NEWS

Myanmar Fala Fala အလုပ်သမားများ တောင်းဆိုမှု မပြီးပြတ်

CoverLogo
483 Views
 
လုပ်ခတိုးမြှင့်ပေးဖို့ တောင်းဆိုမှု ၁၀ ရက် အထိ ရှိလာပြီ ဖြစ်ပေမဲ့ ညှိနှိုင်းမှုတွေ မပြီးပြတ်သေးဘူးလို့ Myanmar Fala Fala အထည်ချုပ်အလုပ်သမားတွေက ပြောပါတယ်။ ဇူလိုင် ၁၇ ရက်ကတည်းက လုပ်ခ ရက်တွက် ဒေးကြေး နဲ့ အချိန်ပိုကြေး တွေ တိုးမြှင့်ပေးဖို့ တောင်းဆိုနေတာဖြစ်ပါတယ်။
 
“တောင်းထားတဲ့ အထဲက တနင်္ဂနွေနေ့ကို လုပ်ခ ကျပ်တသောင်းပေဖို့ကို လိုက်လျောတယ်။ နောက်ရက်မှန်ကြေး ရှေ့ဘော နောက်ဘော သတ်မှတ်ပေးဖို့လည်း အဆင်ပြေတယ်။ ညနေ ၄ ခွဲ ဂိတ်ပတ်စ် ယူပြန်တာ ရက်မှန်ကြေး မဖြုတ်ဖို့လည်း အဆင်ပြေတယ်။ ဒေးကြေး ၁၂၀၀၀ နဲ့ အိုတီ ၂၇၀၀ ပေးဖို့တော့ စက်ရုံဘက်က လုံးဝ မလိုက် လျှောဘူး ဖြစ်နေတယ်” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
လက်ရှိ ဒေးကြေး ကျပ် ၁၀၀၀၀နဲ့ အိုတီကြေး တစ်နာ ကျပ် ၂၁၀၀ ပဲ ရရှိလို့ တိုးမြှင့်ပေးဖို့တောင်းဆိုနေတာလို့ ပြောပါတယ်။ တောင်းဆိုချက်တွေ မလိုက်လျှောနိုင်ပါက ဥပဒေတိုင်း လျှော်ကြေးပေး အလုပ်ထုတ်ဖို့ အလုပ်သမားတွေက ညှိနှိုင်းပေမဲ့ စက်ရုံဘက် လက်မခံဘူးလို့လည်း ပြောပါတယ်။
 
“ဒေးကြေး၊ အိုတီတွေကလည်း စက်ရုံက လုံးဝ အညှိမခံဘူး ဖြစ်နေတယ်။ တောင်းဆိုမှု ရက်ကြာလာတာနဲ့ ညှိနှိုင်းမှုတွေ အဆင်မပြေတော့၊ ဆက်ပြီး အလုပ်လုပ်ဖို့က ခက်နေတယ်။ အဲ့ကြောင့် အလုပ်ထုတ်ဖို့ ပြောရတာပါ။ စက်ရုံကလည်း အလုပ်ရက် ၁၆ ရက်အတွက် ယူပြီးထွက်ချင်ထွက်၊ မထွက်ရင် အလုပ်ဝင် ဆိုပြီးပြောနေတာ။” လို့ ပြောပါတယ်။
 
တောင်းဆိုမှု ပြုလုပ်နေတဲ့ ၉ ရက်ကြာ ကာလအတွင်း စက်ရုံဘက်က မော်တော်ယာဉ်တွေနဲ့ ပိတ်ဆို့တာ၊ သံဇကာတွေနဲ့ ကာရံတွေ ဆောင်ရွက်ခဲ့လို့ အလုပ်သမားတွေမှာ သောက်ရေနဲ့ သန့်စင်ခန်း အသုံးပြုဖို့ အခက်အခဲတွေနဲ့ ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အလုပ်ရှင်နဲ့ အလုပ်သမားကြား ညှိနှိုင်းမှုတွေကို တိုင်းအလုပ်သမားရုံးမှာ အကြိမ်ကြိမ် ပြုလုပ်ခဲ့ပေမဲ့ အဆင်ပြေမှု မရခဲ့တာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“လာမဲ့ တနင်္လာနေ့မှာ တိုင်းရုံးမှာ ထပ်ညှိမယ်လို့တော့ ပြောနေတယ်။ ပြီးပြတ်ဖို့တော့ မျှော်လင့်ထားတယ်။ ဘာတွေ ဖြစ်လာမယ်ဆိုတာ မသိနိုင်တော့ဘူး” လို့ တောင်းဆိုမှု ပါဝင်နေတဲ့ အမျိုးသမီး အလုပ်သမားတဦးက ပြောဆိုပါတယ်။
 
Myanmar Fala Fala Clothing အထည်ချုပ်စက်ရုံက သာဓုကန်စက်မှုဇုန်၊ မြလမ်းမှာ ရှိပြီး လုပ်သား ၂၀၀၀ ဝန်းကျင် လုပ်ကိုင်နေပါတယ်။ လက်ရှိ ကနေဒါနိုင်ငံအခြေစိုက် ကုန်အမှတ်တံဆိပ် အထည်တွေကို ချုပ်လုပ်နေတယ်လို့ Myanmar Labour News က သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026