NEWS

Myanmar Handsome အထည်ချုပ်စက်ရုံ မန်နေဂျာ လုပ်ခလစာများ ခေါင်းပုံဖြတ်နေ

CoverLogo
648 Views
 
Myanmar Handsome အထည်ချုပ်စက်ရုံ၌ HR Manager (မန်နေဂျာ) က အလုပ်သမားတွေရဲ့ လုပ်ခလစာကို ခေါင်းပုံဖြတ် နေတယ်လို့ စက်ရုံ အလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံက ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ရွာသာကြီးစက်မှုဇုန်၊ ဆရာစံလမ်း မှာ ရှိပြီး လုပ်သား ၁၀၀၀ ကျော် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
“အလုပ်သမားအသစ် ယောက်ျားလေးတွေဆို ပထမလစာကနေ ၃၀၀၀၀ ၊ မိန်းကလေးတွေဆို ၂၀၀၀၀ အကြောင်းပြချက်မရှိဘဲ ဖြတ်တယ်။ ဒီ အလုပ်သမားသစ်တွေက နေ့စားကနေ လစားအဖြစ် ခန့်ပြီး ပထမလမှာ ဖြတ်ယူလိုက်တာ။ အဲလို ဖြတ်ယူတာကို စက်လိုင်းတွေနောက် ဒါမှမဟုတ် ရုံးခန်းထဲကို ခေါ်ပြီး ဖြတ်ယူလိုက်တာ.” လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။
အခုလို လစာ ခေါင်းပုံဖြတ်တာက အလုပ်သမားတွေအတွက် နစ်နာမှု ဖြစ်တာကြောင့် မပေးလိုကြဘူးလို့ ပြောပါတယ်။
“ ပေးရမည်ဆိုလည်း ဘာအတွက်ကြောင့် ဖြတ်တယ်ဆိုတာ သိချင်တာပေါ့” လို့ ပြောပါတယ်။
၂၀၁၃ ခုနှစ် အနည်းဆုံးအခကြေးငွေဥပဒေ အခန်း ၇ ၊ ၁၂(ဂ) မှာ အနည်းဆုံး အခကြေးငွေထဲက နုတ်ယူခွင့်ရှိတဲ့ အခကြေးငွေမှ အပ အခြား အခကြေးငွေကို နုတ်ယူခွင့် မရှိစေရလို့ သတ်မှတ်ထားပါတယ်။
Myanmar Handsome စက်ရုံက povv ,Only နဲ့ Sank ကုန်အမှတ်တံဆိပ်အထည်တွေ ချုပ်လုပ်နေတယ်လို့ သိရပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026