NEWS

Myanmar Handsome မန်နေဂျာ လုပ်အားခ ခေါင်းပုံဖြတ်

CoverLogo
35 Views
 
ဇူလိုင် ၁၄၊ ၂၀၂၆
Myanmar Handsome အထည်ချုပ်စက်ရုံ မန်နေဂျာက မွေးနေ့အတွက်ဆိုကာ အလုပ်သမားတွေရဲ့ အထည် ဆုကြေးတွေကို ခေါင်းပုံဖြတ် ရယူတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။ အထည်ဆုကြေးတွေကို စက်ရုံဘက်က ပေးချေခဲ့ပေမဲ့ မန်နေဂျာက မဖြစ်မနေပေးဆိုပြီး ကောက်ခံခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
" မန်နေဂျာက မွေးနေ့အတွက်ဆိုပြီ အထည်ဆုကြေး ပိုက်ဆံတွေကို မပေးဘဲ ခေါင်းပုံဖြတ်တယ်။ လီတာဆို ၂၀၀၀၀၊ စူပါဆို ၂၀၀၀၀၊ အောစူပါဆို ၅၀၀၀၀ အထိ သတ်မှတ်ပြီး ကောက်တယ်။ ပေးကို ပေးရမယ်ဆိုတဲ့ ပုံစံမျိုး နဲ့ ဒီလ ၉ ရက်က ကောက်တယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
စက်ရုံ မန်နေဂျာက တရားမဝင် လုပ်အားခတွေ ဖြတ်တောက်ရယူတာတွေ အကြိမ်ကြိမ်ကျူးလွန်ခဲ့ပေမဲ့ စက်ရုံဘက်က အရေးယူဆောင်ရွက်တာမရှိသလို လာရောက်စစ်ဆေးမှုတွေကို လိမ်လည် ဖြေကြားဖို့ မန်နေဂျာက သင်ကြားထားတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
အခကြေးငွေပေးချေရေး ဥပဒေ ပုဒ်မ ၁၀ မှာ ပျက်ကွက်ရက်၊ အခွန်၊ လူမှုဖူလုံရေး တွေက လွဲပြီး အထည်ဆုကြေးကို မည်သည့်အကြောင်းပြချက်ဖြင့်မျှ ဖြတ်တောက်ခွင့် မရှိပါ။ ဒါက လုပ်ပိုင်ခွင့် ကျော်လွန်မှု မှု ဖြစ်ပြီး မန်နေဂျာအနေနဲ့ စက်ရုံပိုင်ရှင် မဟုတ်လို့ အလုပ်သမားတွေရဲ့ ငွေကြေးကို စီမံခန့်ခွဲခွင့် မရှိပါဘူး ဥပဒေကျွမ်းကျင်သူတဦးက ပြောပါတယ်။
 
“အလုပ်သမား ရသင့်ရထိုက်သော အထည်ဆုကြေးကို ဖြတ်တောက်ပြီး အိတ်ထဲထည့်တာမျိုးဆို ရာဇသတ်ကြီး ဥပဒေအရ ခိုးယူမှု (သို့မဟုတ်) မတရား အလွဲသုံးစားလုပ်မှု မြောက်ပါတယ်” လို့ ပြောပါတယ်။
 
အထည်ဆုကြေး ဖြတ်တောက်နေတဲ့ မန်နေဂျာက Yangon Oscar Fashion စက်ရုံရဲ့ မန်နေဂျာ ဖြစ်ပြီး အဲ့ဒီ စက်ရုံမှာပါ အခုလို ဖြတ်တောက်ခံရတယ်လို့ YOF အလုပ်သမားတွေက ပြောကြားထားပါတယ်။
 
" ဒီတိုင်း အထည်ဆုကြေးတွေ ဆက်ဖြတ်နေမယ်ဆိုရင် ညီမတို့ ပင်ပင်းပန်းပန်း ရှာထားတာတွေ ဒီမန်နေဂျာ အတွက် အကုန်ခံနေရသလို ဖြစ်နေပြီ ။ သူအတွက်က နည်းနည်းပဲ ညီမတို့အတွက်က ချွေးနဲ့ရင်း ရတယ်။ မပေးချင်လည်း ပေးနေရတယ် ၊” လို့ အလုပ်သမားတွေက ပြောထားပါတယ်။
 
Myanmar Handsome စက်ရုံက တောင်ဒဂုံမြိုနယ်၊ ရွာသာကြီးစက်မူ‌ဇုန် ၊ ဆရာစံလမ်းမှာ တည်ထောင် ထားပြီး လူဦးရေ ၁၀၀၀ ကျော် လုပ်ကိုင်နေပါတယ်။ လက်ရှိ LCW တံဆိပ်အထည်တွေ ချုပ်လုပ်နေတဲ့ တရုတ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပါတယ်။

Related posts

Cover
Yuan Hong Garment မှာ အပတ်တိုင်း အချိန်ပို ခိုင်းခွင့် အလုပ်သမားရုံး ဦးစီးမှူး ကိုယ်တိုင် ခွင့်ပြုပေးထား
Aug 07, 2026
Cover
New Zhoung Hui အထည်ချုပ် စနေ့နေ့ အလုပ်ဆင်းခိုင်းပြီး အချိန်ပိုကြေးမပေး
Aug 07, 2026
Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026