NEWS

Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းမပေး

CoverLogo
1.1K Views

ရန်ကုန်တိုင်း လှိုင်သာယာစက်မှုဇုန် ၂ ဦးထွန်းညိုလမ်းမှာ ဖွင့်လှစ်ထားတဲ့ Myanmar Guotai Huasheng Glory Fashion အထည်ချုပ်စက်ရုံမှာ လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာရပ်တွေကို ဖြေရှင်းပေးတာမရှိဘဲ အလုပ်သမားအခွင့်အရေးချိုးဖောက်တာတွေ ကျူးလွန်နေတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားတွေကို မိမိသဘောဖြင့် နှုတ်ထွက်ကြောင်း ခြိမ်းခြောက် စာရေးခိုင်းပြီး ငြင်းဆန်ပါက ပေးရန်ကျန်သည့် လစာများမပေးဟုဆိုကာ ခြိမ်းခြောက်ခြင်း လုပ်ငန်းခွင်အတွင်းမှာ ကျွမ်းကျင်အဆင့်လိုက်  A B C D ဂရိတ်ခွဲခြားသတ်မှတ်ပေမဲ့ C D သမားတွေကို A B ပွိုင့်များ မရမကချုပ်ခိုင်းခြင်း စံချိန်တောင်းခံရာမှာ ကြီးကြပ်သူစူပါ ဝန်ထမ်းမှ လိုင်းရှိ အလုပ်သမားများကို တစ်ဆင့်ချင်း အော်ဟစ်ကာ စံချိန်တောင်းစေခြင်း လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးရန် သွားရောက်ပြောဆိုသော်လည်း ဖြေရှင်းပေးမှုမရှိခြင်း စတာတွေဖြစ်ပွားလျှက်ရှိတယ်လို့ အလုပ်သမားတွေကပြောဆိုပါတယ်။

အလုပ်သမား ၇၀၀ ကျော်လုပ်ကိုင်နေတာဖြစ်ပြီး တရုတ်နိုင်ငံသားပိုင်ဖြစ်တဲ့ အဆိုပါ လုပ်ငန်းမှာ    PRIMARK၊ esmara၊ Inextenso စတဲ့အမှတ်တံဆိပ်တွေချုပ်လုပ်နေတာဖြစ်တယ်လို့ သိရပါတယ်။

"အရင်က ၃၃ ယောက်ချုပ်ရတဲ့ လိုင်းကို အခု ၂၆ ယောက်နဲ့ အရင်က စံချိန်အရည်အတွက်အတိုင်း ပေးရတာပါ လုပ်အားတွေကို ရသလောက်ညှစ်ထုတ်တာပေါ့ A B C D ဆိုပြီး ကျွမ်းကျင်အဆင့်လိုက် ကျွမ်းကျင်ကြေးနှုန်းထားနဲ့ ဂရိတ်တွေခွဲထားပေမဲ့ ကျွမ်းကျင်ကြေးနည်းပါးတဲ့သူတွေကို ပွိုင့်ကြီးတွေ မရမက ချုပ်ခိုင်းတာ "လို့ ကျေနပ်မှုမရှိတဲ့အလုပ်သမားကပြောပါတယ်။

လုပ်ငန်းခွင်အတွင်းမှာ လုပ်ငန်းခွင်ဆိုင်ရာ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါက  ဖြေရှင်းဖို့ အလုပ်သမားသမဂ္ဂဖွဲ့စည်းထားတာမရှိဘဲ လက်ရှိ ဖွဲ့စည်းထားတဲ့ လုပ်ငန်းခွင် ညှိနှိုင်းရေးကော်မီတီ WCC ကို သွားရောက် အသိပေးရာမှာလည်း ဖြေရှင်းပေးခြင်းမရှိဘူးလို့ သိရပါတယ်။

အလုပ်သမားတစ်ဦးချင်းစီချုပ်လုပ်တဲ့ စံချိန်တောင်းခံရာမှာလည်း စံချိန်မပြည့်တဲ့အလုပ်သမားကို အမည်တပ်ကာ အော်ဟစ်ဆဲဆိုတာ အထူးသဖြင့် လိုင်း ၁၂ စူပါ နှင့် လိုင်း ၅ စူပါ တို့မှ ဆဲဆိုအော်ဟစ်ကာတောင်းဆိုနေပြီး လိုင်း ၅ မှာတော့ အလုပ်သမားတစ်ယောက်ချင်းကို တစ်ဆင့်စီ စံချိန်ကို အော်တောင်းခိုင်းပြီး ဖိအားပေးကာ ရန်တိုက်ပေးတဲ့ လုပ်ရပ်တွေလည်း လုပ်ဆောင်နေတယ်လို့ အလုပ်သမားကပြောဆိုပါတယ်။

"အလုပ်သမားအချင်းချင်းလည်း ရန်တိုက်ပေးတဲ့ပုံစံမျိုး တစ်ယောက်ချင်းစီ အော်တောင်းခိုင်းတယ် စံချိန်တောင်းတာက စူပါ ရဲ့အလုပ်လေ အလုပ်သမားတွေကို အခုလို မလုပ်သင့်ဘူး"လို့ အလုပ်သမားတစ်ဦးကပြောဆိုပါတယ်။

အကြောင်းအမျိုးမျိုးရှိပါကလည်း အလုပ်ချိန်တွင်း ဖုန်းကိုင်ခွင့်မပြုဘဲ နေမကောင်းဖြစ်ပါကလည်း ပြန်ခွင့်မပေးတာ အလုပ်ထွက်တဲ့အလုပ်သမားတွေကို ပင်ပန်းလို့ အလုပ်ထွက်ကြောင်း မပြောရန် ပိတ်ပင်တာ ဖယ်ရီကား အချိန်မမှန်တာ  နားနေချိန် မုန့်စားပါက cctv ဖြင့်စောင့်ကြည့်ကာ ဝန်တိမ်ထိုးခိုင်းတာတွေပြုလုပ်ပြီး လုပ်ငန်းခွင်အတွင်း ဖုန်းနဲ့ ပိုက်ဆံတွေပျောက်ဆုံးပါက cctv မှတ်တမ်း ရှာဖွေရန် ငြင်းဆန်ပြီး တာဝန်ယူမှု မရှိဘူးလို့ အလုပ်သမားတွေကပြောဆိုပါတယ်။

ယင်းကဲ့သို့ လုပ်ငန်းခွင်အတွင်း တာဝန်ယူမှုတာဝန်ခံမှုမရှိဘဲ ဖြေရှင်းပေးခြင်းမရှိတာ အလုပ်သမားတွေရဲ့ တောင်းဆိုလာမှုများကို လက်မခံဘဲ ဆောင်ရွက်ပေးခြင်းမရှိတာတွေ ဖြစ်ပွားလျက်ရှိပြီး အဆိုပါ အလုပ်သမားရေးရာ ကိစ္စရပ်တွေကို ဖြေရှင်းပေးဖို့ လိုလားနေတယ်လို့ အလုပ်သမားတွေက တောင်းဆိုတယ်လို့ ဆိုပါတယ်။


Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026