆို ပထမလစာကနေ ၃၀၀၀၀ ၊ မိန်းကလေးတွေဆို ၂၀၀၀၀ အကြောင်းပြချက်မရှိဘဲ ဖြတ်တယ်။ ဒီ အလုပ်သမားသစ်တွေက နေ့စားကနေ လစားအဖြစ် ခန့်ပြီး ပထမလမှာ ဖြတ်ယူလိုက်တာ။ အဲလို ဖြတ်ယူတာကို စက်လိုင်းတွေနောက် ဒါမှမဟုတ် ရုံးခန်းထဲကို ခေါ်ပြီး ဖြတ်ယူလိုက်တာ.” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
အခုလို လစာ ခေါင်းပုံဖြတ်တာက အလုပ်သမားတွေအတွက် နစ်နာမှု ဖြစ်တာကြောင့် မပေးလိုကြဘူးလို့ ပြောပါတယ်။
“ ပေးရမည်ဆိုလည်း ဘာအတွက်ကြောင့် ဖြတ်တယ်ဆိုတာ သိချင်တာပေါ့” လို့ ပြောပါတယ်။
၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ အခန်း ၇ ၊ ၁၂(ဂ) မှာ အနည်းဆုံး အခကြေးငွေထဲက နုတ်ယူခွင့်ရှိတဲ့ အခကြေးငွေမှ အပ အခြား အခကြေးငွေကို နုတ်ယူခွင့် မရှိစေရလို့ သတ်မှတ်ထားပါတယ်။
Myanmar Handsome စက်ရုံက povv ,Only နဲ့ Sank ကုန်အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ထိခိုက်မှုတွေ ဖြစ်ပေါ်ပါက တာဝန်ယူပေးဖို့ လိုအပ်နေ
Jul 31, 2025
Cover
OWIC ကတ်ပေါ် တွင် လုံခြုံရေးစတစ်ကာ ကပ်ပေးမည်ဟုဆို
Jul 31, 2025
Cover
အချိန်ပိုOT ဖိအားပေးဆင်းခိုင်းတာနဲ့ ဆေးခွင့်မရလို့အလုပ်သမားတွေနစ်နာနေဟုဆို
Jul 30, 2025
Cover
Myanmar Fala Fala တောင်းဆိုမှု မအောင်မြင်၊ အလုပ်သမားများ အလုပ်ထွက်
Jul 30, 2025
Cover
အလုပ်သမား အခွင့်အရေးဆောင်ရွက်သူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီ ဖမ်းဆီးပြီးနောက် ၇ ဦးထပ်မံ ဖမ်းဆီးကာ ရုံးကိုသော့ခတ်သွား
Jul 29, 2025
Cover
ဝင်ငွေခွန်ဖြတ်တောက်မှု ပွင့်လင်းမြင်သာစွာ ရှင်းလင်းပေးဖို့ အလုပ်သမားတွေပြော
Jul 28, 2025
Cover
အလုပ်သမားအရေးကူညီဆောင်ရွက်ပေးသူ ဒေါ်မျိုးမျိုးအေးကို စစ်ကောင်စီဖမ်းဆီး၊ ၃ ရက်ကြာအထိ အဆက်အသွယ်မရသေး
Jul 28, 2025
Cover
GTIG Easter Garment အထည်ချုပ် HR ဝန်ထမ်းများ ငွေချေးပြီး အလုပ်သမားများအား ဖိအားပေး ခြိမ်းခြောက်
Jul 28, 2025