NEWS

Myanmar Consumer Co.Ltd မှာ ဥပဒေပါအခွင့်အရေးချိုးဖောက်မှု့များစွာရှိနေတယ်လို့ အလုပ်သမားတွေဆို

CoverLogo
1.5K Views

"စက်ရုံထဲနေရတာထောင်ကျနေသလိုပဲ ဒီစက်ရုံကအလုပ်သမားတွေအပေါ်လူပါးဝနေတာကြာပြီ ဖုန်းပါလာရင်အပိုင်သိမ်းပစ်တာတွေအထိလုပ်တယ် အလုပ်ထွက်ပြီးထိုင်စားလို့မရတဲ့အခြေအနေမို့သည်းခံနေကြရတာ"

ဒါကတော့ရန်ကုန်တိုင်း၊ မဂ်လာဒုံမြို့နယ်၊ မဂ်လာဒုံစက်မှု့ဇုန်၊ ဇီဇဝါဆယ့်တစ်လမ်းထိပ်မှာ၊ လုပ်ကိုင်နေတဲ့ အိန္ဒိယ နိုင်ငံသားပိုင် Myanmar Consumer Co.Ltdကစက်ရုံအလုပ်သမားတဦးပြောပြတဲ့စက်ရုံတွင်းကလုပ်ငန်းခွင်အခြေအနေပါ။

ဒီစက်ရုံမှာစက်ရုံအလုပ်သမားထောင်နဲ့ချီရှိနေပြီးတော့စက်ရုံလုပ်သားတွေဟာအလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေ၊လုပ်ငန်းခွင်အတွင်းဖိနှိပ်မှု့တွေ ကိုဆိုးဆိုးဝါးဝါးခံစားနေကြရတယ်လို့ဆိုပါတယ်။

"အာဏာမသိမ်းခင်ထဲက ဒီစက်ရုံကအဲ့လိုတွေလုပ်နေတာခုဆိုပိုဆိုးတယ် စက်ရုံတွင်းထုတ်တဲ့အမိန့်တွေကလဲတနေ့တခြားပိုဆိုးလာတယ် အလုပ်သမားဥပဒေတွေဘာတွေနဲ့ဘာမှကိုမဆိုင်ဘူးလုပ်ချင်သလိုကိုလုပ်နေတာ"လို့ အဆိုပါစက်ရုံက လုပ်သက် သုံးနှစ်နီးပါး ရှိပြီဖြစ်တဲ့စက်ရုံလုပ်သားတဦးက MLN ကိုပြောပါတယ်။

စက်ရုံဖက်ကအလုပ်ရှင်အလုပ်သမားစာချုပ်ပါအချက်အလက်တွေကိုလစ်လျူရှု့ပြီးဥပဒေမဲ့အလုပ်ထုတ်တာတွေ၊ခေါင်းဆောင်ပိုင်းတွေကပုဂ္ဂိုလ်ရေးမကျေလည်မှု့တွေနဲ့အလုပ်ထုတ်ပစ်တာတွေရှိနေတယ်လို့လဲစက်ရံအလုပ်သမားတွေဖက်ကပြောပါတယ်။

အဲ့ဒီ့ထဲမှာလုပ်သက်လေးနှစ်နီးပါးရှိနေတဲ့အလုပ်သမားတွေကိုစက်ရုံဖက်ကအော်ဒါနည်းတယ်ဆိုတဲ့အကြောင်းပြချက်နဲ့လူလျော့ခဲ့ပြီးပြန်ခေါ်တဲ့အခါမှာတော့ တစ်ရက် ၄၈၀၀ သာရရှိတဲ့နေ့စားအဖြစ်သာပြန်ခေါ်ခဲ့တာတွေလဲရှိခဲ့တယ်လို့သိရပါတယ်။

အဆိုပါလူ လျှော့ပြီးမှနေ့စားအဖြစ်သာပြန်ခေါ်တဲ့အတွက်အလုပ်သမား ၅၀၀ ကျော်ကလုပ်သက်၊ လစာအစရှိတာတွေအကုန်နီးပါးနစ်နာခဲ့ရတယ်လို့စက်ရုံအလုပ်သမားတွေကပြောပါတယ်။

"လူ လျှော့တယ်ဆိုပြီးမလှိမ့်တပတ်နဲ့တခါ လျှော့ရင်လူနှစ်ရာလောက် လျှော့တာပြီးတော့ပြန်ခေါ်တော့နေ့စားနဲ့ပြန်ခေါ်တော့သုံးလေးနှစ်လုပ်သက်ရှိတဲ့သူတွေကတအားနာတာပေါ့ အဲ့ဒါတောင်သူတို့ခေါင်းဆောင်တွေနဲ့ပနံသင့်တဲ့သူပဲပြန်ခေါ်တာ"လို့ လူလျှော့ခံခဲ့ရတဲ့အထဲမှာပါဝင်ခဲ့တဲ့အဆိုပါစက်ရုံမှအလုပ်သမားတဦးကထပ်ပြောပါတယ်။

ဒီလိုလုပ်ငန်းခွင်အခြေအနေချိုးဖောက်တာတွေအပြင်စက်ရုံဖက်ကအလုပ်သမားတွေအပေါ်တာဝန်ယူမှု့တာဝန်ခံမှု့နည်းပါးတာတွေလဲရှိတယ်လို့အလုပ်သမားတွေရဲ့ပြောကြားချက်အရသိရပါတယ်။

စက်ရုံဖက်ကလုပ်ငန်းခွင်အတွင်းဖုန်းသုံးတာမျိုးမဟုတ်ပဲအရေးအကြောင်းဆက်သွယ်ဖို့ယူလာတဲ့အလုပ်သမားတွေရဲ့ဖုန်းတွေကိုအဓမ္မသိမ်းယူပစ်တာတွေလဲရှိနေတယ်လို့လဲသိရပါတယ်။

"မနက်ခြောက်နာရီကထလာရတယ်ဗျာ အလုပ်လုပ်နေတုန်းသုံးတာဆိုထားတော့ခုက ပါလာတာနဲ့သိမ်းတာအပိုင်သိမ်းတာနော်အလုပ်ထွက်မှပြန်ပေးတာ"လို့အဆိုပါအခြေအနေနဲ့ပတ်သက်ပြီးစက်ရုံအလုပ်သမားတဦးကဆိုပါတယ်။

Myanmar Consumer Co.Ltd စက်ရုံဖက်ကအခုလိုလုပ်နေတာတွေကိုထိထိရောက်ရောက်အရေးယူပေးဖို့လိုနေပြီလို့စက်ရုံအလုပ်သမားတွေဖက်ကပြောပါတယ်။

လက်ရှိစက်ရုံမှာမနက်ခြောက်နာရီမှညနေခြောက်နာရီအထိအလုပ်ဆင်းရပြီးနေ့စားသမားဆိုပါက
တနေ့လုပ်ခလစာ  ၄၈၀၀ နဲ့အိုတီကြေးတနာရီကို ၆၀၀ ကျပ်သာရရှိတယ်လို့လဲသိရပါတယ်။

အလုပ်သမားအခွင့်အရေးချိုးဖောက်မှု့တွေကျူးလွန်နေတဲ့ Myanmar Consumer Co.Ltd က Onetea အမှတ်တံဆိပ်နို့ဆီနို့စိမ်း၊ Designer အမှတ်တံဆိပ်ရေသန့်ဗူး၊ Hornတံဆိပ်အချိုရည်အစရှိတာတွေထုတ်လုပ်ပြီးပြည်တွင်းကိုဖြန့်ဖြူးရောင်းချနေတဲ့ကုမ္ပဏီတခုဖြစ်ပါတယ်။

 


Related posts

Cover
အလုပ်ချိန် ၈ နာရီအတွက် အခြေခံလုပ်ခ ကျပ် ၂၀၀၀၀ ပေးရန် တောင်းဆို
May 01, 2026
Cover
မေလ ၁ ရက်ကစပြီး ခွင့်ပြန်အလုပ်သမားများ မြန်မာသံရုံးထောက်ခံစာယူရမည်ဟု စစ်အစိုးရ ထုတ်ပြန်
Apr 29, 2026
Cover
လုပ်ငန်းခွင်ဆိုင်ရာ ညှိနှိုင်းရေးကော်မတီကို ပွင့်လင်းမြင်သာစွာ ပြန်လည်ဖွဲ့စည်းပေးဖို့ INNOVATION FOOD Co.,Ltd အလုပ်သမားတွေလိုလားနေ
Apr 26, 2026
Cover
ရက်မှန်ကြေး၊ ဂရိတ်ကြေး တိုးပေးဖို့ Sunrise Myanmar အထည်ချုပ်အလုပ်သမားတွေ တောင်းဆိုမှုပြုလုပ်  စက်ရုံသို့ ရဲနှင့်စစ်သားများရောက်ရှိလာဟုဆို
Apr 24, 2026
Cover
ခွင့်ရက် တစ်လကျော် ယူလာသည့် လုပ်သားများကို ပြည်ပ ပြန်ထွက်ခွင့်ချမပေးသဖြင့် ခွင့်ပြန်လုပ်သားများအခက်ခဲများဖြစ်နေ
Apr 21, 2026
Cover
ပေါ်တာဆွဲခံရမည် စိုးရိမ်သဖြင့် အမျိုးသား လုပ်သားများ အိမ်နှင့်နီးသည့် လုပ်ငန်းခွင်များ တွင်သာ လုပ်ကိုင်မှု များလာ
Mar 31, 2026
Cover
Jade Blue အထည်ချုပ် အချိန်ပိုမဆင်းလို့ အလုပ်ထုတ်မယ်လို့ ခြိမ်းခြောက်
Mar 31, 2026
Cover
Sunrise Garment စက်ရုံ အထည်စံချိန်မပေးနိုင်ပါက ရပိုင်ခွင့် လျှော့ချမည်ဟု ခြိမ်းခြောက်
Mar 31, 2026