NEWS

Myanmar Fortress Wealth အထည်ချုပ် ခွင့် ခံစားခွင့်မပေးဘဲ ရက်တွက် ဒေးကြေးဖြတ်နေ

CoverLogo
528 Views
 
Myanmar Fortress Wealth Garment Co.,Ltd အထည်ချုပ် စက်ရုံက အလုပ်သမားဥပဒေပါ ခွင့်ရက် ခံစားခွင့်တွေမပေးဘဲ ရက်တွက် ဒေးကြေးအပါအဝင် ရပိုင်ခွင့်တွေ ဖြတ်တောက် ခံရတယ်လို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲ့ချုပ် (IWFM) ကို အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက ဒေးကြေး ၁၂,၀၀၀နဲ့ ရက်မှန်ကြေး ၃၀,၀၀၀ သတ်မှတ်ပေးထားပြီး ရှောင်တခင်၊ ဆေးခွင့်တွေ မရဘူးလို့ အလုပ်သမားတွေက ပြောထားတာပါ။
 
“လူမှုဖူလုံရေးကြေးသာ လတိုင်း ထည့်နေရတာ၊ လူမှုဖူလုံရေးဆေးခွင့် ခံစားခွင့်မပေဘူး။ အလုပ်တစ်ရက်ပျက်တာနဲ့ ဒေးကြေး၊ ရက်မှန်ကြေးး အထည်ကြေး အထည်ကြေး အကုန်အဖြတ်ခံရတယ်။
 
လူမှုဖူလုံရေး ဆေးခွင့်နဲ့ရက်ပျက်ရက် ပိုဆိုးတယ်။ ပိုက်ဆံဖြတ်တဲ့အပြင် ရက်ပျက်တဲ့လ တစ်လစာလုံးကို ဒေးကြေး၆၈၀၀ ကျပ်တွက်ပြိး အချိန်ပိုအိုတီကြေး ၁၂၀၀နဲ့ပဲ ရှင်းပေးတော့တယ်။ နေမကောင်းရင်တောင် အလုပ်မပျက်ရဲဘူး။” လို့ အလုပ်သမားတွေက ပြောပါတယ်။
လုပ်ငန်းခွင်အတွင်း စာရေးမ၊ အောစူ ပါတွေက အလုပ်သမားတွေကို စောင့်ကြည့်ပြီး အလုပ် မလုပ်ဘူးဆိုကာ လစာမှာ ရက်တွက် ဒေးကြေး၆၈၀၀ ကျပ်အချိန်ပိုအိုတီ ၁၂၀၀ကျပ်နဲ့ ရှင်းပေးတော့တယ်လို့လည်း ပြောပါတယ်။
 
အလုပ်သမား ၆၀ ချုပ်တဲ့ စက်လိုင်းတ လိုင်းကို အထည်စံချိန် တနာရီ အထည် ၉၀ ကျော်တောင်းတယ်လို့လည်း အလုပ်သမားတွေက ပြောပါတယ်။ အထည်ကြေး စက်ရုံမို့ အလုပ်သမားတွေမှာ ဆန္ဒရှိသလို ချုပ်မရဘဲ သတ်မှတ် စံချိန်မပြည့်ဘူးပါက အောစူပါ၊ စူပါတွေက အော်ဟစ် ဆဲဆိုတယ်လို့ ပြောပါတယ်။
 
“ ချုပ်ရတဲ့ အထည်က လက်ဝင်တဲ့ ဆွဲသား ဝယ် လွန်ထည်တွေ၊ တောင်းတဲ့ အထည်ရဖို့ အလုပ်သမားတွေက အိမ်သာတောင် မသွားရဘူး၊ တချို့ဆို ရေတောင် မသောက်ရဘူး။ ဒီလိုဖြစ်အောင် အောစူပါ၊ စူပါတွေက ဖိအားပေး ခိုင်းနေတာ.” လို့ အလုပ်သမားတဦးက ပြောဆိုပါတယ်။
 
Myanmar Fortress Wealth Garment Co.,Ltd အထည်ချုပ် စက်ရုံက ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ ဖွင့်ထားပြီး တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။ အလုပ်သမား ၁၅၀၀ကျော်လုပ်ကိုင်နေပြီး SPORT-TEK တံဆိပ် အထည်တွေ ချုပ်လုပ်နေပါတယ်။

Related posts

Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026
Cover
အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေဖြေရှင်းပေးဖို့ လူ့အခွင့်အရေးကော်မရှင်ထံတိုင်ကြား
Jun 20, 2026
Cover
Galaxy (Myanmar) အထည်ချုပ်စက်ရုံ အလုပ်ထုတ် နိုးတစ်စာ အတင်းအကျပ် လက်မှတ်ထိုးခိုင်း
Jun 07, 2026
Cover
S.M Myanmar အထည်ချုပ် ခေါင်းဆောင်များ အရှက်ရသည်အထိ ဆဲဆို ခိုင်းစေ
Jun 07, 2026
Cover
Yuan Hong Garment စက်ရုံ အချိန်ပို တရားဝင်ခွင့်ပြုချက်အရ ဆိုပြီး ပိတ်ရက်မရှိ ဆင်းခိုင်းနေ
Jun 07, 2026