NEWS

Myanmar ‌Gigi မှာ ဖိအားပေး အချိန်ပို ခိုင်းစေ

CoverLogo
20 Views
 
သာဓုကန်စက်မှုဇုန် Myanmar gigi မှာအလုပ် လုပ်ပါတယ်။
ကျွန်တော်တို့ အချိန်ပို OTတွေ ညဉ့်နက်အထိ ဆင်းရတဲ့အပြင်တနင်္ဂနွေပါ မနားတမ်းဆင်းနေရလို့ပါ ။
အဲ့တာ အကူညီတောင်းချင် လို့ပါဗျ။
 
ည ၈ နာရီခွဲအထိဆင်းနေရတာ အဆင်မပြေလို့ပါဗျ ။
ခေတ်မကောင်းတော့ အိမ်ပြန်ချိန်နောက်ကျတာက အဆင်မပြေပါဘူး။
 
မိန်းကလေး အများစုကလည်း ကူညီတောင်းခိုင်းလို့ ပါဗျ။
 
တစ်ချို့မိန်ကလေး အလုပ်သမတွေဆို ညဘက် အိမ်ကလာကြိုတာ လမ်းမှာပဲ ကြိုတဲ့လူ ပြောက်သွားတာလည်း ကြုံနေရပါတယ်ဗျ။
 
OTဆင်းရတာက ၁၁လပိုင်း တစ်လလုံးလုံး ဆင်းနေရတဲ့အပြင် ၁၂လပိုင်းလည်း ဆင်းရမယ်လို့ ပြောနေပါတယ်ဗျ။
 
တနင်္ဂနွေပိတ်ရက်က ၂ပတ်ဆင်းရတယ်။
တနင်္ဂနွေဆင်းရတာလည်း အခြားစက်ရုံတွေလို နှစ်ဆမပေးဘဲ OTနာရီနဲ့ပဲပေးပါတယ်ဗျ။ ပုံမှန်OT ကြေးတစ်နာရီ၂ထောင်နဲ့ပေးပါတယ်ဗျ ။
 
မနက် ၇ခွဲက‌နေ ညနေ ၄နာရီအထိကို ၁၆၀၀၀ ပဲပေးပါတယ်။
တနင်္ဂနွေမဆင်းရင် နောက်နေ့ ပုံမှန်ဆင်းရတဲ့ အိုတီ၂နာရီကိုပါ မဆင်းခိုင်းပဲ ၄နာရီနဲ့ပဲ ပြန်ခိုင်းပါတယ်ဗျ။
အခုပြောချင်တာကတော့ OTကိုညဉ့်နက်ထိဆင်းရတာအဆင်မပြေလို့ပါဗျ။
 
စနေနေ့မှာ ည ၇ခွဲ၊ ၈ခွဲ ဆင်းရတယ်။ အမြဲပုံမှန် ဆင်းနေရတယ်။
အဓိကက ည ၈ခွဲ အိမ်ပြန်ချိန်နောက်ကျလို့ အချိန်ပိုမဆင်းနိုင်လို့အကူညီတောင်းတာပါ ။
 

Related posts

Cover
Myanmar Zande အထည်ချုပ် အလုပ်သမားရုံး တိုင်ကြားလို့ ဆိုပြီး အလုပ်ထုတ်
Dec 14, 2025
Cover
Hakers အထည်ချုပ်စက်ရုံ WCC အဖွဲ့ဝင်အား စိတ်ကြိုက်ခန့်
Dec 14, 2025
Cover
MeiJie (Myanmar) စက်ရုံ လုပ်ငန်းခွင်အတွင်း လာဘ်ပေး၊ယူ ပြုလုပ်ပြီး အလုပ်သမာများ ဖိနှိပ်ခံရ
Dec 14, 2025
Cover
Sunlong Sprot စက်ရုံမှာ ဖူလုံရေးခွင့်ယူလို့ဆိုပြီး အောစူပါက ဖိအားပေး ပြောဆို
Dec 14, 2025
Cover
JIMMY အထည်ချုပ်စက်ရုံက လုပ်သား ၂၅၀ ကျော်အား အလုပ်ထုတ်
Dec 14, 2025
Cover
Casico Garment Co.,Ltd အထည်ချုပ် နိုဝင်ဘာလစာ မပေး
Dec 14, 2025
Cover
Chi Mei အထည်ချုပ် ခေါင်းဆောင်တချို့ ဆုကြေးပေးမယ် ပြောဆိုပြီး လိမ်လည် ခိုင်းစေ
Dec 14, 2025
Cover
Max Technology စက်ရုံဖယ်ရီ အလုပ်သမား မကြိုဘဲ ပစ်ထား
Dec 14, 2025