NEWS

Myanmar Guotai Huasheng Glory Fashion အထည်ချုပ်လုပ်သားတွေ ခွင့်ခံစားခွင့်မရ

CoverLogo
1.2K Views

လှိုင်သာယာမြို့နယ် စက်မှုဇုန် ၂ ဦးထွန်းညိုလမ်း ခြံအမှတ်  - မှာဖွင့်လှစ်ထားတဲ့ Myanmar Guotai Huasheng Glory Fashion Garment မှာ ခွင့်ခံစားခွင့်တွေမရဘဲ ချိုးဖောက်ခံနေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

အလုပ်သမား ၆၀၀ ကျော်နဲ့ လည်ပတ်နေတဲ့အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံသားပိုင်ဖြစ်ပြီး INEXTENSO အမှတ်တံဆိပ် အင်္ကျီတွေချုပ်လုပ်တာလို့ သိရပါတယ်။လုပ်ငန်းခွင်အတွင်းမှာ အလုပ်သမားရေးရာ ညှိနှိုင်းဖြေရှင်းမှုများပြုလုပ်ရန်အတွက် အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘူးလို့ သိရပါတယ်။

ချိုးဖောက်မှုအနေနဲ့ အလုပ်မားတွေ ကို ခွင့်ခံစားခွင့်တွေ မပေးဘဲ ကျန်းမာရေးထိခိုက်မှုကြောင့် ဒေးကြေး ရက်မှန်ကြေး ထောက်ပံ့ကြေးတွေ ဖြတ်တောက်ခံရတာကြောင့် ခွင့်တိုင်ကြားပေမဲ့ အလုပ်တစ်ရက်ပျက်ပါက ၄၂၈၀၀ ဖြတ်တောက်ခံရလို့ နစ်နာမှုရှိနေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပေးချေနေတဲ့ လုပ်ခနှုန်းထားအနေနဲ့ ဒေးကြေး ၅၈၀၀ ကျပ် ရက်မှန်ကြေး ထောက်ပံ့ကြေး စတာတွေဖြစ်ပေမဲ့ နေမကောင်းလို့ အလုပ်တစ်ရက်ပျက်ပါက ပေးထားတဲ့ ခံစားခွင့်တွေ အကုန်နီးပါး ဖြတ်တောက်ခံရလို့ စားဝတ်နေရေးအတွက် ပိုမိုခက်ခဲသွားရတယ်လို့ အလုပ်သမားကပြောပါတယ်။

" နေမကောင်းလို့ စူပါ အောစူပါတွေကို ဖုန်းဆက်ပြီးခွင့်တိုင်လဲ ရှောင်တခင်ခွင့်မရဘူး တရက်ပျက်ရင် ၄ သောင်းကျော်လောက်ဖြတ်ခံရတယ် ကျွမ်းကျင်ကြေးတွေလည်း အချိုးအစားအလိုက် အဖြတ်ခံရသေးတယ် အလုပ်ပျက်ရင်လည်း အပြောအဆိုအငြိုအငြင်ခံရသေးတယ် ထောက်ပံ့ကြေး ၂၀၀၀ ကျပ်ပေးတာက အလုပ်ဆင်းတဲ့ရက်တွေပဲ ပေးတာ ပြီးတော့ ဂရိတ်ကြေးတွေဆိုလည်း နီးစပ်ရာအလုပ်သမားပဲရတာ "လို့ အလုပ်သမားကပြောပါတယ်။

ထပ်မံပြီး လုပ်ငန်းခွင်ထဲမှာ အထည်စံချိန်ကို အလွန်အကျွံတောင်းခံနေတယ်လို့ အလုပ်သမားကပြောပါတယ်။

"စက်လိုင်းတစ်လိုင်းကို HP ဟက်ပါ ၊ စူပါ အပါ လူဦးရေ ၁၄ ဦးက နေ ၂၀ ထိထားပြီး လူ ၃၅ ယောက်စာချုပ်ရတဲ့ စံချိန်ကိုတောင်းနေတာပါ တစ်နာရီကို လိုင်းပေါက် အထည် ၆၀ ချုပ်ပေးရပါတယ် လူများတဲ့လိုင်းဆို အထည် ၁၀၀ ထိ ချုပ်ရတာပါ"လို့ အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်ထဲမှာ လူဦးရေ အလုံအလောက်မရှိဘဲ စံချိန်အပြည့်ချုပ်ပေးဖို့တောင်းဆိုတာ ပွိုင့်တွေများတာကြောင့် အထည်မနိုင်ပါက ဆဲဆို အော်ဟစ်ပြောဆိုကာ အရှက်ရအောင် ဖိအားပေးတာတွေ ပြုလုပ်တာ ရက်ပျက်ပါက စက်လိုင်းထိပ်ခေါ်ပြီး အရှက်ရအောင် ပြောဆိုမှုတွေ ကြောင့် ဂုဏ်သိက္ခာကင်းမဲ့စွာ လုပ်ကိုင်နေရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ မေလထဲမှာ စက်ရုံမန်နေဂျာနဲ့ WCC အလုပ်သမားကိုယ်စားလှယ် ၃ ဦးတို့မှ အလုပ်သမားတွေကို ည ၈ နာရီ ၃၀ ထိ စနေနေ့ ည ၆ နာရီ ၃၀ ထိ ဆင်းရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ လက်မှတ်မထိုးပေးတဲ့အလုပ်သမားတွေကို အဆိုပါ မန်နေဂျာနဲ့ ကိုယ်စားလှယ် ၃ ဦးမှ ဖိအားပေးကာ အလုပ်ဆင်းခိုင်းခဲ့တယ်လို့ ပြောပါတယ်။

"အိုတီဆင်းဖို့ လက်မှတ်မထိုးပေးလဲ အထည်အရေးကြီးလို့ ဆိုပြီး ၅ လပိုင်းကနေ ၆ လပိုင်းအကုန်ထိကို ည ၈ နာရီ ၃၀ ထိ ဆင်းပေးရတယ် တနင်္ဂနွေ အပတ်တိုင်းလဲ အချိန်ပို အိုတီ မနားဘဲဆင်းရတယ် နားရက်မရှိ ပိတ်ရက်မရှိ အလုပ်ဆင်းရလို့ ကိုယ်ဝန်ဆောင် အလုပ်သမားတွေ နေမကောင်းလို့ အလုပ်ပျက်ရင် လူလယ်ခေါင်မှာ အပြောအဆိုခံရတယ် အလုပ်တစ်ခါထဲထွက်ရမယ်ဆိုပြီးပြောတယ်"လို့ အလုပ်သမားကပြောပါတယ်။

အရေးပေါ်အကြောင်းကိစ္စရှိပါကအပြင်ထွက်ဖို့  ဂိတ်ပက် gate pass မပေးဘူးလို့ ပြောပါတယ်။

အထက်ပါကဲ့သို့ အထည်စံချိန်အလွန်အကျွံတောင်းခံမှုကြောင့် စံချိန်အပြည့်မပေးနိုင်တဲ့အလုပ်သမားကို အောစူပါ စူပါတွေက ရုံးခန်းထဲခေါ်ပြီး WCC နဲ့ ဝမ်တိမ်ထိုးခိုင်းတာ တွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

လုပ်ငန်းခွင်ဆိုင်ရာ ချိုးဖောက်မှုတွေ ပြုလုပ်နေတဲ့ အပေါ် အလုပ်သမားတွေက အောက်ပါအချက်တွေကို ဖြေရှင်းပေးစေလိုတယ်လို့ ဆိုပါတယ်။ တောင်းဆိုချက်တွေအနေနဲ့ 

၁။ အလုပ်ရှင်ဘက်မှအလုပ်သမားများကို ရှောင်တခင်ခွင့်၊ ဆေးခွင့်များခံစားခွင့်ပြုရန်။
၂။   အော်စူပါ၊ စူပါများက အလုပ်သမားများကို ဆဲဆိုခြင်း၊ ရိုင်းစိုင်းစွာပြောဆိုခြင်း၊ အငြိုးအတေးထားခြင်း၊ ခွဲခြားဆက်ဆံခြင်းမပြုလုပ်ရန်။
၃။   wccအလုပ်သမားကိုယ်စားလှယ်များမှာ အလုပ်ရှင်စေခိုင်းတိုင်း မလုပ်ဆောင်ရန်။
၄။ အလုပ်ရှင်ဘက်မှအထည်စံချိန်များကို စက်လိုင်းအတွင်းလူဦးရေအပြည့်အဝမမထားပဲ မတရာတောင်း ခံနေခြင်းမပြုလုပ်ရန်။
၅။ အလုပ်ရှင်ဘက်မှကိုယ်ဝန်ဆောင်သယ်များကို မတရားစေခိုင်းခြင်း မပြုလုပ်ရန်စတဲ့အချက်‌တွေ ဖြေရှင်းပေးစေလိုတယ်လို့ ပြောပါတယ်။


Related posts

Cover
Safety Clothing Myanmar စလစ်မပေးဘဲ လစာ အလွတ်ရှင်း
Aug 10, 2026
Cover
TRY BEST (Myanmar) GARMENT အလုပ်သမား လစာငွေများ ခေါင်းပုံဖြတ်
Aug 10, 2026
Cover
Peak Outdoor Yangon လုပ်ငန်းခွင်တွင် ဆဲဆိုနေပြီး ညနက်အထိ အလုပ်ဆင်းခိုင်း
Aug 10, 2026
Cover
ရန်ကုန် အ​ခြေစိုက် အလုပ်သမားအခွင့်ရေးဆောင်ရွက်ပေးနေသည့် STUM အဖွဲ့ရန်ပုံငွေ အခက်ခဲကြောင့် ဝန်ဆောင်ပေးမှုများ ရက်အကန့်အသတ်မရှိရပ်နား
Aug 10, 2026
Cover
Prettex Myanmar စက်ရုံ စူပါအမျိုးသား စက်ချုပ်လုပ်သားများအား ရိုင်းဆိုင်းစွာ ဆဲဆို
Aug 10, 2026
Cover
YEJIN F&G Garment စက်ရုံ မိုက်နှင့် အော် အထည်တောင်း
Aug 10, 2026
Cover
Sky Fashion Myanmar အချိန်ပို တနင်္ဂနွေနှင့် စနေမိုးအလင်း အချိန်ပို မဆင်းလို ဆဲဆို
Aug 10, 2026