NEWS

Myanmar Fortress Wealth အထည်ချုပ် ကြီးကြပ်သူများ ဆဲဆို အထည်စံချိန်တောင်း

CoverLogo
645 Views
 
Myanmar Fortress Wealth Garment စက်ရုံက ကြီးကြပ်သူတွေ ဖြစ်တဲ့ အောစူပါနဲ့ စူပါတွေက ဆဲဆို အထည်စံချိန်တောင်းနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။ စက်ရုံက နေ့စဉ် လုပ်ခ ဒေးကြေးနဲ့ အထည်ကြေး စက်ရုံဖြစ်ပေမဲ့ အလုပ်သမားတွေ မချုပ်နိုင်တဲ့ အထည်စံချိန်တွေ တောင်းနေတာလို့ မြန်မာနိုင်ငံကုန်ထုတ်နှင့် စက်မှုလက်မှု အလုပ်သမားများအဖွဲချုပ် (IWFM)ကို အလုပ်သမားတွေ က ပြောပါတယ်။
“ စက်လိုင်းမှာ ချုပ်သမား ၆၀ ကျော်ရှိတယ်။ ဒါကို တစ်နာရီ လိုင်းပေါက်အထည် ၉၀ ကျော် တောင်းနေတာ ။ တစ်ကတ်ကြေးပေးတယ်ဆိုပေမဲ့ အထည်စံချိန်ကို အလုပ်ရှင်က မတရားတောင်းတာ။ အဲဒီ စံချိန် မပြည့်ဘူးဆိုတာနဲ့ အော်စူပါနဲ့ စူပါတွေက ဆဲတာပဲ။ မပြည့်လို့ ဆဲတာတင်မဟုတ်ဘူး၊ လုပ်ငန်းခွင်ထဲ ဝင်တာနဲ့ စံချိန်တွေရဖို ဖိအားပေးပြီး ဆဲတာ။” လို အလုပ်သမားတဦးက ပြောပါတယ်။
လက်ရှိ ချုပ်နေတဲ့ အထည်တွေက ဆွဲသား ဝယ်လွန်အထည်တွေဖြစ်တာကြောင့် ချုပ်လုပ်ရာမှာ လက်ဝင်ပြီး အထည်စံချိန်ပြည့်ဖို ခက်ခဲတယ်လို အလုပ်သမားတွေက ပြောပါတယ်။ ဒီလို အခက်အခဲရှိပေမဲ့ အထည်အရေအတွက်ပြည့်ဖို့ အလုပ်သမားတွေက သန့်စင်ခန်းမသွား၊ ရေမသောက်ဘဲ ချုပ်နေရတယ်လို ပြောပါတယ်။
အလုပ်သမားတွေကို စက်ရုံဘက်က ခွင့်ခံစားခွင့် မပေးတဲ့အပြင် အလုပ်တစ်ရက်ပျက်တိုင်း ဒေးကြေးထောက်ပံ့ကြေး ကျပ် ၈၈၀၀ ၊ ရက်မှန် ကြေး ၃၀၀၀၀ ၊ အထည်ကြေး ကျပ် ၁၀၀၀၀ ပါ ဖြတ်တောက်တယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
“အလုပ် မပျက်ရဲသလောက် ဖြစ်နေတယ်။ ခွင့်ဆိုဘာမှ မရတာ ၊ ဆေးခွင့်လည်း မရဘူး။ ဒါတောင် လူမှုဖူ လုံရေးကြေးကို လတိုင်းထည့်နေတာ။ အဲ့လို ထည့်ထားပြီး ခံစားခွင်မရှိတာ တအား နစ်နာရတယ်။ စက်ရုံထဲမှာ ကျွမ်းကျင်သူတွေ အများကြီး၊ ဒါလည်း ကျွမ်းကျင်ကြေး ပေးတာ မရှိဘူး။” လို အလုပ်သမားတစ်ဦးက ပြောပါတယ်။
စက်ရုံမှာ ဆေးခန်း ရှိပေမဲ့ ဆေးတောင်းတိုင်း သူနာပြုက ဆေးမရှိဘူးလို အမြဲပြောဆိုပေမဲ့ ငွေကြေးနဲ့ ဆေးဝယ်တိုင်း ဆေးရနေတယ်လို အလုပ်သမားတွေက ပြောပါတယ်။
Myanmar Fortress Wealth Garment က ရန်ကုန်မြို ၊ လှိုင်သာယာမြိုန့ယ်၊ မြစိမ်းရောင်စက်မှုဇုန်မှာ ရှိပြီး အလုပ်သမား ၁၅၀၀ ကျော် လုပ်ကိုင်နေတဲ့ တရုတ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

Related posts

Cover
Jin chang Myanmar အထည်ချုပ် စံချိန်မရလို့ တနင်္ဂနွေပိတ်ရက်ပါ အလုပ်ဆင်းခိုင်း
Aug 05, 2026
Cover
Spring Moon Garment Co,Ltd အထည်ချုပ်လုပ်သားတွေ လုပ်ခတိုးမြှင့်ပေးရန်တောင်းဆိုနေ
Aug 05, 2026
Cover
SHWE MYINN စက်ရုံ အချိန်ပို မဆင်းနိုင်ပါက အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Aug 05, 2026
Cover
Victory Myanmar အထည်ချုပ် အချိန်ပို မနက် ၃ နာရီအထိ တစ်ပတ် လေးရက် ခေါ်ခိုင်း
Aug 05, 2026
Cover
Sioen Myanmar တွင် ရုံး ကြိုပို့ယာဉ် ထွက်ခွာပြီးမှ အလုပ်သမားသမား ကြိုပို့ယာဉ်များပေါ် တက်ခွင့် ရ
Jul 08, 2026
Cover
Myanmar Handsome စက်ရုံ အချိန်ပို အတင်းကျပ် ဆင်းခိုင်း
Jun 25, 2026
Cover
Baisheng Myanmar Industry (ပိုင်စိမ့်) စက်ရုံ ခွင့်ခံစားခွင့်မပေးဘဲ လုပ်ခလုပ်စာ ဖြတ်
Jun 24, 2026
Cover
စုပေါင်းတောင်းဆိုနေသည့် အလုပ်သမားများအား Max Technology  စက်ရုံ အတွင်း ဝင်ခွင့်မပေး
Jun 24, 2026