NEWS

Myanmar Haisheng Fashion Clothes ( မြန်မာဟိုင်းရှိန်း) အထည်ချုပ်စက်ရုံအချိန်ပိုအလွန်အကျွံလုပ်ကိုင်နေရ

CoverLogo
890 Views

ရန်ကုန်တိုင်းဒေကြီး၊ ရွှေပြည်သာမြို့နယ်၊ စက်မှုဇုန်(၃)၊ ဦးထွန်းညိုလမ်း၊ အမှတ် (-)မှာ  ဖွင့်လှစ်ထားတဲ့ မြန်မာဟိုင်းရှိန်း (Myanmar Haisheng Garment) အထည်ချုပ်စက်ရုံမှာ  အလုပ်သမားများအပေါ် အလုပ် သမားအခွင့်အရေးချိုးဖောက်မှုတွေရှိနေသလို အချိန်ပိုတွေ အလွန်အကျွံဆင်းနေရလို့ ထိခိုက်မှုတွေ ဖြစ်ပေါ်နေတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။

စက်ရုံမှာ အချိန်ပိုဆင်းရတာဟာ ည ၇ နာရီကနေ ည ၁၂ နာရီ၊ ညလုံးပေါက်ဆင်းရတာမျိုးတွေရှိနေတယ်လို့ ပြောပါတယ်။ လုပ်ငန်းခွင်ကို သက်ဆိုင်ရာ စစ်ဆေးရေးဌာနတွေက လာရောက်စစ်ဆေးတဲ့အခါမှာတော့ အချိန်ပိုအလွန်အကျွံဆင်းခိုင်းတာတွေကို ဖုံးကွယ်ထားတယ်လို့ ပြောပါတယ်။

"စက်ရုံကိုလာစစ်တော့ စူပါကအလုပ်သမားတွေကိုလိမ်ဖြေခိုင်းတယ်။  အချိန်ပိုညနေ ၆ နာရီထိပဲ ဆင်းရတယ်။ ခွင့်တွေလည်းရတယ်ဆိုပြီးဖြေခိုင်းတယ်။  အချိန်ပိုက ည ၇ နာရီကျော်ကနေ  ည ၁၀ နာရီ၊ ၁၂ နာရီ၊ မိုးလင်းထိကိုဆင်းရတာ။  ၆ လပိုင်း၊ ၇ လပိုင်းနဲ့ ဒီနေ့ အထိ ဆင်းနေရတာ။ လာစစ်တဲ့သူတွေကလည်း သမာသမတ်မကျဘူး။ စက်ရုံဘက်ကလည်း  ကလိမ်ကကျစ်ဖြစ် ဖြေဆိုခိုင်းတော့ လက်ရှိလုပ်ငန်းခွင်အတွင်း ချိုးဖောက်မှုတွေနဲ့  လုပ်ငန်းခွင်ဘေးအန္တရာယ်မကင်းရှင်းတာတွေရှိနေတုန်းပဲ။ သက်ဆိုင်ရာ လူကြီးတွေကလည်း  အချိန်ပိုကိုဆင်းကိုဆင်းရတယ်ပြောတယ်။  အလုပ်ရှင်ကလည်း  သတင်းတင်လည်းဘာမှ မဖြစ်ဖူး သက်ဆိုင်ရာရုံးကို ပိုက်ဆံပေးရတယ်ဆိုပြီး ပြောတယ်" လို့ အလုပ်သမားကပြောပါတယ်။

စက်ရုံဟာ ပိတ်သိမ်းပြီးမှ ပြန်လည်ဖွင့်လှစ်ခဲ့တာ ၂ နှစ်ကျော်ပြီးဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လ၊ ၃၁ ရက်နေ့တွင် စက်ရုံလုပ်ငန်းခွင်ချိုးဖောက်ခံရမှုများကို Labour News သတင်းဌာနမှာဖော်ပြခဲ့ပြီး ၂၀၂၄ ခုနှစ်၊ သြဂုတ်လ၊ (၁) ရက်နေ့မှာ အလုပ်သမားတွေရဲ့နှစ်ကြေးကို အလုပ်ရှင်ကတွက်ချက်ပေးခဲ့တယ်လို့ သိရပါတယ်။  

အဲ့ဒီနောက် သြဂုတ်လ၊ (၂) ရက်နေ့မှာ‌တော့ လုပ်ငန်းခွင်ထဲကို သက်ဆိုင်ရာပေါင်းစပ်အဖွဲ့ဆိုသူများ လာရောက် စစ်ဆေးကြရာ  စက်လိုင်းထဲမှ အော်စူပါမှ အလုပ်သမားများကို သင်ကြားပေးပြီး ဖိအားပေးခဲ့တာကြောင့် လုပ်ငန်းခွင်ချိုးဖောက်မှုတွေ ပေါ်ပေါက်ခဲ့ခြင်းမရှိဘူးလို့လည်း ပြောပါတယ်။

လက်ရှိမှာ‌တော့  လုပ်ငန်းခွင်ဘေးအန္တရယ်မကင်းရှင်းမှုများနှင့် လုပ်ငန်းခွင်ချိုးဖောက်မှုများ ပြုပြင်ပြောင်းလဲ ခြင်းမရှိပဲ  လုပ်ငန်းခွင်အတွင်း ပိုမို ဆိုးဝါးနေသလို အချိန်ပိုတွေကိုလည်း  ည ၇ နာရီကျော်ကနေ  ည ၁၀ နာရီထိ၊ ည ၁၂ နာရီကေန မနက် မိုးလင်းထိအောလင်းဆင်းရတာတွေကို  ၆ လပိုင်း၊ ၇ လပိုင်းနဲ့ ယနေ့အချိန်ထိ ဆက်တိုက်ဆင်းပေးနေရတာဖြစ်တယ်လို့ သိရပါတယ်။

မြန်မာဟိုင်းရှိန်း (Myanmar Haisheng Fashion Clothes)ထည်ချုပ်စက်ရုံဟာ တရုတ် နိုင်ငံသာပိုင်ဆိုင်တဲ့စက်ရုံဖြစ်ပြီး သမဂ္ဂအဖွဲ့အစည်းမရှိဘဲ  အလုပ်ရှင်မှ ဖွဲ့ပေးထားသည့် (WCC) သာဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

လုပ်ငန်းခွင်မှာ အလုပ်သမား (၃၀၀) ကျော်နဲ့  ကလေးမိုးကာအင်္ကျီး၊ လူကြီးမိုးကာအင်္ကျီ၊ အမျိုးသမီး အမျိုးသား ဆိုက်စုံချုပ်လုပ်ကာ  TOPVALU, TIGORA, TERRANOVA, MACRON  brand  စတဲ့ ကုန်အမှတ်တံဆိပ်တွေ ချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026