NEWS

Myanmar Fala Fala တောင်းဆိုမှု မအောင်မြင်၊ အလုပ်သမားများ အလုပ်ထွက်

CoverLogo
580 Views
 
အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို ၁၀ ရက် ညှိနှိုင်းပြီးနောက် စက်ရုံဘက်က လိုက်လျှောမှု မရှိလို့ တောင်းဆိုမှုတွေ မအောင်ခဲ့ဘူးလို့ အလုပ်သမားတွေက ပြောပါတယ်။ လုပ်ခတိုးမြှင့်ရေး တောင်းဆိုမှုတွေကို ပြီးခဲ့တဲ့ ဇူလိုင်လ ၁၇ ရက်ကတည်းက စတင်ခဲ့ပြီး ညှိနှိုင်းမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပေမဲ့ မအောင်မြင်ခဲ့လို့ တောင်းဆိုမှုပါဝင်ခဲ့တဲ့ အလုပ်သမားတွေ အလုပ်ငန်းခွင်က နုတ်ထွက်ခဲ့ကြတယ်လို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အဓိက မရတာက ရက်တွက် ဒေးကြေးနဲ့ အိုတီကြေး။ တိုင်းရုံးမှာ ညှိတာလည်း အဆင်မပြေဘူး။ နောက်ဆုံး လျှော်ကြေးနဲ့ အလုပ်ထွက်မယ်ဆိုတော့ လည်း မရခဲ့ဘူး။ နောက်ဆုံး လုပ်သက်အလိုက် အနည်းဆုံး ငါးသောင်းကနေ၊ တသိန်း အများဆုံး ပေးတယ်။ နောက် ၁၆ ရက်စာ လုပ်ခ ယူပြီးတွက်ကြတယ်။” လို့ တောင်းဆိုမှုမှာပါဝင်သူ အလုပ်သမားတဦးက ပြောပါတယ်။
 
တောင်းဆိုမှုတွေမှာ နောက်ဆုံး အချိန်အထိ ပါဝင် သူ ၁၃၀ ကျော် ရှိပြီး အဲ့ဒီထဲက ၃၀ ကျော်က ဆန္ဒအရ အလုပ်က ထွက်ခဲ့ကြတာလို့ သိရပါတယ်။ ၁၀၀ ဝန်းကျင်ကတော့ စက်ရုံဘက်က သတ်မှတ်တဲ့ ငွေကြေးကို လက်ခံပြီး အလုပ်က ထွက်ခဲ့ကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။
 
“ အလုပ်ထွက်တာက စက်ရုံထဲမှာ ဆန္ဒပြတဲ့ အလုပ်သမားတွေကို ခွဲခြား ဆက်ဆံတယ်။ ဆန္ဒပြနေတာ ရက်ရှည် တော့ စက်လိုင်းအလိုက် လုပ်ငန်းခွင် ပြန်ဝင်တာရှိတယ်။ အဲဒီလိုင်းကို အထည်ချမပေးဘူး။ ပယ်ထည်ပဲ ပြင်ခိုင်း တယ်။ စူပါကိုလည်း ဂရိတ်အဆင့် ချလိုက်တာ။ ဒါကြောင့် လုပ်ငန်းခွင် ပြန်ဝင်ဖို့က မဖြစ်နိုင်တော့ဘူး။ ရဖို့ ရှိတဲ့ လုပ်ခတွေနဲ့ စက်ရုံပေးတာကို လာယူဖို့ ပြောတဲ့ အချိန်က နေ့လယ်၂ နာရီ၊ တကယ်ရတော့ ၄ နာရီခွဲ ။ အဲဒါပဲ ကြည့်ပါ ခွဲခြားတာတောင်မဟုတ်ဘူး၊ နိမ်ချ ဆက်ဆံတာ.” လို့ အလုပ်သမားတဦးက ပြောပါတယ်။
 
တောင်းဆိုမှုတွေထဲက တနင်္ဂနွေနေ့အတွက် လုပ်ခလစာ အပြည့်ပေးဖို့၊ ညနေ ၄ နာရီခွဲ ဂိတ်ပတ်စ်နဲ့ အိမ်အပြန်ကို ရက်မှန်ကြေး မဖြုတ်ဖို့၊ ရှေ့နောက် ၁၅ ရက်စီ သတ်မှတ်ပေးဖို့ကို ညှိနှိုင်းအောင်မြင်ခဲ့ပေမဲ့ ဒီသဘောတူညီချက်တွေကို စက်ရုံဘက်က လိုက်နာမယ် ဆိုတာ မပြောနိုင်တော့ဘူးလို့ တောင်းဆိုမှုမှာ ပါဝင်တဲ့ အလုပ်သမားတွေက ပြောပါတယ်။
 
“ စက်ရုံအလုပ်သမား ထောင်ကျော်ထဲမှာ တောင်းတဲ့အထဲပါတဲ့ အလုပ်သမားက အများဆုံး ၃၀၀ ကျော်ပါတယ်။ တချို့က ထွက်တယ်၊ တချို့က ပါဝင်တယ်။ မအောင်မမြင် ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ သဘောတူညီချက်တွေ လိုက်နာမယ် ဆိုတာတော့ စက်ရုံရဲ့ သဘောထားဖြစ်သွားပြီ.” လို့ အလုပ်သမားတွေက ပြောပါတယ်။
 
Myanmar Fala Fala အလုပ်သမားတချို့က ပြီးခဲ့တဲ့ ဇူလိုင်၁၇ ရက်မှာ ရက်တွက် ဒေးကြေး ကျပ် ၁၂၀၀၀၊ အိုတီကြေး တနာရီ ကျပ် ၂၇၀၀ အပါအဝင် အချက်တချို့ကိုတောင်းဆိုခဲ့ကြတာပါ။ တောင်းဆိုမှုအတွင်း လုပ်သား ၃၅၀ အထိ ပါဝင်ခဲ့ကြပြီး ညှိနှိုင်းမှု ရက်ရှည်လာတာကြောင့် အလုပ်သမားတွေ လုပ်ငန်းခွင် ပြန်လည် ဝင်ရောက်ကြသလို လုပ်ငန်းခွင်က နုတ်ထွက် သွားကြတယ်လို့ ဆိုပါတယ်။
 
စက်ရုံက နှစ်ထပ်စက်ရုံဖြစ်ပြီး လုပ်သား တစ်ထောင် ဝန်းကျင်လုပ်ကိုင်နေသလို လက်ရှိ ကနေဒါနိုင်ငံ အခြေစိုက် La Vie Rose တံဆိပ် အထည်တွေ ချုပ်လုပ်နေတယ်လို့ သိထားပါတယ်။

Related posts

Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026
Cover
STUM ဦးဆောင်သူ ဒေါ်မျိုးအေးရဲ့အယူခံဝင်မှုအား ပလပ်၊ ဒုတိယအကြိမ်အယူခံတင်မည်
Mar 31, 2026
Cover
Asdet Myanmar Garment .စက်ရုံ အထည်စံချိန်တိုးတောင်းပြီး ဖိအားပေး အတင်းအကျပ် ချုပ်ခိုင်း
Mar 31, 2026